Monday, March 21, 2011

ကမ္ဘာ့ကဗျာရဲ့လတ်တလောအရွေ့




ကဗျာ့ကမ္ဘာဟာ ကဗျာမဆန်တော့ဘူး။ ကမ္ဘာ့ကဗျာဟာ ကမ္ဘာဆန်လာတယ်။ ကမ္ဘာဟာပေါက်ကွဲမှုကြောင့် ပေါ်ပေါက်လာ။ ကဗျာဟာ ပေါက်ကွဲမှုကြောင့် ပေါ်ပေါက်လာ။ စကြ၀ဠာမှာ ကမ္ဘာဆိုတာ သေးသေးလေးပါ။ စကြ၀ဠာမှာ ကဗျာဆိုတာ သေးသေးလေးပါ။ ကမ္ဘာဟာလုံးဝန်းတယ်။ ကဗျာဟာလုံးဝန်းတယ်။ ကမ္ဘာဟာလည်နေတယ်။ ကဗျာဟာလည်နေတယ်။ ကမ္ဘာဟာရွာပဲ။ ကဗျာဟာရွာပဲ။ ကမ္ဘာပြားသွားတယ်။ ကဗျာပြားသွားတယ်။ ကမ္ဘာလောကမှာ ငလျင်လှုပ်တယ်။ ကဗျာလောကမှာ ငလျင်လှုပ်တယ်။ ကမ္ဘာဟာ မူလ၀င်ရိုးကနေ ၂၅ စင်တီမီတာ ရွေ့သွားတယ်။ ကဗျာဟာ မူလသင်ရိုးကနေ ၂၅ စင်တီမီတာ ရွေ့သွားတယ်။ ကမ္ဘာဟာ fault လိုင်းတွေနဲ့- ကမ္ဘာက ဆက်ရွေ့ဦးမှာ။ ကဗျာမှာ fault လိုင်းတွေနဲ့- ကဗျာက ဆက်ရွေ့ဦးမှာ။



ပန်ဒိုရာ
(၂၀၁၁ မတ် ၂၁ ကမ္ဘာ့ကဗျာနေ့သို့)

9 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကမ္ဘာ့ကဗျာနေ့မှာ ကဗျာဆရာတွေ
ကဗျာချစ်သူတွေ အားလုံး
ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပါတယ်
မပန်ရေ ...

ခနွဲ said...

ကမ္ဘာ့ ကဗျာကို ဖတ်သွားပါတယ်အစ်မ။

တောက်ပကြယ်စင် said...

ကမ္ဘာ့ကဗျာကို ဖတ်မှတ်သွားပါတယ် ပန်ပန်ရေ ကျန်းမာရွှင်လန်း အေးချမ်းပါစေဗျာ...

ညီလင်းသစ် said...

ပထမဆုံး ၂ ကြောင်းကို ဖတ်ပြီး 'ကြည်ပြာပန်း အပြာရောင်'တို့၊ 'မြောင်းမြမြို့မှ မောင်မြမောင်'တို့ရဲ့နောက်ဆက်တွဲအဖြစ် ထည့်မလားလို့ စဉ်းစားတယ်၊ ပန်းချီကားလေးကို ကြိုက်လွန်းလို့ ပုံကြီးချဲ့ပြီး ကြည့်မိ တယ်..။

seesein said...

ကဗျာဖန်တီးသူရော ဘာတွေဖြစ်သွားသေးလဲ ကမ္ဘာကြီးနဲ့ ကဗျာကြီးကတော့ သွက်သွက်လည်ကုန်တော့......
ခင်လို့စသွားပါကြောင်း

ခင်မင်တဲ့
seesein

ShwunMi said...

ဆရာသစ္စာနီ ရဲ့ ကဗျာပြားပြီ ကို သတိရသွားတယ်..
ကမ္ဘာရော ကဗျာရော လုံးရာက ပြားကုန်ကြပီနော်..

Cameron said...

ကဗျာနေ့မှာ ကိုယ်တိုင်ကဗျာမရေးနိုင်ပေမယ့် ကဗျာရေးနိုင်တဲ့သူဆီ အရောက်လာအားပေးခဲ့ပါတယ်...။

ခင်တဲ့
မိုးငွေ့

ချော(အစိမ်းရောင်လွင်ပြင်) said...

ကမ္ဘာ့ကဗျာနေ့မှာ
ကဗျာချစ်သူ ကဗျာရေးသူ ကဗျာဖတ်သူအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။
ကဗျာရေစီးကြောင်းလေး ထာဝစဉ် သာယာလှပဖြောင့်ဖြူးပါစေ

တန်ခူး said...

ကမ္ဘာရော ကဗျာပါ အသက်ရှည် ကျန်းမာပါစေ...သရုပ်ဖော်ပုံက အရောင်လေးတွေကို ပို့ စ်မှာပြန်သုံးထားတာ အမြင်ဆန်းတယ်... သတိထားမိတာက ပူတဲ့အရောင်တွေအသုံးများတာပဲ... အဲဒီအရောင်တွေကပြောတဲ့စကားပါ နားထောင်သွားတယ်