Friday, June 25, 2010

ပြူတင်းပေါက်မှန်ပေါ်မှာ မိုးရေတွေ



ပြူတင်းပေါက်မှန်ပေါ်မှာ မိုးရေတွေ

တချိန်ချိန်က ချိန်းဆိုထားခဲ့တာ ဖြစ်ကောင်းဖြစ်မယ်
ခြိမ်း၍ ခြိမ်း၍လည်း ရွာခဲ့ပါတယ်
မိုးရေပေါက်တွေ...
မျက်လုံးအောက်ကို ရောက်မလာဘူး
ကန့်လန့်ဖြတ်တန်းတွေရဲ့ နောက်ကနေ
ပြူတင်းပေါက်ရဲ့ အပြင်ကို
ငေးရုံ ငေးကြည့်ခဲ့တယ်။

ပန်ဒိုရာ

17 comments:

Anonymous said...

ရိုးရိုးနဲ့ လှတဲ့ ကဗျာပါပဲ ..
အသက်ကြီးလာလို့လား မသိ ရိုးရှင်းတဲ့ ကဗျာတွေ ပိုကြိုက်လာတယ် ..

ကဗျာနဲ့ ဓာတ်ပုံ.. ဓာတ်ပုံက အရင် ဖြစ်မယ် ထင်တယ် ..

tin min htet

Anonymous said...

ခရမ်းရောင်တွေပါပဲလား

စိတ်ကိုလွှတ်ပေးလိုက်လေ

ပြတင်းပေါက် အပြင်ကို ရောက်ရင်

မိုးစက်တွေအေးတာကို သိပါမယ်

ခြေထောက်တွေ နွေးထွေးမှုကို လိုအပ်လာတဲ့အခါ

အဲ့ဒီ ကန့်လန့်ဖြတ်တန်းတွေနဲ့

ရင်းနှီးခဲ့တာပါဆိုတာ သတိရမကြေး

:P

အခုလိုရေးပေးတဲ့ အတွက် ကျေးဂျူး

Cameron said...

ဟုတ်တယ်နော် မပန်...မိုးရွာလို့ ရိုက်လိုက်တဲ့ ဓါတ်ပုံကနေ ခံစားပြီးထွက်လာတဲ့ ကဗျာလေး ...တိုတိုရှင်းရှင်းနဲ့ သိပ်လှတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

ငြိမ်းစိုးဦး said...

ကိုယ့်အတွက် မဟုတ်ပေမယ့် ဒုက္ခမပေးရင်
`ရွာချင်ရင် ရွာပါမိုး´လို့ ...
အေးမြစေရင် ရသ ...
ငြိမ်းစိုးဦး

YoungGun said...

ဓာတ်ပုံရော ကဗျာပါ တိုလို့ရှိုလို့ ကောင်းလောက်အောင် နိပ်တယ်။

MANORHARY said...

ပြူတင်းပေါက်မှန်ပေါ်က မိုးရေတွေ......
ကြည်လင်နေတယ် ...........
အကြည်ဓာတ်ပါသော ကဗျာ တစ်ပုဒ်ပါ ...

အိန္ဒြာ said...

ချိမ်း၍မရွာသောမိုးတွေ

မချိမ့်ချိမ့်ချိမ်းပြီး မိုးစက်ပါမလာတဲ့ မိုးတွေ...

အားလုံးကို ထိုင် ကြည့် ငေး..ယုံ

blackroze said...

တခါတလေမိုးရွာတာကိုမြင်နေရပေမဲ့
မိုးရေထဲထွက်ခွင့်မရှိတာလဲ..ခံစားချက်တမျိုးပါဘဲ...

ချစ်ကြည်အေး said...

ငေးကြည့်နေရုံလေး ငေးခဲ့ရသူရဲ့ရင်ထဲမှာ ဘာတွေများ ရှိနေမလဲ ၊ ကိုယ်သာဆိုရင်တော့ မိုးရေစက်တွေနဲ့ ထိတွေ့ဖို့ ကြိုးစားမိမလားပဲ....

သိင်္ဂါကျော် said...

ငေးရတဲ့ မိုးစက်တွေက ပိုလှတယ်..
လူကို စိုစေရင် မလှတော့ဘူး..

နေ၀သန် said...

ဓါတ်ပုံ အတ်ဆေးလား။

ခင်မင်တဲ့
နေ၀သန်

မောင် လေး said...

မိုးတွင်းမှာမွေးခဲ့လို့လားတော့မသိ၊
မိုးရွှာရင်အရမ်းသဘောကျတယ်...။
ရွှာနေတဲ့မိုးကို(ကဗျာလေးထဲကလို၊ဓာတ်ပုံလေးထဲကလို)
ငေးကြည့်ရတာကိုလည်းအရမ်းသဘောကျမိတယ်...။

khin oo may said...

အပြင်ထွက်ရင် မိုးစိုမှာစိုးလို့မဟုတ်လား.

တို့မှာလဲရှိတယ်
ထုတ်ဦးမယ်။ ဘယ်သူ tag tag မ tag tag..

Taw Lu Thit said...

မိုးထဲလေထဲမှာပဲ ရှာဖွေစားသောက်ရလို့လားမသိပါဘူးဗျာ
မိုးစက်တွေကိုတောင် ငေးမကြည့်အား..တော့

Hmoo said...

ကျေးဇူးတင်ပါတယ်၊ကျနော်လဲမိုးရေမချိုးရတာကြာပြီဆိုတော့....ရင်နဲ့ကျေးဇူးတင်သွားတယ်

~ဏီလင်းညို~ said...

မပန်.......

စီဗုံးမှာ မလေးပြောသွားသလိုပါပဲ....။
ကဗျာလေးက.....ခရမ်းရောင်အဆင်လေးနဲ့ လှတယ်.....။

ခင်မင်တဲ့
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြူတင်းပေါက်ကလေးက ချစ်စရာ
ကဗျာလေးလိုပါဘဲ..
ပြူတင်းပေါက်ကနေ
ချောင်းကြည့်သွားပါတယ်..