Friday, September 10, 2010

အမြင်တချို့

ကိုပေါ ဘလော့ဂ်က ပို့စ်မှာလည်း ရေးထားပါတယ်။ စင်္ကာပူမှာ လတ်တလော ပူညံပူညံဖြစ်နေတဲ့ မူဝါဒတချို့နဲ့ ပတ်သက်လို့ ဆရာတစ်ယောက် (အင်္ဂလိပ်စာ နဲ့ ကွန်ပြူတာ ဆရာ) နဲ့ စကားပြောဖြစ်တယ်။ ဆရာပြောပြတဲ့ အိုင်ဒီယာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူ့အမြင်တွေက ဗုဒ္ဓဖီလော်ဆော်ဖီ အပါအ၀င် တခြားအတွေးအခေါ် သီအိုရီတွေမှာ ရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမယ့် ဆရာ့ articulation ကတော့ လတ်ဆတ်တယ်လို့ ထင်မိပါတယ်။

ဆရာအောင်သင်း ရေးတဲ့ စာတစ်ပုဒ်မှာ ဖတ်ဖူးခဲ့တယ် ထင်တယ်လို့ ဆရာက ပြောပါတယ်။ သားသမီးတွေရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ပါ။ ကိုယ့်သမီးက သူ့ယောင်္ကျားကို အတင်းနိုင်စားစေရင် ယောင်္ကျားက နွားဖြစ်သွားမယ်။ ဒါဆိုလည်း ကိုယ့်သမီးကလည်း နွားရဲ့မိန်းမ ဖြစ်မှာပဲ။ ကိုယ့်သားက သူ့မိန်းမကို အတင်းဖိနှိပ်ခိုင်းရင်လည်း သူ့မိန်းမက ခွေးမဖြစ်သွားမယ်။ ဒါဆိုရင် ကိုယ့်သားကလည်း ခွေးမရဲ့ယောင်္ကျားဖြစ်မှာပဲ တဲ့။ အဲဒီလို သဘောတစ်ခုပါ။ (စကားတော့ နည်းနည်း ကြမ်းနေမယ်။)

အဲဒီကနေ ဆက်စပ်ပြီး ဆရာက ဥပမာလေးတစ်ခု ပေးပါတယ်။ ဥပမာ - မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုဖို့ စဉ်းစားတယ် ဆိုပါစို့။ ကိုယ်လိုချင်တဲ့ ယောင်္ကျားလေး ကို ဖိအားပေးမယ် အတင်းဇွတ်ယူမယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ ဖိအားပေးတိုင်း ယူရတဲ့ ယောင်္ကျားလေး ဆိုရင်လည်း အသုံးမကျ ပျော့ညံ့သူ ဖြစ်မယ်။ ပျော့ညံ့သူကို တသက်လုံး အိမ်ထောင်ဖက်ကြီး တော်ရတော့မယ်။ တကယ်လို့ ပျော့ညံ့သူမဟုတ်ပဲ အရည်အချင်းရှိသူ စိတ်ဓာတ်ခိုင်မာသူက မလွှဲသာလို့ ဖိအားပေးလို့သာ ယူရတယ်ဆိုရင်လည်း သူ့မှာ မကျေနပ်စိတ် ၀င်သွားပြီ။ အဲဒီလို မကျေမချမ်း ဖြစ်နေသူကို ယူလိုက်ရင်ရော တစ်သက်လုံး ပျော်နိုင်မှာတဲ့လား။ ဒါဟာ တစ်နေ့နေ့မှာ ပေါက်ကွဲဖို့ ဖြစ်လာနိုင်တယ်။

နိုင်ငံနဲ့ချီတဲ့ မူဝါဒတွေမှာလည်း ဒီသဘောတရားကို အသုံးချလို့ ရနေဦးမယ်။ မူဝါဒတစ်ခုရဲ့ ရည်ရွယ်ချက်တွေထဲမှာ အကောင်းဆုံး အတော်ဆုံးလူတွေကို လိုချင်တယ် ဆိုတဲ့အချက် ပါတယ် ဆိုပါတော့။ အဲဒီ Strong တွေကို ပိုင်ဆိုင်လာဖို့အတွက် ဖိအားပေးတဲ့ နည်းနဲ့ Force သုံးမယ်ဆိုရင် ဘာဖြစ်မလဲ။ (နားလည်မှု တိုက်ရိုက် ပိုကျအောင် အင်္ဂလိပ်လိုနဲ့ပဲ ညှပ်ပြောပါမယ်။ သည်းခံကြပါ။)

  • Force လုပ်ရင် Strong တွေက ပြန်တိုက်ပါမယ်။ ငြင်းဆန်မယ်။ ဒါဆို သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ လိုချင်တာရဲ့ ဆန့်ကျင်ဘက်တွေတောင် ဖြစ်လာမယ်။
  • Force လုပ်ရင် တကယ်လို့ Strong က မလွှဲမရှောင်သာတော့လို့ သူ့ကို ရခဲ့ရင်တောင် သူ့မှာ Determined Resistance ပါလာပြီ။ ဒါဟာ ရေရှည်တည်တံ့ sustainable ဖြစ်ပါ့မလား။ Strong ဟာ တနည်းနည်းနဲ့ resist လုပ်မယ်။ မကျေမနပ်ဖြစ်မယ်။ မပျော်ဘူး။ attached ဖြစ်မှာမဟုတ်ဘူး။ ဖြစ်နိုင်ရင် တချိန်မှာတော့ တနည်းနည်းနဲ့ ပြန်ထွက်သွားမယ်။
  • Force လုပ်ရင် Weak တွေ ကိုပဲနိုင်မယ်။ ဒါဟာလည်း နားလည်နိုင်တဲ့ အမှန်တရားတစ်ခုပါ။ ဒါလည်း သူ့ရည်ရွယ်ချက် မအောင်မြင်ဘူး။ Weak တွေကို သူ လိုချင်လို့လား။

နောက်တစ်ခု စဉ်းစားကြည့်မယ်။ Force မဟုတ်ဘူး။ ဒါပေမယ့် Trick လုပ်မယ် ဆိုပါတော့။

  • Trick လုပ်တာကို ခံရတဲ့လူဆိုတာ Dumb တွေပဲ ဖြစ်ပါတယ်။ Dumb ကိုပဲရမယ်။ Smart တွေကို မရပါဘူး။

  • Trick ရဲ့ သဘောသဘာဝအရ အချိန်တစ်ခုမှာ Dumb က realize ဖြစ်သွားမှာပဲ။ အော်.. လှည့်စားတာပါလား လို့ သိလိုက်တဲ့အချိန်မှာ ပြန် ကန် ပါမယ်။

  • တကယ်လို့ တစ်သက်လုံး realize မဖြစ်တဲ့ Dumb ဆိုရင်လည်း ဒါဟာ တကယ့်ကို Dumb အကြီးစား။ အဲလိုလူမျိုးကိုပဲ ရနိုင်မယ်။

မူဝါဒချမှတ်သူတွေလည်း ဒီလို အကျိုးဆက်တွေကို စဉ်းစားပြီးကောင်း ဖြစ်နိုင်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။

နိဂုံးချုပ်ရရင်တော့ အဲဒီလိုမူဝါဒတစ်ခုမှာ ဖိအားသုံးခြင်း ဒါမှမဟုတ် လှည့်စားခြင်းဟာ ရည်ရွယ်ချက်ကို အောင်မြင်စေမှာ မဟုတ်ဘူး။ မလွှဲသာမရှောင်သာလို့ မဟုတ်ဘဲ တဖက်က တကယ် စိတ်တူကိုယ်တူ ပူးပေါင်းပါဝင်လာတာ၊ အသေအချာ စဉ်းစားသုံးသပ်ပြီးလို့ ကျေကျေနပ်နပ် ပါဝင်လာတာ၊ မိမိရဲ့ လွတ်လပ်တဲ့ စိတ်ဆန္ဒအလျောက် ပါဝင်လာတာ၊ အဲဒီအခြေအနေတွေကို အားပေးနိုင်တဲ့ မူဝါဒမျိုးကပဲ ထိရောက်အကျိုးရှိပါမယ်။

ဆရာ့ကို ကျေးဇူးတင်ပါတယ်။ :)


ပန်ဒိုရာ

(မှတ်ချက်ပေးတဲ့အခါ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လိုဆိုရင် အကြောင်းအရာကို တည့်တည့် သိပ်မပြောစေချင်ပါ။ မျှဝေချင်လို့ ဒီပို့စ်ကို ရေးတယ်ဆိုပေမယ့် မလိုအပ်ဘဲ attention တွေ မရချင်လို့ပါ။)

(အထက်က ဆရာအောင်သင်းပြောတယ် လို့ ထင်တဲ့ ဥပမာ ကို ရီတာက ဆရာသော်တာဆွေမှာ ဖတ်ခဲ့ဖူးတယ်လို့ ဖြည့်စွက်သွားပါတယ်။)

20 comments:

Rita said...

ဆရာ ဥပမာပေးတဲ့ သဘောတရားကို ဖတ်ခဲ့ဖူးတယ်။

သော်တာဆွေရဲ့ စာအုပ်မှာ။ သူကတော့ အိမ်ထောင်ရေးအတွက်ပဲ ပြောသွားတာပါ။

Andy Myint said...

Force လုပ်ရင် Weak တွေ ကိုပဲနိုင်မယ်။ Strong တွေကို မရနိုင်ဘူးဆိုတာမှာ ဘယ်နေရာမှ Weak ဖြစ်ပြီး ဘယ်နေရာမှာ Strong ဖြစ်တာလေးလည်း တွေးမိတယ်။ PR ကိစ္စမှာ PR ကနေ Citizenship မယူဘဲ စင်္ကာပူကနေ ထွက်ပြီး တခြားသွားတယ် ဆိုတာ Intellectually Strong ဖြစ်လို့ ဆိုတာထက် Personal အနှောင်အဖွဲ့ ကင်းတာ ဖြတ်နိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ စင်္ကာပူကနေ မခွာနိုင်ဖြစ်နေတဲ့ ထဲမှာ ကလေးက ကျောင်းတက်နေလို့တို့ အမျိုးတွေနဲ့ အခြေကျနေလို့ လိုမျိုးတွေရှိသလို အိမ်ဝယ်ထားမိလို့ အချိန်တို အတွင်းမှာ ပြန်ရောင်းရင် ရူံးမှာစိုးလို့ Financially Weak ဖြစ်တာ တွေလည်း ပါဝင်ပါတယ်။ Intellectually Strong ဖြစ်မဖြစ်က စင်္ကာပူကနေ စွန့်ပြီး တခြားသွားဖို့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ သို့သော်လည်း စင်္ကာပူ အစိုးရက အပေါ်ကလို တခြားနေရာမှာ Weak ဖြစ်လို့ စင်္ကာပူကနေ မစွန့်နိုင်တဲ့ Intellectually Strong ဖြစ်တဲ့ သူတွေကိုလည်း Taget ထားပုံ ရပါတယ်။

Hmoo said...

လူတွေအကြောင်းနဲ့နိုင်ငံရေးဖြစ်စင်တွေကိုစာစုတခုထဲ
မှာအတူယူသုံးဖော်ပြတတ်လို့အံဩကျေးဇူးတင်အောင်လှပါပေ့ ပန်ပန် :)

pandora said...

ရီတာရေ ဖြည့်စွက်သွားတာ ကျေးဇူးနော်။

ကိုအန်ဒီက Intellectually Strong ဖြစ်ပြီး တခြားအခြေအနေတွေမှာ weak ဖြစ်သူတွေအကြောင်း ပြောသွားတယ်။ အဲဒီလို အခြေအနေဆိုရင် သူ့မှာ တခြားနေရာတွေမှာ weak ဆိုတာထက် သူ့မှာ ဒီနေရာမှာ attached ဖြစ်ဖို့ အကြောင်းပြချက်တွေ ခိုင်ခိုင်လုံလုံရှိနေတယ် လို့ပဲ ကောက်ချက်ချချင်ပါတယ်။ ဒါဆိုရင်လည်း သူဟာ force မလိုအပ်ပါဘူး။ အသေအချာ စဉ်းစားသုံးသပ်ပြီးလို့ ကျေကျေနပ်နပ် ပါဝင်လာတဲ့ အထဲမှာ ပါနိုင်ပါတယ်။

အားနည်းချက်ကို ကိုင်ပြီး အပေးအယူလုပ်တယ် ဆိုတာဟာ ပြန်ပေးဆွဲခြင်းရဲ့ သဘောသဘာဝတွေထဲမှာ ပါဝင်ပါတယ်။
သိက္ခာရှိတဲ့ အစိုးရတစ်ရပ်ဟာ ဒါမျိုး ရှောင်ကြဉ်ဖို့ ကြိုးစားနိုင်ပါတယ်။

pandora said...

Thanks, Hmoo. :)

ကိုပေါ said...

ပန်ဒိုရာရဲ့ ဆရာပြောသွားတဲ့ ဥပမာကို သဘောကျပါတယ်။

ကျွန်းပိစိက နိုင်ငံသားခံယူဖို့ ကြိုးစားတဲ့လုပ်ရပ်တွေထဲမှာ (အေစတားလို ကုမ္ပဏီမျိုးတွေမှာ) ဝန်ထမ်းကို အလုပ်ကနေ ပီအိတ်ခ်ျဒီဆက်တက်ဖို့ ဖိအားပေးပြီး ပီအိပ်ခ်ျဒီစကောလားရှစ်ကို ယူပြီဆိုတာနဲ့ နိုင်ငံသားကို ပြောင်းလဲခံယူရမယ်ဆိုတဲ့ အချက်ပါတယ် သိရပါတယ်။ စိတ်ဝင်စားရင် ဒီမှာ သွားကြည့်ပါ။

http://www.a-star.edu.sg/AwardsScholarships/ScholarshipsAttachments/ForGraduatePhDStudies/ASTARGraduateScholarshipNUSNTU/tabid/201/Default.aspx

Open to Singaporeans, Singaporean Permanent Residents and ASEAN Nationals. Successful candidates who are not Singaporeans are required to take up Singapore Citizenship.

ဘာပဲဖြစ်ဖြစ် အမေရိကန်လိုနိုင်ငံမျိုးကနေ အခွန်ရှောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်းပိစိမှာ နိုင်ငံသား ပြောင်းခံလာကြတဲ့ နာမည်ကျော်တွေ ချမ်းသာသူတွေ ရှိတယ်လို့လည်း ကြားရပါတယ်။

TURN-ON-IDEAS said...

ဒီကိစ္စနဲ့ပတ်သတ်ပြီး စင်ကာပူအစိုးရရဲ့ ကိုင်တွယ်ပုံကိုတော့ သိပ်သဘောမကျတာ အမှန်ပါ။
အကြောင်းအရာအားလုံးကို သေချာသုံးသပ်ဖို့ရာလဲ ကိုယ်မသိနိုင်တဲ့ ကိစ္စတွေကြောင့် မလွယ်ပြန်ဘူး။

"အရင်တုန်းက သူငယ်ချင်းတွေနဲ့ နောက်ပြောင်ပြောဖူးတယ်၊ ICAရှေ့ကဖြတ်မလျှောက်မိစေနဲ့ PRလှမ်းပေးနေအုံးမယ်လို့"

ပြဿနာ၁ခုကို ဖြေရှင်းနေတာထက် လုပ်ချင်တာတွေ လုပ်နေသလားလို့...

အလွယ်ပြောရရင်တော့...
လိုတမျိုး၊ မလိုတမျိုးပုံစံ ပေါက်နေသလားပဲ...

ကိုယ်တွေးကြည့်လို့ ရသလောက်ပါ...

Rita said...

သိပ်နားမလည်လို့ လေ့လာထားတာလည်း မရှိလို့၊ (ကိုယ့်လည်း သူတို့က မျက်စေ့ကျမှာ မဟုတ်လို့) မပြောဘဲ နေမလို့ပဲ။

ဒါပေမဲ့ ဝါသနာအရ မနေနိုင်လို့ သိသလောက် (ခံစားမိသလောက်) ဝင်ပါရရင် စကားပြောတာရော၊ အလုပ်လုပ် (မူဝါဒချ) တာရောက ကလေးကလား သိပ်ဆန်တာပဲလို့ ခံစားရတယ်။ နိုင်ငံတနိုင်ငံက အစိုးရဆိုတာထက် ကုမ္ပဏီကြီးတခုက လူကြီးဆိုရင်တောင် ဒီအထာမျိုးနဲ့ မပြောသင့်ဘူး ထင်မိတယ်။

အဲဒီ article ဖတ်ပြီးတော့ စိတ်ထဲမှာ ခိုးလို့ခုလုနဲ့။

pandora said...

ကိုပေါ TOI ရီတာ

မှတ်ချက်များကျေးဇူးပါ။ သူတို့လည်း စီးပွားတက်ဖို့ လိုအပ်တဲ့ လုပ်အားတွေ ရအောင် ခေါ်ရတာက တဖက်၊ သူ့နိုင်ငံသားတွေ ဖိအားပေးတာကို ကျေနပ်အောင် လုပ်ပေးရမှာက တဖက်နဲ့ ဖိစီးမှုသိပ်များနေပုံရတယ်။ ပြောလိုက်တာကတော့ လူတွေသဘောထား တုံ့ပြန်မှု သိအောင် တမင်အကဲစမ်းသလားလို့ လည်း သံသယ ဖြစ်နိုင်သေးတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ်လို့ ဆိုတယ် မဟုတ်လား။

ကိုပေါပြောတဲ့ စကော်လာရှစ်ကိစ္စကတော့ မျှတသေးတယ် ထင်ပါတယ်။ စကော်လာရှစ် ပေးပြီး ချည်နှောင်မှုထားတဲ့ နည်းလမ်းတွေကတော့ နေရာအသီးသီးမှာ ရှိတတ်ပါတယ်။ ယူမယ့်လူကလည်း conditions တွေက အစကတည်းက ကြိုသိခွင့်ရထားသေးတယ်။ ငြင်းချင်ရင် အစကတည်းက ဒီအလုပ်မျိုးမ၀င်ဘဲ တခြားအလုပ်အကိုင် ရှာနိုင်ပါသေးတယ်။ သူတို့ဘက်က ပြန်ကြည့်ရင်လည်း နိုင်ငံခြားသားကို စေတနာသက်သက်နဲ့ ဒီလောက် ပံ့ပိုးပေးဖို့ တာဝန်တော့ မရှိပါဘူး။ ပီအိတ်ခ်ျဒီ စကော်လာအတွက် ကုန်ကျစရိတ်တွေ အချိန်တွေ ဒီလောက် စိုက်ပေးထားပြီး ဒီလိုမှ မချည်နှောင်ရင်လည်း သူ့လူတွေက တော်တော် အော်ကုန်မှာပေါ့လေ။

Moe Cho Thinn said...

တို့ကတော့ စင်ကာပူက အခြေအနေတွေ သိပ်မသိလို့ ကိုယ်ခံစားရတဲ့ ကိုယ့်နိုင်ငံအကြောင်းကိုပဲ စဉ်းစားရင်း တွေးသွားမိတာ..။ ကောင်းလိုက်တဲ့ ပို့စ်!!!

force လုပ်တာရော trick လုပ်တာရော ဘယ်ဟာမှ မကောင်းဘူး။ ကိုယ့်သဘောဆန္ဒနဲ့ လုပ်တဲ့ အရာမှသာ အောင်မြင် ပျော်ရွှင်မှု အသေအချာ ရမှာလို့ ယုံကြည်တယ်။

ပန်ပန်ရော ပန်ပန့် ဆရာရော ရှင်းရှင်းလင်းလင်း ပြောတတ်လို့ ကျေးဇူးတင်လိုက်တာ..

မေဓာဝီ said...

မှန်လိုက်တာ ကောင်းလိုက်တာ ပန်ပန်ရေ ...
မမေကလည်း စင်္ကာပူနိုင်ငံအကြောင်း သိပ်မသိလို့ ကိုယ့်အယူအဆနဲ့ကိုယ် လက်ရှိ ကိုယ့်အကြောင်းကိုယ်ပဲ တွေးမိပြီး ပန်ပန်ရေးထားတာ သိပ်ဟုတ်တာပဲလို့ သဘောကျနေမိတယ်။
ကျေးဇူး ပန်ရေ ... ။

ရွှေရတုမှတ်တမ်း said...

ရွှေဗမာပြည်များ စောင်းပြောနေသလားလို့တောင်
ခံစားမိတယ်....

Anonymous said...

ထိုအတူ ပီအာမှ စင်ကာပူနိုင်ငံသား ဆိုတာလည်း နိုင်ငံတကာမှ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်များကိုသာ အဓိက ရည်ရွယ်တာပါ ၊ အဲဒါကို လွှဲမှားစွာတွေးပြီး ပီအာမှ စင်ကာပူနိုင်ငံသား ပြောင်းဖို့ ဖိအားပေးတယ်ထင်ပြီး ပီအာတွေ နိုင်ငံသားလျောက်ရင် ပီအာ အားလုံးဟာ နိုင်ငံသားရမယ်လို.မထင်မိပါ ၊ သူတို့ က သိပ်ပေးနေချင်ရင် ပီအာ အပြာရောင်ကဒ်ကို လ၀က မှ နိုင်ငံသား ပန်းရောင်ကဒ်နဲ. တစ်ခါတည်း လဲပေးရလောက်အောင်တော့ မလွယ်လှပါဖူး ၊ လျောက်လွှာ တင်ခိုင်းတယ်ဆိုမှတော့ လျောက်ထားသူရဲ့ စင်ကာပူမှာရှိတဲ့ employment history ၊ လုပ်သက် ၊ ပုံမှန်ဝင်ငွေနဲ့  အခြားအကြောင်း အရာတွေကို စိစစ်ပြီးမှ နိုင်ငံသားချပေးတာပါ သူတို့ ရဲ့ သတ်မှတ်ထားတဲ့ category နဲ့ မကိုက်ညီရင် လ၀က က စင်ကာပူနိုင်ငံသား ချပေးလိမ့်မည်ဟုမထင်ပါ ၊

pandora said...

မမိုးချိုသင်း မမေ ဘကျောက်.. လိုသလို တွေးချင်ရင်လည်း ရပါတယ်။ ဒါပေမယ့် တို့မပါဘူးနော်.. :P

အမည်မသိ
ဟုတ်ပါတယ်။ တကယ် အကောင်အထည်ဖော် လာရင်လည်း သူတို့လိုချင်တဲ့သူမျိုးကို ရွေးချယ်စိစစ် လုပ်သွားမှာပါ။ သူပြောထားတဲ့ အထဲမှာလည်း ဥပမာအနေနဲ့ ၁၀% လောက်လိုလို တောင် ပြောသွားသေးတာပဲလေ။ ပီအာတိုင်းကို တွန်းမယ်လို့လည်း လူတွေက မထင်ကြပါဘူး။ ကိုယ်လိုချင်တိုင်းလည်း မပေးပါဘူး။ အခု ဒီနေရာမှာပြောနေတာက ကိုယ်နဲ့ဆိုင်တာ မဆိုင်တာ ပူတာ မပူတာထက် ပေါ်လစီတစ်ခုကို အလွတ်သဘော သုံးသပ်ခြင်း သက်သက်သာ ဖြစ်ပါကြောင်း။

ပိတ်ရက်အပိုရထားလို့ အကြောင်းပြန်နေနိုင်တာပါ။ တော်တော်လည်း ပြီးပြည့်စုံလောက်ပြီလို့ ယူဆတယ်။ အားလုံး ကောင်းသောညပါ။

Taw Lu Thit said...

မြန်မာအရေးအတွေးအခေါ်လေးများရှိရင်ချပေးပါဒေါ်ပန်
မြန်မာ့အရေးလေ့လာသူတွေကတော့ များနေလို့

YoungGun said...

ဒီလိုပဲ ဖြစ်ရမယ်လေ..

Anonymous said...

အကျဉ်းအကျပ် တစ်မျိုးလောက်မှာပဲ force က အသုံးဝင်ပါလိမ့်မယ်။ ရေရှည်မှာ အကြောင်း နဲ့ အကျိုး၊
အဓိက နဲ့ သာမည၊ပုံသဏ္ဍာန် နဲ့ အနှစ်သာရ၊ ပုံဟန် နဲ့ အတွင်း သရုပ်၊ ပြင်ဆင်ထားမှု နဲ့ မမျှော်လင့်သော ဖြစ်ပေါ်မှု ...စတာတွေ က သယ်ဆောင်သွားတဲ့အခါ
စည်းရုံးညီညွတ်မှု အားတွေ ရလာတဲ့ အခြေအနေ က
ဦးဆောင်သွားနိုင်မယ်လို့ ထင်ပါတယ် ...
ငြိမ်းစိုးဦး

ချစ်ကြည်အေး said...

ပန်ပန်ပြောသလိုပါပဲ...Strong တွေလိုချင်ရင်တော့ All in one package တခုလုံးကို လက်ခံယူရမှာပါပဲ လူတယောက်ဆီက smart နဲ့ strong ဖြစ်တာပဲ လိုချင်တယ်၊ Resist မလိုချင်ဘူးဆိုပြီး ချန်ထားခဲ့လို့မှ မရတာ...

ဖိုးတုတ် said...

Anonymous Sep10, 10: 58Pm သို့  ..

ခင်ဗျားက ကျွန်တော်ကိုပေါ ဘလော့မှာ မန့် ထားတာကို paste & copy လုပ်ထားပုံရတယ် ခင်ဗျား copy လုပ်တဲ့ကိစ္စကိုတော့ ငေါ့ပြီးထည့်လိုက်တာလား ဘာကြောင့်လည်းဆိုတာ ကျွန်တော်မသိပါဖူး

ဒါပေမဲ့ ကျွန်တော့်ကွန်မန့် နဲ . ပတ်သက်လို့  တစ်ယောက်ယောက်က ထောက်ပြဆွေးနွေးလာခဲ့ရင်လည်း ကျွန်တော်ပြန်ပြီး ဆွေးနွေးဖို့  အသင့်ပါပဲ

ကျွန်တော်လည်း ပီအာပါပဲ ဒါပေမဲ့ ဒီသတင်းတွေကြောင့် ငါကို စင်ကာပူ နိုင်ငံသားပေးတော့မယ်လို့  ရင်မခုန်မိတာက တော့အမှန်ပဲ

တကယ်တော့ အဲဒီ့ပြဿနာဟာ ခုမှစတဲ့ကိစ္စမဟုတ်ပါဖူး စလုံးတွေဟာ ပီအာတွေကို အခွင့်ထူးခံလို့ ထင်ကြတယ် တစ်ချိန်ချိန် စင်ကာပူနိုင်ငံမှာ စီးပွားရေး အကြပ်အတည်းဖြစ်လာရင် ပီအာတွေဟာ ဖုတ်ဖက်ခါပြီး သူတို့ ရဲ့ ဌာနေ ကိုပြန်သွားမယ်ဆိုပြီး မှတ်ယူကြပါတယ် ပထမ ပီအာဖြစ်တဲ့ ဂျင်နရေရှင်းဟာ NS သွားစရာမလိုဖူး စတဲ့အချက်တွေပါပါတယ် အရင် ၄, ၅နှစ်ကတည်းက ပြည်သူတွေနှင့် ပါလီိမန်အမတ်တွေဆွေးနွေးပွဲမှာ ပီအာ ၅နှစ် သို့ မဟုတ် ၁၀ နှစ်ပြည့်ပြီးတာနဲ့  စင်ကာပူနိုင်ငံသားပြောင်းရင်ပြောင်း မပြောင်းရင် ပီအာမပေးဖို့  စလုံးတွေက သူတို့ ရဲ့ ပါလီမန်အမတ်တွေကို ဖိအားပေးဖူးတယ် အဲဒီ့ရဲ့ ရလာဒ်ကတော့ ပီအာနဲ့  စလုံးနိုင်ငံသား ကလေးတွေရဲ့ ပညာရေး ကုန်ကျငွေတွေမှာ သိသိသာသာ ကွာဟာလာတယ် နောက်ပိုင်း စင်ကာပူဝန်ကြီးချုပ် ကိုယ်တိုင် စင်ကာပူနိုင်ငံသားကို အရာအရာတိုင်းမှာ ဦးစားပေးရမယ်လို့  ပြောဆိုလာတာကို တွေ့ ရပါတယ် ပြောရရင်အရှည်ကြီးမို့  မဖော်ပြတော့ပါဖူး

ကျွန်တော်ပြောခဲ့သလိုပေါ့ စင်ကာပူနိုင်ငံသား ခံယူတာ မယူတာက လူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပါတယ်

ပျော်ရွှင်ချမ်းမြေ့ ကြပါစေ ...

Z

nyimuyar said...

တင်ပြထားပုံ နဲ့ ကွန်မန့်  တွေ အတွက် ပို့စ်တင်သူရော ရေးသူတွေကိုရော appreciate လုပ်ပါတယ်