Monday, July 5, 2010

အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား

အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား

ယဉ်ကျေးမှုနှင့်မလျော်ညီသော ၀တ်လစ်စလစ်အောင်ပွဲခံမှုများကို
ဘုရားသခင်က အချိန်မီတားမြစ်ပြီးပါကြောင်း
ဘောလုံးတစ်လုံးသည် လက်တစ်လုံးထက် ပိုလုံးသောကြောင့်သာ
အနိုင်အရှုံးကို ခန့်မှန်းရခက်တာဖြစ်ပါကြောင်း
လက်တစ်လုံးစာသည် နှစ်တစ်နှစ်ဆိုပါက
ဥပမာ - နှစ်ထောင့်တစ်ဆယ်ဆိုလျှင် နှစ်ထောင့်တစ်ဆယ့်နှစ်သို့
လက်နှစ်လုံးအလိုမှာ ရှိနေပါကြောင်း
ထို့ကြောင့် သွားလိုက်တော့ နင်သွားလိုက်တော့ ဟု သုံးနှုန်းလိုလျှင်
မည်သူ့ကိုမှ မကိုးကားပဲ အလွတ်သဘော ပြောဆိုနိုင်ပါကြောင်း
အကြောင်းတွေဟာ အကြောင်းကြောင်းကြောင့်သာဖြစ်၍
အကျိုးတွေဟာ ထိုင်နေရင်အကောင်းသားဖြစ်ပါကြောင်း
ဒီလိုအဖြစ်မျိုးလည်း လောကမှာရှိပါကြောင်း
ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း စသည်ဖြင့်။ ။

ပန်ဒိုရာ

15 comments:

ကိုအောင် said...

၂၀၁၂ မှာရော သူတို့အောင်ပွဲခံမှာ သေချာ
ရဲ့လား ....းP

khin oo may said...

heart ထိသွားသလား pandora.

ကိုပေါ said...

အင်း.... နင်သွားလိုက်တော့... နင်သွားလိုက်တော့....

(ပြီးရင် အခန်းဝက စောင့်နေမယ်နော်း-)

Anonymous said...

အန်တီပန်
လိမ္မာတယ်
ကျေးဂျူး

နေ၀သန် said...

ကျွန်တော်ကိုယ်က ပိန်းလွန်းပါတယ်... နားမရှင်းဘူး... ဖြစ်နေတယ်... :p

ခင်မင်တဲ့
နေ၀သန်

သက်ဝေ said...

ကိုယ်အားပေးတဲ့ အသင်းတွေ ရှုံးလို့ စိတ်တိုနေတယ်...
အရပ်ထဲမှာတော့ ဘောလုံးဆိုတာ လုံးနေတယ်လို့ပဲ ပြောပြောနေကြတယ်... ဒါကို မကျေနပ်ဖူး...
ဒီတော့ အလွတ်သဘောနဲ့ ပြောမယ်...
ဒင်းကို ပြားပလိုက်........................

Anonymous said...

ဘုရွားရေ့
အန်တီသက်ဝေက
ဘောပြားခိုင်းနေပါလား

ချစ်ကြည်အေး said...

သဘောကျသွားသည် ညီမပန်... ပြန်ကောက်မပေးပါနှင့်....:P

အိန္ဒြာ said...

မရပ်ဘူး...စိတ်ချ ဆရာမ

လသာည said...

လာဖတ်ပြီး သဘောကျ..အားရပါးရ ရယ်ပြုံးမိတဲ့ ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း.. မကိုးကားပဲ ပြောသွားပါတယ်း)))

ပိုစ်ကို အစအဆုံး သဘောကျသူ..

P.Ti said...

ဝတ်လစ်စလစ်အောင်ပွဲခံမှုများ အနက် ဘုရားပေးသောလက်ကိုသာ ဘုရားသခင်က တားမြစ်စေလိုကြောင်း...

ခန့်မှန်းကခက်တာ ဘောလုံးလုံးလို့မဟုတ်ပဲ ကန်ရာမသွားတဲ့ ဂျလေဘီ ဘောလုံးကြောင့်ဖြစ်ကြောင်း...

လက်ရှိအဖြစ်အပျက်တွေကို စနစ်မကျတကျ စာစီကုံးပြတဲ့ ဆရာမ ပန်ဒိုရာအား လေးစားပါကြောင်း...

စသည်ဖြင့် :P

pandora said...

လသာည has left a new comment on your post "အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား":

လာဖတ်ပြီး သဘောကျ..အားရပါးရ ရယ်ပြုံးမိတဲ့ ကျွန်တော်မျိုးကြီးလည်း သေသင့်ပါကြောင်း.. မကိုးကားပဲ ပြောသွားပါတယ်း)))

ပိုစ်ကို အစအဆုံး သဘောကျသူ.

P.Ti has left a new comment on your post "အရပ်ထဲမှာ ဖြစ်ရပ်တွေက မရပ်သေးဘူးလား":

ဏီလင်းညို said...

မပန်ရေ.....
အကျိုးတွေဟာ....ထိုင်နေရင်....အကောင်းသာဖြစ်ပါကြောင်းဆိုတာလေးဖတ်ရင်း.......သဘောကျမိတာ........။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို