
ကယ်လီဖိုးနီးယားသို့ စံပယ်ပန်းတကုံး ပေးပို့ခြင်း
ကယ်လီဖိုးနီးယားက
ကန်ထုတ်လိုက်တဲ့ ဘောလုံးတလုံး
ငါ့ပြတင်းပေါက်ထဲ ၀ုန်းဆို ခုန်ဝင်လာတယ်
ဘောလုံးဟာ
ဂိုးတိုင်မမြင်ရတဲ့ အရပ်မှာ
အကန်အကျောက်ခံရင်း
ဦးတည်ရာမဲ့ ဆက်လိမ့်နေမှာလား။
ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့
ကဗျာစာရွက်တရွက်
ဘောလုံးတလုံးကို ဖက်ထားတဲ့
ဆယ်ကျော်သက်ကောင်လေးရဲ့
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က အိပ်မက်ထဲမှာ
အိပ်ရာထဲ ကျဲဖြန့်ထားတဲ့ စံပယ်ပန်းတွေပါခဲ့တယ် ဆိုပဲ။
နက္ခတ်တွေ ပြိုမကျခင်က
ပုံပြင်လှလှတွေထဲမှာတော့
ကန်သုံးဆင့်နားက ဖြတ်တိုက်သွားတဲ့ လေကို
ဆန်နင်းလာတဲ့ စက်ဘီးတစ်စီးပေါ်မှာ
ကံကြမ္မာက နှောင်ကြိုးဖြတ်ချမှာကို မသိသေးတဲ့
အဖြူအစိမ်းဝတ် စုံတွဲတတွဲရဲ့ ခိုးခိုးခစ်ခစ် ရယ်သံတွေ ကပ်ပါနေမယ်
အဲဒီနောက်တော့
သံတိုင်တွေနောက် ရောက်သွားခဲ့တဲ့
ငယ်ရွယ်နုပျိုမှုရဲ့
တောက်ခေါက်သံတချက် ထွက်လာတယ်
လရောင်ကို ဆာလောင်ခဲ့တဲ့
အမှောင်ည တွေထဲမှာ
စံပယ်တွေ တစ္ဆေခြောက်ခဲ့တယ်..တဲ့။
ဖူးပွင့်မှုကို
တန်ဖိုးမထားတဲ့အရပ်မှာ
ဝတ်မှုန်တို့က ရုတ်သိမ်းထားတဲ့
ရနံ့တွေကို လိုက်ရှာရတာ
အနှစ်နှစ်ဆယ်စာမက မောခဲ့တာပေါ့
သစ်ညိုပင်ကြီးတစ်ပင်အောက်က
ကျောင်းတွေပြန်အဖွင့်မှာ ပျောက်သွားခဲ့တဲ့
စံပယ်ပန်းနဲ့ လရောင်တွေဟာ
ဆူရှီဘားထဲကနေ အရည်ပျော်ပြီး
အတ္တလန္တိတ် သမုဒ္ဒရာထဲ မြုပ်သွားလေသတဲ့
ငါတို့အိပ်မက်တွေရဲ့ ဇာတ်သိမ်း
ဘယ်သူအတိတ်စိမ်းပေးသွားခဲ့တာလဲ။
ပန်ဒိုရာ
(အနှစ်နှစ်ဆယ်ကျော် ပျောက်ဆုံး ဖဲရှုံးလာတဲ့ အသည်းကွဲ ကဗျာဆရာ ခရစ္စတိုဖာ ကိုလန်ဘတ်စ် အတွက်)
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
1 day ago
12 comments:
Appreciate Ma Pan..
But..United state..lay!
ဒီကဗျာဆရာမလေးရဲ့ ကဗျာတွေ ဖတ်မိရင်
ကိုယ့်ကဗျာတွေအတွက် ရှက်လွန်းလို့...း)
လာမဖတ်ပဲလဲ မနေနိုင်ဘူး ရှင့်..း)
ကောင်းတယ်လို့ ပြောစရာ လိုမယ် မထင်..
ကောင်းပြီးသားကို...း)
မပန်ရေ..
ကောင်းတယ်.. ပြီးတော့ တွေးနေမိတယ်..
မပန်ရဲ့  စံပယ်ပန်းပုံ လှတယ်
ကဗျာလေးက ချစ်စရာလေး
လွမ်းစရာလည်းကောင်းတယ်
ဒါထက် စကားမစပ်
အမမှာလည်းအဲလို ကဗျာဆရာမောင်တစ်ယောက်ရှိတယ်
ကယ်လီဖိုးနီးယားမှာပဲ..း)း)
အမှတ်တရသိမ်းသွားပြီ
ဆူရှီလိပ်သမားကြီးရဲ့ အတိက်က ကဗျာတွေ ထင်တယ် ..။
း)
ဖူးပွင့်မှုကို
တန်ဖိုးမထားတဲ့အရပ်မှာ
ဝတ်မှုန်တို့က ရုတ်သိမ်းထားတဲ့
ရနံ့တွေကို လိုက်ရှာရတာ
အနှစ်နှစ်ဆယ်စာမက မောခဲ့တာပေါ့...
နမိတ်ပုံလေးတွေနဲ့  ကဗျာလေးကို ထောင်စုံက တွေးပြီး ကြိုက်တယ်။
ကယ်လီဖိုးနီးယားကိုပို့တဲ့စံပယ်တွေ
စင်ကာပူမှာလဲမွှေးနေတယ်...
ခရစ်တိုဘာကိုလံဘတ်ကတော့...
ပြုံးဖြီးဖြီးကြီးဖြစ်နေတော့မှာပဲ...ပန်ရေ
ဟဲဟဲ..
အတိတ်ကို လှန်သော်... ဒန်တန့်တန်... :P
Just CA.??
NO....
Hello ma pan,
ကန်သုံးဆင့် ဆိုတော့....ပုသိမ်ကလားဟင်??
ကန်သုံးဆင့် ဆိုတာ...
ပုသိမ်မဟုတ်လောက်ဖူး
MTLA ဖြစ်နိုင်မယ်ထင်တယ်။ :P
Post a Comment