Friday, September 5, 2008

တိမ်ကိုငုံ့မိုး

ခေါင်းစဉ်ကိုဖတ်လိုက်လို့ ဆရာနှင်းခါးမိုးရဲ့ “တိမ်ကိုငေးမော” ကဗျာကို နောက်ထားတာလို့တော့ မထင်ပါနဲ့နော်။ လေယာဉ်ပေါ်ကနေ ငုံ့မိုးပြီး ရိုက်ထားတဲ့ ပုံတွေမို့ပါ။ အနားသတ်ကမ်းစပ် မရှိတဲ့ ကောင်းကင်မှာ တိမ်ကလေး တအုပ်နှစ်အုပ် တလှုပ်လှုပ် ဖြတ်ပြေးစဉ်ကပေါ့…


နောက်ထပ်ပုံတွေ အောက်မှာ ရှိပါသေးတယ်။

















12 comments:

Moe Cho Thinn said...

Very nice shots!!!

သက်ဝေ said...

လေယာဉ်ပျံ ပြူတင်းပေါက်ကို ဖွင့်ပြီး အဲဒီ တိမ်ကလေးတွေကို လက်နဲ့  ထိကြည့်လို့ ရရင်၊ နဲနဲလေး ဖဲ့ယူလာလို့ ရရင် သိပ်ကောင်းမှာဘဲနော်..။

တန်ခူး said...

သိသွားပြီ… ပျောက်နေတာ… တိမ်တွေကိုငုံ့ မိုး ကြည့်နေတာကိုး… ပုံလေးတွေလှတယ်ပန်ရေ… တို့ ဆို လေယာဉ်မူးတတ်လွန်းလို့  တိမ်တွေကို ငုံ့ မိုးကြည့်ခွင့်ကို မရဘူး…

Tesla said...

တိမ်လွှာခုနှစ်ဆင့် ပေါ်က ထိပ်ထားဆိုတာ သူများလား.. ဟီး ဟီး.. :P

သစ်နက်ဆူး said...

ပန်ဒိုရာ....
တခါတလေတော့ လာဘူးတယ်....
ပန်းချီဆွဲတာလေးကိုတွေ့ လို့ ဆက်သွယ်မိတာပါ....
မခင်သေးတော့...ဘာမှ မပြောတတ်သေးပါဘူး
ပန်ဒိုရာရဲ့ ဘလော့ဂ်လေးကို ကျနော့်ဆီမှာ လင့်ခ်
ထားချင်ပါတယ်..
ခွင့်ပြုနိုင်မလား...

khin oo may said...

တိမ်တွေကို ကြည့်သွားတယ်။

ကိုရင်နော်ခင်လေးငယ် said...

ဓါတ်ပုံလေးတွေခံစားသွားပါတယ်..
တိမ်တိုက်လေးတွေကို ပုံသဏ္ဌာန်အမျိုးမျိုး ပုံဖော်ကြည့်နေရတာကို အရမ်းကြည်နူးတယ်..
“တိမ်ပေါ်ခုန်တက်ကလိုက်စမ်းချင်” ဆိုတဲ့ သီချင်းလေးထဲကလိုနော် တိမ်ပေါ်မှာ ပြေးလွှားဆော့ကစား ကခုန်လိုက်ချင်တယ်..

ဓါတ်ပုံလေးတွေမျှဝေပေးလို့ကျေးဇူးပါနော်..

Anonymous said...

ခေါင်းစဉ်လေးကိုဖတ်တော့ တစ်မျိုးပဲ။ စိတ်ထဲမှာ နောက်ထပ် တစ်ခုခုရှိနေသလိုပဲ။ တိမ်ကိုငုံ့မိုး...

အား... မပြီးပြတ်သေးသလိုပဲ...

ဓာတ်ပုံတွေသာ မကြည့်ရရင် ခေါင်းစဉ်တစ်ခုနဲ့ တွေးရင်း ရူးသွားလောက်တယ်။

ခုတလော နည်းနည်းဂေါက်ချင်နေတယ် မ ရဲ့...

Anonymous said...

ကောင်းကင်မှာ
ပင်လယ်ဟာ မှောက်နေရှာပေါ့…
ဟိုးးးးး အဝေးကမြစ်က
တောင်တန်းတွေရဲ့ အထက်မှာ။
မြင်နိုင်တဲ့နေရာက မြင်ပြီး
မမြင်နိုင်တဲ့နေရာက မမြင်ဘူး။
အချစ်ဦးကိုလွမ်းတယ်။……။

Chaos said...

ငယ်ငယ်တုန်းက အဲ့လိုတိမ်တွေကို တအားကြောက်တာပဲ
လမ်းလျှောက်နေရင်း မိုးပေါ်မော့ကြည့်လို့ အဲ့လိုတွေ့ရင် တိမ်တွေအဆုပ်လိုက် လိုက်လာတယ်လို့ ခံစားရတယ်။ အခုတော့လဲ သဘာဝအလှကို ခံစားတတ်နေပါပီ။ အစ်မရဲ့ ဓါတ်ပုံထဲက တိမ်လေးတွေမိုက်တယ်။

pandora said...

တိမ်တွေကို အတူတူငုံ့မိုး ကြည့်သွားကြသူတွေ လာ
အတူခုန်ချကြမလား

ကောင်းကင်မှာ ပင်လယ်ဟာ မှောက်နေရှာ ဆိုတဲ့ အသုံးလေးကို သဘောကျမိတယ်။

ကလိုစေးထူး said...

ဘော်ဒါတောင့်တင်းသူများကျတော့ ပုံတွေတင်ရင်လဲ အားပါးတရကို အားပေးကြတာပဲကိုး...၊ ဟော..ပြောရင်းဆိုရင်းနဲ့ ကျနော်လဲ တိမ်တွေကို လိုက်ငေးပြီးလို့ ကွန်မန့်တောင် ရေးမိနေပါပေါ့လား။ :))