Tuesday, April 21, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၂)





စောင့်မျှော်နေကြတဲ့ သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၂) ထွက်လာပါပြီ။ ဒီတပတ်အတွက် သံလွင်ရဲ့ Theme ကတော့ အခွင့်အလမ်း ဖြစ်ပါတယ်။ လူငယ်တွေအတွက် အခွင့်အလမ်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ အထူး ညွှန်းချင်တာကတော့ -

မှတ်သားစရာတွေ အပြည့်မို့ မဖြစ်မနေ ဖတ်သင့်တဲ့ “ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နဲ့ အင်တာဗျူး”

ဘ၀အချိုးအကွေ့တခုကို ခေါ်ဆောင်လာပေးစေခဲ့တဲ့ ပညာရေးခရီးကို မှတ်တမ်းတင်ထားတဲ့ ဆရာယောဟန်အောင်ရဲ့ “ဟားဗတ် ဒိုင်ယာရီ (၁)”

စိတ်ဝင်စားစရာ ရှုထောင့်တမျိုးကနေ သုံးသပ်ထားတဲ့ S.S ရဲ့ “မြန်မာဘလော့ဂ်တွေကြားမှာ မှေးမှိန်နေတဲ့ အခွင့်အလမ်းများ”

ပန်ဒိုရာရေးထားတဲ့ ကဗျာတစ်ပုဒ်နဲ့ အက်ဆေး တစ်ပုဒ်ကိုလည်း ဖော်ပြထားပါတယ်။ ဒီတပတ်တော့ ၀တ္ထုတို မရေးဖြစ်တာ ခွင့်လွှတ်ပါ။

====================

ဦးထုပ်ထဲကငှက် (အက်ဆေး)

ဒီလိုပါပဲ။ သွားရင်းလာရင်း တေလေတစ်ကောင်နဲ့ တွေ့ခဲ့တယ်။

တေလေမှာ တေလေ ဆိုတဲ့ နာမည်တစ်ခု ရှိတယ်။ ကိုယ့်မှာတော့ ဘာမှမရှိဘူး။ လက်ချည်းဗလာ။

တေလေနဲ့ ကိုယ် ခြေသွားလမ်းလေးအတိုင်း တောင်ကုန်းတစ်ခုပေါ် အတူတူ တက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောပန်းတွေ ပွင့်နေတယ်။ အဲဒီပန်းတွေပေါ်မှာ ပျားတွေ ပိတုန်းတွေ ၀ဲနေတယ်။ တောင်ကုန်းပေါ်ကနေ အောက်ကို လှမ်းကြည့်လိုက်ရင် ခေါင်မိုးနီနီနဲ့ အိမ်လေးတွေကို မြင်ရတယ်။ ရေကန်တစ်ခုဘေး သစ်ရိပ်အောက်မှာ ကိုယ်တို့ အေးအေးလူလူ ထိုင်ချလိုက်ပါတယ်။

တေလေက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်တယ်။

ဆက်ဖတ်ဖို့ ဒီကို သွားပါ။


=================
ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ (ကဗျာ)

မနှစ်က ဒဏ်ရာဟောင်းတွေကို သယ်ပိုးရင်း
မချိပြုံးပြုံးနေရှာတဲ့ ဧရာဝတီရဲ့ရင်ခွင်ကို
ညင်ညင်သာသာ တိုးဝင်လိုက်တယ်

ဆက်ဖတ်ဖို့ ဒီကို သွားပါ။

5 comments:

win latt said...

ဖတ်သွားတယ်ဗျို့
ကဗျာလည်းကောင်း
စာလည်းကောင်း၏
အကောင်းတွေစုကာ
စဉ်စီရေး
ပန်ဒိုရာ လေး...ချမ်းအေးပါစေ...

Moe Cho Thinn said...

ငှက်ကလေး မပိုင်ချင်တော့တဲ့ တေလေ ကို ပြောလိုက်ပါ။ အဖော်ရှိပါတယ် လို့။
ငှက်နဲ့ လွတ်လပ်ကျယ်ပြောတဲ့ ကောင်းကင်ကြီးသာ လိုက်ဖက်ပါတယ်။

Moe Cho Thinn said...

ဧရာဝတီက အိပ်မက်ဆိုးက မနိုးသေးဘူး။ တန်ခူးလေညင်းလေးတောင် တိုက်ခတ်ရမှာ အားနာမိတယ် လို့ ပြောရှာတယ်။
ကဗျာလေးကို နှစ်သက် နာနာကြင်ကြင် ဖတ်သွားတယ် ပန်ပန်ရေ..

ဆောင်းယွန်းလ said...

နာကျင်တဲ့ရင်ဘတ်နဲ့ ကဗျာဖတ်သွားတယ်မပန်ရေ..
ဧရာဝတီကတော့ မျက်ရည်လည်ရွှဲနဲ့ပါပဲဗျာ

Blue moon said...

U can catch Irrawaddy...