မိုးလှိုင်ည ရေးတဲ့ စစ်ပွဲ ဆိုတဲ့ ကဗျာကိုဖတ်ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်လလောက်က စစ်ကားတွေကို ဆက်တိုက်ဆိုသလို ကြည့်ဖြစ်တာကို သတိရတယ်။ ဒုတိယကမ္ဘာစစ်ထဲက အကြောင်းတွေကို ရိုက်ထားတဲ့ ကားတွေလည်း ပါတာပေါ့။ စစ်ပွဲတစ်ပွဲမှာ ရှေ့တန်းကနေ လက်နက်ချင်း လူအင်အားချင်း အပြိုင်အဆိုင် သူသေကိုယ်ကြေ အော်ဟစ်တိုက်ရတာတွေရှိသလို အသံထွက်ဖို့ သိပ်မလိုတဲ့ နေရာတွေမှာ တာဝန်ယူရသူတွေကိုလည်း ခံစားကြည့်လိုက်တာပါ။
လက်ဖြောင့်တပ်သား
သူများတွေအလံကိုင်ချီတက်ရင်
ကြွနေတဲ့ပိုးတွေထိန်းထား
အမြောက်ဆန်မပါဘူး ဗုံးသံမပါဘူး
ဒီစစ်ပွဲက တိုးတိုးတိတ်တိတ်
စိတ်ငြိမ်ရတယ် သွေးအေးရတယ်
တိကျ လက်ယဉ်ရတယ်
အချိန်ရတိုင်း တောက်ပြောင်နေအောင် သွေးထားရမယ်
ပုတ်သင်ညိုလို အရောင်ပြောင်းနိုင်ရမယ်
သစ်တုံးတစ်တုံးလို မရွေ့တမ်းနေနိုင်ရမယ်
မျက်တောင်မခတ်နဲ့အိပ်မငိုက်နဲ့
အကွက်ကောင်းမှာ မလစ်စေနဲ့
လိုအပ်ရင် လူသေကောင်လို ပျော့ဖတ်အယောင်ဆောင်ရတယ်
ခြေနဲ့ကန်ကျောက် တက်နင်းသွားလည်း ခံ
သေချာအောင် အနီးကပ် ထပ်ပစ်သွားရင်တော့ ကံ
စောင့်နေရင်းနဲ့ပဲ လူမသိသူမသိ ဘ၀ကပြီးသွားနိုင်တယ်
ရွေးစရာကတော့ သိပ်မကျန်တတ်ဘူး
ဥပမာ…
ရှေ့မှာ ရန်သူ ငါးယောက်
လက်ထဲမှာက ကျည် ငါးတောင့်။
ပန်ဒိုရာ
Mushroom chicken creamy pasta
                      -
                    
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300 
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) - 
200 gmBlack...
1 day ago
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
.jpg) 
 
 
 
 
 
 
 
 
 
 Posts
Posts
 
 
30 comments:
ရန်သူငါးယောက်ဆိုတာ ရန်သူမျိုးငါးပါးကို ရည်ညွှန်းချင်တာလား။ အခု ရန်သူမျိုး သုံးပါးက တမျိုးတည်း ဖြစ်သွားပြီ။ ကျည် နှစ်တောင့် ပိုမယ်။
စိတ်ငြိမ်ရတယ် သွေးအေးရတယ်
တိကျ လက်ယဉ်ရတယ်။ လက်ဖြောင့်တပ်သားဆိုတော့
ကျည်တစ်တောင့်ကို ပစ်မှတ်တခု
တန်းကနဲနေမှာပါ
Enemy At The Gate ကို ကြည့်ထားပုံ ရတယ်...း)
ဒါမှ မဟုတ် The Sniper I, II, III လား...
ခေါင်းစဉ်မြင်ကတည်းကကြောက်ကြောက်နဲ့လာပါတယ။်
တိုက်ပွဲထွက်ရမယ့် တပ်သားတွေအတွက် ဗိုလ်ကြီးက အမိန့်ပေးသလို ဒီကဗျာမှာလည်း မာန်နဲ့ ဖတ်ရတာ အားပါတယ် ။
သေချာတာကတော့ မြန်မာစစ်တပ်က လက်ဖြောင့် တပ်သား ကတော့ ခွပ်ဒေါင်းအလံကိုင်ထားတဲ့ ကျောင်းသားကို ခေါင်းတည့်တည့် ပစ်လိုက်တာဘဲ
အဲဒီ ခပ်ငြိမ်ငြိမ် သွေးအေးအေး လက်ဖြောင့် တပ်သားတွေ လိုနေတာ။ ပန်ပန့်ဆီမှာ စာရင်းပေးလို့ ရမလား :)
ဂွတ်ထ ဂွတ်ထ.. အန်တီပန်ရေးလိုက်ရင်တော့ အမိုက်စားတွေချည်းပဲ.. ကြိုက်ပါ၏း)
ကျွန်တော်လည်း Enemy at the Gate လို့ပဲ
စိတ်ထဲမြင်လာတယ် ကိုအောင်သာငယ်ရေ..
ကြည့်တဲ့အထဲ အဲဒီကားပါမှာတော့ မလွဲဘူး မပန်ရေ
ဟုတ်တယ်ဟုတ် ။ အဟေးဟေး :P
(နောက်တာ ကဗျာကကဗျာပါပဲ )
အဲဒီလက်ဖြောင့်တပ်သားကိုလွှတ်လိုက်စမ်းပါ။
ကျည်တစ်တောင့်ပဲယူခဲ့လို့..
အမစောင့်နေမယ်..
ပစ်ရမယ့်သူကတော့အမနဲ့တွေ့ရင်သိမှာပေါ့..း)
တစ်ထောင့်ကိုတစ်ချက်ပဲ... ကဗျာတစ်ပုဒ်ထွက်ကျတယ်...
ကဗျာကောင်းလေးပါ အစ်မရေ...
လက်ဖြောင့်တပ်သား တစ်ယောက်လောက်ငှားလို့ရနိုင်
မလား မပန်ရေ....
သေချာတယ်...
မျက်စိထဲ..ခရော့စ် ဖြစ်နေတာ..၅ ယောက် ဆိုတာ..
မမ တော့ မပါဘူး မို့ လား...း)...
စစ်ကားဆို မကြည့်နိုင် ( ရဲ) လို့ မသိဘူးကွယ်။
သေချာတာတော့..ကဗျာလေးက..လန်းတယ်။
အလုပ်တွေများ စိတ်တွေပင်ပန်းပြီး
ပွဲကြမ်းထားသော ကဗျာတစ်ပုဒ်ဟု
ယူဆမိပါကြောင်း...
တိုးတိုးတိတ်တိတ် တိုက်ပါ ပန်ပန်..
စစ်ကူလိုရင်တော့ ခေါ်လိုက်ပေါ့...
စစ်ကူ တစ်ယောက်မှာလဲ သေနတ်တစ်လက်နဲ့
ကျည်ဆန် ငါးတောင့်ရှိပါတယ်လေ...
အား...မပန် လက်ဖြောင့်တပ်သားတောင် ဖြစ်နေပြီ။ ဝေးဝေးရှောင်မှ :D
မပန်ရေ....
" အသက်တောင် အောင့် ထားမိလိုက်တယ်..."
ဟီး မခင်ဦးမေ ပြောသလိုပဲ
ကြောက်ကြောက်နဲ့ လာဖတ်သွားတယ်..:P
ကိုပေါရေ....
"အခု ရန်သူမျိုး သုံးပါးက တမျိုးတည်း ဖြစ်သွားပြီ။ ကျည် နှစ်တောင့် ပိုမယ်။" တဲ့လား......
အား..... လား ...... မား.......
ဘယ်လိုများ တွေးလိုက်ပါလိမ့် အစ်ကိုရယ်....
သေသေချာချာ တစိမ့်စိမ့်တွေးလေ... အနှစ်သာရ ပြည့်ပြည့်နဲ့ သဘောကျစရာ သိပ်ကောင်းတဲ့ စကားဖြစ်လေ... ပါလား....
"မှန်လိုက်လေ" ဆိုတဲ့စကားထက်ပိုကောင်းတဲ့ စကားကိုချက်ချင်းစဉ်းစားလို့ မရလို့ ခုတော့ အဲ့သလိုပဲပြောခွင့်ပြုပါ..
sniper ဇာတ်လမ်းတွဲတွေကို ပြန်မြင်ယောင်မိစေပါတယ်။ ကြိုက်တယ်ဆိုတာထက် ပိုမိပါတယ်။ ကျွန်တော်ကလည်း Young Gun ဆိုတော့ ဖီးလ်လေးဖြစ်မိပါတယ်။ ဒီကဗျာကို သိမ်းဆည်းပါရစေခင်ဗျာ။
အဓိကရုဏ်းနှိမ်နင်းရေးမှာ ရှေ့ဆုံးက အလံကိုင်တက်သူတွေကို လက်ဖြောင့်တပ်သားတွေနဲ့ ရှင်းလင်းရတယ်ဆိုပြီး ဖတ်ဖူးတဲ့ စာသားတွေကို ပြန်သတိရမိတယ်။
ကျွန်တော့်ဆီမှာတော့ ကျွန်တော့်အတွက် သိမ်းထားတဲ့ ကျည်တစ်တောင့်ပဲရှိတယ်...။
Ba Nyar သို့…. ကျနော့်အတွေးမူရင်းမဟုတ်ဘူးခင်ဗျ။ နာမည်ကျော် ကိုဇာဂနာရဲ့ ပြက်လုံးထဲက ယူသုံးလိုက်ခြင်းပါ။ ကိုဇာဂနာရဲ့ ဟာသဉာဏ်ကို ချီးမွမ်းရမှာပါ။
ပန်ဒို..
ပန်ဒိုရဲ့ ဒီကဗျာကိုလည်း ကြိုက်သွားပြန်ပြီ...
လာမလည်ဖြစ်တာကြာပြီ..
သတိတော့ရပါတယ် ပန်ဒိုရေ..။
မပန်ရေ...
ရန်သူငါးယောက်.
ကျည်ငါးတောင့်.
စိတ်ငြိမ်ရတယ်.
လက်ယဉ်ရတယ်.
လွယ်ဝူးနော်...
တကယ်လို့ ကျည်မရှိခဲ့တော့ရင်......
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
့်တကယ်ပစ်သူများ အတွက် ကျည်ပိုများ ရမည်။ :D
ကိုပေါ.. ရန်သူမျိုးငါးပါးအထိ ချိန်ပစ်နိုင်ဖို့တော့ အတော်ကျင့်ရမယ် ထင်တယ်။
လင်း.. ကျေးဇူးပါ။
ကိုအောင်သာငယ်.. ဟုတ်တယ် Enemy at the Gate လည်းပါတာပေါ့။
မခင်ဦးမေ .. မကြောက်ပါနဲ့။ ချိန်ပစ်တာပါ။
မောင်မျိုး.. မှတ်ချက်အတွက် ကျေးဇူး။
ကိုမျိုးဝင်းဇော်.. အင်း.. ဒီလက်ဖြောင့် တပ်သားကတော့ မုန်းစရာပေါ့။
မမိုးချိသင်း.. တယောက်ယောက်ကတော့ စာရင်းစုထားဖို့လိုတာ သေချာပါတယ်။
ခရေတွန်.. ကျေးဇူး
ကိုရင်ညိမ်း... ရုပ်ရှင် မှန်ပါတယ်။ ကဗျာက ကဗျာဆိုတာလည်း ဟုတ်ပါတယ်နော်။
မနော်.. တိုးတိုးတိတ်တိတ် လွှတ်လိုက်မယ်။
လွမ်းလုင်.. ကျေးဇူး
ကိုဆောင်း.. ကျနော်လည်းငှားချင်တာ။ ဘယ်မှာငှားရမလဲ။
ီ
မမသီရိ.. ဒီလိုလည်း မဟုတ်ပါဘူးလေ။ :)
မကေ. ကျေးဇူး.
မသက်ဝေ.. စစ်ကူအတွက်ကျေးဇူး။။
ကောင်းကင်ကို.. မအိန္ဒြာ..ချိန်ပစ်တာပါ ဆိုမှ.. :D
လင်းဒီပ မကြောက်ပါနဲ့။ :)
BaNyar ကိုပေါက ပြန်ဖြေထားပါတယ်။
YoungGun ရေ သိမ်းထားပါ။
ညီညီ.. အဲဒီ လက်ဖြောင့်တပ်သားကတော့ အန္တရာယ်ပဲ။
BlackDream တကယ်ကြီးလား
ကိုဆူးရေ လာအားပေးတာ ကျေးဇူး
ကိုရင်နော်ခင်လေးငယ် ဘယ်လွယ်မလဲ
မိုးမြင့်တိမ် ကျည်မရှိတော့ရင်လား.. သေနတ်နဲ့ကိုင်ပေါက် ။
မျိုးမြင့်မောင်.. ကျည်ပိုတွေ ရှိနေတယ် ဆိုတော့ ကောင်းတာပေါ့။
မှတ်ချက်တွေ နောက်ကျမှ ပြန်ဖြစ်တာ ဆောရီးပါ။
မပန်ရေ.... မေ့လောက်မှ လာဖတ်ပြီး နောက်ဆုံးက မန့်သွားတယ်..။ လွှတ်ကောင်းတယ်ဗျာ...။ အနော်လည်း အဲလိုလေးတွ ရေးတတ်ချင်တယ်..။
လက်ဖြောင့် တပ်သား တော်တော် များများ က တကယ်မပစ်လို့ ကျည်ပိုတွေ များနေပါတယ်။ =D
Post a Comment