Monday, July 21, 2008

သံလွင်အိပ်မက် အတွဲ ၂ အမှတ် ၂

သံလွင်အိပ်မက် အတွဲ၂ အမှတ် ၂ ထွက်ပါပြီ။ http://www.thanlwin.com မှာသွားပြီး အားပေးနိုင်ပါတယ်။

ပန်ဒိုရာရဲ့ တတိယအနား ဆိုတဲ့ ၀တ္ထုတိုကလေး တပုဒ် ဖော်ပြပါရှိပါတယ်။ ဒီခေါင်းစဉ်နဲ့ ကဗျာတစ်ပုဒ်တော့ ဘလော့ဂ်ထဲမှာ ရေးဖူးခဲ့တယ်။ အခု ၀တ္ထုတိုကတော့ အသစ်ပါ။


တတိယအနား

အဲသည် အပြိုင်မျဉ်းနှစ်ကြောင်းကို သူ ငေးစိုက် ကြည့်နေသည်မှာ အတော်ကြာပြီ။ လွန်ခဲ့သော တစ်နာရီခန့်က ထိုမျဉ်းနှစ်ကြောင်းကြားတွင် တစုံတရာသည် ရုတ်တရက် လွင့်စင်ကြေမွ သွားခဲ့သည်။ ထိုတစ်နာရီ မတိုင်ကတော့ ထိုတစုံတရာသည် သက်ရှိအနေဖြင့် သူလိုငါလို အများအကြားတွင် လှုပ်ရှားသွားလာ နေထိုင်ခဲ့မည်။ အခုတော့..။

“လုပ်ချင်ရင်လည်း သည်လိုနေရာမှာမှ ဒါမျိုး လုပ်ရသတဲ့လား။ အိပ်ဆေးသောက် ပိုးသတ်ဆေးသောက်။ ငြိမ်ငြိမ်သက်သက်နဲ့ နည်းလမ်းတွေမှ အများကြီး။ အခုတော့ လူအများ အထိတ်တလန့်ဖြစ်ရတယ်။”

“အေးလေ.။ ရုံးသွား နောက်ကျပြီ။”

“ဒီက လေဆိပ်သွားမလို့။ ခရီးစဉ် နောက်ကျတော့မှာပဲ။”

“အို… ဖြစ်မှဖြစ်ရလေ..။ သူ့ ခမျာ ဘာတွေများ ဒီလောက်စိတ်ညစ်နေပါလိမ့်။”

“သတ္တ၀ါအများ ကျန်းမာချမ်းသာကြပါစေ။ ဘုရားသခင် စောင့်ရှောက်ပါစေ။”

ဆက်ဖတ်ဖို့ ဒီကို သွားပါ။

7 comments:

ပုံရိပ် / Pon Yate said...

အမြည်းပေး ထားတယ်ပေါ့။ သွားဖတ်လိုက် ဦးမယ်။ ဒါနဲ့ “သူမသည်ကမ္ဘာမြေကိုမျှား၏” ဆိုတဲ့ ၀တ္ထုကို ဖတ်ပြီး မပန်က တကယ့် စာရေးဆရာမပဲ လို့ တွေးမိတယ်။

ကိုပေါ said...

အောင်မလေး….စင်္ကာပူက ဘ၀တွေနဲ့တော့ ကွက်တိပါဘဲ။ ငတိ အကြောင်းရေးထားတာတော့ မဟုတ်တန်ရာဘူး။
အနုပညာမြောက်သလို ကြောက်ဘို့လည်း ကောင်းပါပေတယ်။

တန်ခူး said...

ဖတ်ရင်းနဲ့  မောမောလာတယ်… သေချာတာက ဒီနေ့  အိမ်ပြန်ရင်မျဉ်းပြိုင်နှစ်ကြောင်းကို မကြည့်မိမှာပဲ…
ဒီက လူတွေတတိယအနားကို ပစ်ပစ်နှစ်နှစ် ဝေဖန်တာကြားဖူးတယ်… ထွက်ပေါက်မရှိတဲ့ ဘ၀မှာ မိသားစုကိုလျော်ကြေးအမွေ ပေးခဲ့ချင်လို့ တဲ့… ဟုတ်ပ့ါမလား… အကြိမ်ကြိမ်တွေးကြည့်ခဲ့ဖူးတယ်…. ပန်ပြောသလို နာကျင်မှုကို သာယာတာလား?????

ပုံရိပ် / Pon Yate said...

မပန်… ဖတ်ပြီးသွားပြီ။ နိမိတ်ပုံတွေ ပီပြင်တော့ စကားလုံးနဲ့ ပြောစရာမလိုဘဲ စိတ်ထဲမှာ ထင်ထင်လာတယ်။ လေးစားပါတယ်။

nyeinnyo said...

မကြီးပန်က ကဗျာရော စကားပြေရော အရေးကောင်းတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)

Anonymous said...

နားကျင်မှုတွေကို နားကျင်မှုတစ်ခုနဲ့ အဆုံးသတ်လိုက်တာ ဆိုတဲ့ စာသားလေး မိုက်တယ်ဗျာ

pandora said...

ပုံရိပ်ရေ အမြဲအားပေးတာ ကျေးဇူးပါ။
ကိုပေါ။ ငတိလည်းဒီအထဲပါရင် ပါမှာပေါ့။
မတန်ခူးရေ..။ မောစရာတွေပါ.
ညိမ်းညို ပျော်ရွှင်ပါစေ
ိကိုအောင်.. ကျေးဇူးတင်လျက်..။