နှုတ်တိုက်ကဗျာ
ကွန်ပြူတာကိုမေ့လိုက်ပါ
ကီးဘုတ်ကိုမေ့လိုက်ပါ
ဘောလ်ပင်နဲ့စာရွက်ကိုမေ့လိုက်ပါ
မင်းတီးခတ်ချင်ခဲ့တဲ့ ဂစ်တာတလက်ရဲ့
သံစဉ်ချိုတွေကို ကိုက်မျိုချလိုက်ပါ
သွားလေရာ လာလေရာ
ဘယ်ကြည့် ညာကြည့်
သတိနဲ့နှုတ်တိုက်ရွတ်ပါ
နံရံတွေကိုကြည့်ရင်းနှုတ်တိုက်ရွတ်ပါ
မျက်နှာကျက်ကိုငေးရင်းနှုတ်တိုက်ရွတ်ပါ
ထမင်းကြမ်းကြမ်းတွေစားရင်းနှုတ်တိုက်ရွတ်ပါ
မနက်ဖြန်ဆင်တူတွေကိုစောင့်ရင်း နှုတ်တိုက်ရွတ်ပါ
ခလုတ်တိုက်ရင်လည်းသတိရပါစေ
တရေးနိုးရင်လည်းသတိရပါစေ
ဘာတွေရွတ်နေသလဲ လို့ မိသွားရင်တော့
ဘုရားစာလို့ဖြေချင်ဖြေ...
ဒါပေမယ့်
မေတ္တာသုတ်ဆိုတာမျိုးတော့ ယောင်လို့မှမဖြေမိစေနဲ့
ကြာရင်တော့မင်းနှုတ်ခမ်းတွေ ခြေကုန်လက်ပမ်းကျလာမယ်
မင်းအိပ်မက်တွေ အပ်ကြောင်းထပ်လာမယ်
မင်းအသံတွေ ဇောချွေးပျံလာမယ်
မင်းမှတ်ဥာဏ်တွေ ပက်ကြားအက်လာနိုင်တယ်
မင်းအားထားစရာ မင်းရဲ့နှလုံးသားတခုပဲကျန်မယ်
ဘယ်လိုမှမသိမ်းနိုင်တော့တဲ့အခါ
အဲဒီအကြောင်းအရာ
ငါတို့ဆီအရောက်နှုတ်တိုက်ပို့လိုက်ပါ
နောက်မျိုးတဆက်ကိုနှုတ်တိုက်ကမ်းလိုက်ပါ။ 
ပန်ဒိုရာ
Mushroom chicken creamy pasta
                      -
                    
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300 
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) - 
200 gmBlack...
5 days ago
16 comments:
thanks for sharing the poem ma pan. ur poem makes me remember Nay Phone Latt. i wish him to get out of prison cell soon.
နှုတ်တိုက်ကဗျာကို နှုတ်တိုက် အသံသွက်သွက် ထွက်၍ ရွတ်ဆိုသွားကြောင်းပါ မပန်ရေ...
နှုတ်တိုက်ကဗျာ ကို နှုတ်တိုက်ရွတ်သွားတယ် အဆုံးသတ်ရောက်မှာ စာရေးသူပြောချင်တာကို ယောင်ဝါးဝါးလေးမြင်တယ် ။ တစ်ခေါက်ထပ်ဖတ်အုံးမှ သိပ်လည်းမသိသေးဘူးး ။
ကဗျာလာဖတ်သွားပါတယ်
ဝတ္ထုလေး တင်ထားတယ်နော်...
နှုတ်တိုက်ကဗျာကို ဘလော့ဂ်ဖတ်ရင်းလဲ နှုတ်တိုက်ရွတ်နေတယ်…
ထူးခြားတာက သူလဲရွတ် ငါလဲရွတ် အကုန်ရွတ်နေကြတယ်…
တိုးတိုးလေး…တကယ်တော့ နှုတ်က ရွတ်တာ မဟုတ်ဘူး…နှလုံးသားတွေက ရွတ်နေတာ….
ဘယ်နည်းမှ မရှိတော့ရင် ရှေးတုန်းကလိုပဲ နှုတ်တိုက်ပြီးလက်ဆင့်ကမ်းနိုင်တယ်။ ဟုတ်တာပဲ။ တရားစာတွေလိုပေါ့။
မေ့မသွားအောင်တချိန်လုံးရွတ်နေ။ ဒီနည်းသုံးနိုင်တာပဲ။
မေတ္တာပို့ တာမဟုတ်သ၍ ပြဿနာ မတက်နိုင်ဘူး။ မှန်တယ်။
လူတစ်ယောက်ကနေ တစ်ယောက်ကို စကားပို့ တဲ့ ပျော်ပွဲစားက ကစားနည်းလိုပေါ့။
နောက်ဆုံးလူရောက်ရင် ဆိုရင်းအဓိပ္ပါယ် မပျက်တန်ကောင်းပါရဲ့ ။
အယ်ဇီ
ကောင်းတယ်ဗျ။
နံရံတွေကိုကြည့်ရင်းနှုတ်တိုက်ရွတ်ပါ
မျက်နှာကျက်ကိုငေးရင်းနှုတ်တိုက်ရွတ်ပါ
စာသားလေးတွေကြိုက်တယ်။
မိုးကြယ်
ပန်ပန့် နှလုံးသားထဲက နှုတ်တိုက်ကဗျာက လူတိုင်း ရွတ်နေကြပါလား။ ဒါပေမဲ့ တိုးတိုးလေး..
အရမ်းကောင်းတယ်အမ..
ဖတ်ပြီးစိတ်မကောင်းဘူး
တကယ်ကောင်းတယ်
မတန်ခူးပြောသလို နှလုံးသားနဲ့ရွတ်တာ
နုတ်တိုက်ကဗျာ ကို ဖတ်ရင်း မျိုးဆက်သစ်တွေကို လက်ဆက်ကမ်းရမဲ့ အိပ်မက် အသစ်ကို မြင်ရောင် တယ်။
ဒါပေမယ့်
မေတ္တာသုတ်ဆိုတာမျိုးတော့ ယောင်လို့မှမဖြေမိစေနဲ့
ဘာဖြစ်လို့လဲ ဆရာမရဲ့... ဟဲဟဲ နောက်တာနော်
နှုတ်တိုက်ကဗျာကို နှုတ်တိုက်ရွတ်ရင်း နှုတ်တိုက်ကျက်သွားကြောင်း၊
သူများတွေကို နှုတ်တိုက်ပြန်ရွတ်ပြဖို့။
ကဗျာကတော်တော် လေးနက်ပါတယ် ခင်ဗျာ
ကျွန်တော် ကြိုက်ပါကြောင်း :-)
ညီညီရေ.. Of coz, I meant it.
မသက်ဝေ ရေ ရွတ်နိုင်ပါတယ်။
မောင်မျိုး.. ထပ်ဖတ်ရင် သိချင်သိသွားနိုင်ပါတယ်လေ။
မ. မနော်ဟရီ. အမြဲလာအားပေးလို့ ၀မ်းသာမိပါတယ်
မတန်ခူး မမိုးချိုသင်း မမြတ်နိုး.. ရွတ်သံတွေ ကြားနေလား။
မအယ်ဇီ တွေးသွားတဲ့ ရှုထောင့်က ပိုစိတ်ဝင်စားစရာပဲ။ ဟုတ်တယ်နော် နောက်ဆုံးလူဆီရောက်ရင် ဘာကြားကြမလဲ။
မိုးကြယ်
ရှင်မင်းညို
upasaka
ဖားကြီး........ မှတ်ချက်များအတွက်ကျေးဇူးပါ။
ကိုငြိမ်းချမ်းအောင် .. သိသားနဲ့လေ။
မပန်ရေ - ဒီကဗျာလေး လာဖတ်တာ နောက်တောင်ကျနေပြီ။ မပန်ကဗျာလေးဖတ်ရင်း ရေးဖော်ရေးဖက်ကြီးကို တကယ်ပဲ သတိရတယ်ဗျာ။ ကျွန်တော်တို့ ဘာမဆိုလုပ်နေနိုင်ကြပေမယ့် သူ့မှာတော့ စာရွက်ပိုင်းပေါ်မှာတောင် ကဗျာသီခွင့်မရတော့ဘူးလေ။ ဒီကဗျာတစ်ပုဒ် ကျွန်တော်တို့ဆီရောက်ဖို့ သူ ဘယ်လောက်စွန့်စားကြိုးပမ်းခဲ့သလဲ ကျွန်တော်တို့ တွေးနိုင်ပါတယ်။ စိတ်မကောင်းဖြစ်ရတယ် - ကိုယ်ချင်းစာတယ် - နောက် ခံပြင်းမိတယ်။
နှုတ်တိုက်ရွတ်နေကြမယ် တို့အားလုံး အတူတူ စိတ်ခွန်အားတွေ အပြည့်ထည့် ထားကြရမယ်..စူးစူးစိုက်စိုက်နဲ့..
Post a Comment