Tuesday, January 15, 2013

လူမြစ်ကြီး

painting ICN2

လူမြစ်ကြီး

လူမြစ်ကြီး  တဟီးဟီး စီးဆင်းနေလေရာ
ထွေးထွေးအုံးအုံး လူလုံးကြီးအကြား သွေးချွေးချောဆီတွေနဲ့ မွှတ်မွှတ်ချွဲချွဲ တရွှဲရွှဲမျော
မြင့်ရာမှ လိမ့်လာကြ နိမ့်ရာမှာ လှံစိုက်ကြ လူတံခွန်ထဲ ဝေါခနဲ
လူဗေဒါတွေ လူ့ဒိုက်တွေ လူ့အမှိုက်တွေနဲ့ လူ့စရိုက်တွေဖွဲ့ လူ့မြစ်ကျိုးအင်းတွေကိုထားခဲ့
လူလက်တက် လူစီးကြောင်းတွေ လူရေကျော်တွေနဲ့ သေဖော်ညှိ
ပျော်ပျော်ကြီး မျက်စိမှိတ် ဒိုင်ဗင်ခုန်ဆင်းထား သမုဒ္ဒရာရဲ့ အဆုံးအထိဆက်သွား
အဲဒီမှာ လူသားနံရံကြီးနဲ့ အပြားလိုက် ကန့်လန့်ခံတားဆီးနေ
ပင်လယ်စောင့်နတ်သမီးတွေက ၀ိုင်းအုံထ ခါးပုံစ ဆွဲထားကြပါလေရော
မဏိမေခလာကို ရှင်တို့ပြဿနာတွေနဲ့ ဝိုင်းဝန်းကယ်တင်ကြမလို့လား တဲ့
တရုပ်နဂါး လူထိုးကစားတဲ့ခေတ်ပါ ရှင်တို့ရယ် တဲ့
ခေါင်းမှာနေရင် နည်းနည်းပဲလှုပ်စရာလိုမယ် အမြီးပိုင်းရောက်လေ ပိုပြေးရလေ တဲ့
ရပ်ပစ်ရွာပစ် အကြံအစည်သစ်တွေမှာ ဘာအိုင်ဒီယော်လော်ဂျီမှမလိုဘူး တဲ့
စွန့်ပစ်ပစ္စည်းတွေကို ခုတင်အောက် ထိုးထည့်ထားလိုက်ဖို့ပဲလိုတယ် တဲ့
ညနေဆည်းဆာကိုတောင် ကိုရီးယားရုပ်ရှင်နဲ့ အလိုက်ပေးလဲနိုင်သေးတာပဲ တဲ့
အင်တာနက်အပွင့်ကြီး ထဲမှာ ဘ၀တွေဟာ ပိတ်မနေတော့ဘူး (ယုံချင်မှယုံ) တဲ့
ပေါင်းမြက်တွေကြားမှာ စပါးတစ်ပင်ကို ပေါင်းလို့ စွပ်စွဲလိုက်ဖို့ဝန်မလေးဘူး တဲ့
ကိုင်း.. ရောင်စုံကမ္ဘာမှာ အဖြူအမည်းအဖြစ် ဂန္ထ၀င်တွင်ရစ်ဖို့ ကလီရှေးတွေနဲ့ပဲ ဆေးခြယ်စို့ တဲ့
အဲဒီအခိုက် ပုလွေသံ ရုတ်တရက်ကြား လူမြစ်ကြီးလည်း ရွစိရွစိ ပျော်ရွှင်ဟစ်ကြွေး
အဲဒါ စလေအညာက ပုလွေဆရာ the piper လိုက်ထားကြဟေ (ဤတွင် နိဌိတံ)

ပန်ဒိုရာ
(၁၁.၁၁.၁၁ - ၁၄.၁.၂၀၁၃ )









Expand..

Monday, January 14, 2013

Nobody likes this kind of birthday gift


Nobody likes this kind of birthday gift

Of course you were born so that you exist
That’s why you have a birthday, just like others on earth, so what
Then you might personalize your existence but you can’t
Escape from the following recipe, can you
Salty body+ Spicy actions + Bitter mind +Sour thoughts= Delicious life
If you think the above are too pessimistic, here’s a tip
Don’t forget to sweeten it with a pinch of MSG
Just that MSG might refer to misery, solitude and grievance  

Pandora
(9-14.1.2013)
To Ma Nor, Ma Eaindra, KSL, Ma Thet Wai and Nada Gordon and those ladies who were born in Dec and Jan





Expand..

Thursday, January 10, 2013

ယုံကြည်မှု ကို ဂူဂဲ တွင် ရိုက်ရှာခြင်း (စာလုံးပေါင်းသတ်ပုံနှင့် စာရိုက်ပုံများ မူရင်းအတိုင်း)


 
painting ICN2


ယုံကြည်မှု ကို ဂူဂဲ တွင် ရိုက်ရှာခြင်း (စာလုံးပေါင်းသတ်ပုံနှင့် စာရိုက်ပုံများ မူရင်းအတိုင်း)


စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုနှင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းအား နည်းလမ်းရှာမည့် ...
လူသားတို့ဘ၀ ကျွဲလောက်မှ ယုံကြည်မှု မရကြပါလား
နည်းပြအပေါ် ယုံကြည်မှု မပြတ်သေးသည့် QPR
ပြည်ပ အတိုက် အခံများ အစိုးရပေါ် ယုံကြည်မှု ...
သရုပ်ဆောင် သင်တန်း တက်ပြီးမှ အနုပညာနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုဖြစ်လာတဲ့ နန်းမြတ်ဖြိုးသင်း.
ဂြိုဟ်၊ နက္ခတ်နှင့် ယုံကြည်မှု ခြင်းရာများ
ဝဲလ်ကော့ အနေနဲ့ အသင်းရဲ့ ယုံကြည်မှု ကို ပြန်လည်ပေးဆပ် ရပါမယ် #ဝင်းဂါး
ပြည်တွင်း ပုဂ္ဂလိကဘဏ်များအပေါ် ငွေစုဆောင်းအပ်နှံသူများ ပိုမိုယုံကြည်မှု ရရှိလာစေရန် ...
မန်ချက်စတာ စီးတီး အသင်း၏ အိမ်ကွင်း သို့ သွားရောက် ကစားချိန်တွင် အာဆင်နယ် အနေဖြင့် ယုံကြည်မှု
ယုံကြည်မှု ဟာ သင့်ရဲ့ဘ၀ တစ်ခုလုံးကို ပြောင်းလဲ သွားစေနိုင် တယ် ။
နည်းပညာတွေမြင့်မား လာတာနှင့် အလျှောက် လူများ၏ ယုံကြည်မှုတွေကော မြင့်မားလာတာလား သို့မဟုတ် အမျိုးသားများ တစ်နေကုန် မွှေးပျံ့စွာဖြင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်ဝစွာ နေနိုင်ရန် ...
ပြည်သူလူထု ယုံကြည်မှု ပျောက်ကွယ် သွားနိုင်သည်ဟု ကိုးဘွဲ့ရ ဆရာတော် အစိုးရကို သတိပေး. ယမန်နေ့ ...
ရွန်းနေအပေါ် ယုံကြည်မှု အပြည့်ရှိနေသည့် ...
မီဒီယာနဲ့ ယုံကြည်မှု
ယုံကြည်မှု မရှိရင် အလုပ်မဖြစ်ဘူး
အာဆင်နယ် တိုက်စစ်မှူး အိုလီဗီရာ ဂီရော့ဒ်က မိမိကိုယ်ကိုယ် ယုံကြည်မှု.
သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မိမိကိုယ်ကို ယုံကြည်မှု အားနည်းကြောင်း Harry Potter မင်းသား ...
အရည်အချင်းနဲ့ ယုံကြည်မှု - အရှင်ကုသလသာမိ ...
အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို လက်ခံမယ်ဆိုရင် နိုင်ငံတကာရဲ့ ယုံကြည်မ...
၄၅ သန်းတန် ယုံကြည်မ. ဒီကဗျာလေးကို ဆရာဇေယျာလင်းရဲ့ ထင်ရှားသည့် အမှတ်အသားများကဗျာစာအုပ်မှ ...
အနာဂါတ်ကိစ္စများကို မှန်းဆရန်အတွက် နက္ခတ် ဗေဒင် ယုံကြည်မှု၊ လောကီပညာရပ်တစ်ခုဖြစ်သော ...
သစ်နက်ဆူး...ဘာလဲ...ဘယ်လဲနှင့် ယုံကြည်မ
ပွဲစားများအပေါ် ယုံကြည်မှု လျော့နည်းလာ၍ မန္တလေးမြေဈေးကွက် အေးစက်
ကျွန်ုပ်တို့၏ယုံကြည်မှု ရှိခြင်းသည်၊ အသက်တာတွင် ဘုရားသခင် ၏ကောင်းကြီးများရရှိရန်၊
ဘာကိုမှ မယုံဘူးကွာ ဆိုတဲ့သူ ဟာ ယုံကြည်တဲ့ အဖြစ် ကို ငြင်းဆန် နေတဲ့ သူ (တနည်း) ယုံကြည်မှု
အသင်း မန်နေဂျာ ကာလို အန်ဆလော့တီ ကလည်း ကျွန်တော့် အပေါ် ယုံကြည်မှု အပြည့် ရှိသူပါ" ဟု ဘောလက်က ...
စစ်တမ်းများ အရ ထိုင်းနိုင်ငံသား အများစုသည် လက်ရှိ ဝန်ကြီးချုပ် အပေါ် ယုံကြည်မ အပြည့်ရှိ ...
ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု မရှိသဖြင့် အပ်နှံငွေများ ...
ယုံကြည်မှု မရှိသည့် ၂၀၁၀ ရွေးကောက်ပွဲ.
အီရန် နိုင်ငံ အနေဖြင့် ကာကွယ်ရေး ကဏ္ဍ၌ အပြည့်အဝ ယုံကြည်မှု ရရှိခဲ့ပြီး ကာကွယ်ရေး ဆိုင်ရာ ...
လီဗာပူး အသင်း သို့ မန်နေဂျာသစ် ဘရန်ဒန် ရော်ဂျာ ရောက်ရှိ လာခြင်းက မိမိကို ယုံကြည်မ တိုးပွား ...
ရှမ်းလူမျိုးတို့ ၏ နတ်အပေါ် ယုံကြည်မှု
ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော
ယုံကြည်မှု မရှိတော့ရင် ခင်မင်မှုလည်း အဆုံးသတ်သွားမှာပေါ့…
ကိုးကွယ်ယုံကြည်မှု ရဲ့ အရင်းခံ သဘောက အကြောက်တရား နှင့် ရယူလိုမှု  
နိုင်ငံ အချင်းချင်းကြားက ယုံကြည်မှုက စလို့ သူငယ်ချင်း နှစ်ယောက်ကြားက ယုံကြည်မှုထိ ယုံကြည်မ ...
ရင့်ကျက်လာပြီလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝလာတဲ့ ရာဖေးလ်.
ဗုဒ္ဓ၀ါဒနှင့် တမလွန်ဘ၀ ယုံကြည်မှု. ရုပ်ဝါဒအရ လူ(သို့မဟုတ်) သက်ရှိသတ္တ၀ါသည်
ကချင်ပြဿနာ အပြန်အလှန် ယုံကြည်မ တည်ဆောက်ရန် ...
ဒေါ်စုအယူခံ ပယ်ခံရတာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်.
ယုံကြည်မှု youtube videos, စိုးစန္ဒာထွန်း.
သို့မဟုတ် ယုံကြည်မ အညှာလွယ်ကြပါသလား။ သက်ရှိမျိုးစိတ်တစ်ခုအနေဖြင့် ကျွန်တော်တို့သည် ...
အဲဒီလို ယုံကြည်မှု ပျက်သွားတာကို ပြန်ပြီး ယုံကြည်မှုတည်ဆောက် မယ်ဆိုရင် အဲဒီ ဘင်္ဂလီတွေအနေနဲ့ ...
ယုံကြည်မှု ၀တ်မှုံကူးခြင်း ~ ဘ၀ခြေရာ
ကျွန်မဘ၀မှာ တန်ဖိုးထားတဲ့အရာ များများစားစားမရှိလှပါ။အဲဒီထဲမှာမှ ယုံကြည်မှုဆိုတဲ့အရာ ...
ယူနိုက်တက်ရဲ့ ချန်ပီယံ စိန်ခေါ်မှု တွေအတွက် ယုံကြည်မှု ရှိနေဆဲ-(ရွိင်ယန်ဂစ်) ...
ယုံကြည်မ၌လေ့ကျင့်ခြင်း (၃) » ဘ၀သစ်မီဒီယာ
ပျော်ရွှင်မှု၊နားလည်မှု၊ယုံကြည်မ၊ ထိတွေ့ဆက်ဆံမှုတွေ မျှမျှတတရှိနေတာကို အချစ်လို့ခေါ်တာပါ.
ယုံကြည်မ ဆိုင်ရာ အမှတ် (၁) ၊ အနှိုင်းမဲ့ပညာ (၀ိပသနာ). က်ျ စာအုပ် (၂) အုပ်ကို ဖတ်လိုက်ရုံဖြင့် ...
ယုံကြည်မှု ပြန်လည် မြင့်တက် လာပါက အန်ဒီ ကာရိုးလ်သည် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦးအဖြစ် ...
မျိုးဆက်ဟောင်း-မျိုးဆက်သစ်တို့ကြား ယုံကြည်မှု တည်ဆောက် ရေးများ အရေးတကြီး လိုအပ်နေသော်လည်း ...
အောက်မှာရှိတဲ့ မေးခွန်းတွေကို ဖြေဆိုပြီး ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု စွမ်းရည်ကို အကဲဖြတ် ...
ယုံကြည်မှု အားလုံးဟာ မသိမြင်သေးဘူး ဆိုတဲ့ အဖြစ်က ... ခင်ဗျား ယုံကြည်မှု ဘယ်ကနေ ထွက်လာပါသလဲ။
ကိုယ့်စိတ်ကြိုက် ဖက်ရှင် ဝတ်ဆင်သွားတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မ ပိုရှိလာသလို
တဖက်နဲ့ တဖက် ယုံကြည်မှု မရမချင်း ကလေးတွေ ကျောင်းသွားဖို့ကိစ္စတွေက မဖြစ်နိုင်သေးဘူး။


ပန်ဒိုရာ
၂၉ ဒီဇင်ဘာ၂၀၁၂

Expand..

Friday, January 4, 2013

လူထုဆီသို့ သယ်ဆောင်လာသော …



Liberty leading the people by Ferdinand Victor Eugène Delacroix






၂၀၁၃ ဇန်နဝါရီ ၄ ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ သေနတ်သံတွေ၊ ကြွေးကြော်ကြုံးဝါးသံတွေ၊ မကျေမနပ်တောင်းဆိုသံတွေ၊ နာကျင်ညည်းတွားသံတွေကတော့ လွတ်လပ်ရေးရပြီး ၆၅ နှစ် တိုင်သည်အထိ ကြားနေရဆဲပါ။

အိုင်အိုဝါတက္ကသိုလ်မှာ International Writing Program တက်နေတုန်း နယူးယောက်မြို့က Battery Dance Company နဲ့အတူ ပူးပေါင်းဖျော်ဖြေဖို့ Ellis Island နဲ့ Veterans Day အတွက် Expressing Freedom ဆိုတဲ့ စင်တင်ကပြမှု အစီအစဉ်အတွက် အမှတ်တရ စာတစ်ခုခု ရေးသားပေးပါလို့ IWP စာရေးဆရာတွေဟာ ဖိတ်ခေါ်ခံရပါတယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး။ ဗော်လံတီယာ စေတနာ့ဝန်ထမ်းပေါ့။ ရောက်တုန်းရောက်ခိုက်မှာ ပါဝင်ဆင်နွှဲချင်တဲ့အတွက် လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ ကဗျာတစ်ပုဒ်ကို ရေးပေးခဲ့ပါတယ်။ ကဗျာရဲ့ အင်္ဂလိပ်ဗားရှင်းကို အကပညာရှင် Carmen Nicole ရဲ့ အကသရုပ်ဖော်နဲ့ အတူ ရွတ်ဆိုတင်ဆက်ခဲ့ပါတယ်။ အဲဒီပွဲကို အစကတော့ Ellis Island မှာ စင်တင်ကပြမကြလို့ စီစဉ်ခဲ့ကြတယ်။ နောက်တော့ စန်ဒီ ဟာရီကိန်း ကြောင့် နယူးယောက်မြို့ ဘရော့ဝေးလမ်းက Access Theatre မှာပဲ ကျင်းပလိုက်ရပါတယ်။ IWP က စာရေးဆရာ ကဗျာဆရာ ၁၀ ယောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီကဗျာကို ရေးတဲ့အချိန်မှာ ခေါင်းစဉ်အတွက် “Liberty Leading the People” ဆိုတဲ့ နာမည်ကျော် ပြင်သစ်ပန်းချီကားရဲ့ လှုံ့ဆော်မှုကို တစ်စိတ်တစ်ပိုင်း ရခဲ့တယ်။ ဒီကဗျာခေါင်းစဉ်ကတော့ “….leading to the people” ပါ။  ပန်းချီကားအကြောင်းကို တစ်ချိန်က ဘလော့ဂ်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။  ပြန်ဖတ်လို့ရပါတယ်။ http://pandora-and-pandora.blogspot.com/2007/10/blog-post_28.html

မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အတွက် အဲဒီကဗျာကို အမှတ်တရ တင်လိုက်ပါတယ်။ ကဗျာရွတ်ဆိုမှုနဲ့ တွဲဖက်ကပြမှု ဗွီဒီယိုဖိုင်ကိုလည်း တင်လိုက်ပါတယ်။ 



လူထုဆီသို့ သယ်ဆောင်လာသော…

ဖြတ်သန်း ပြီးတော့ ဖြတ်တောက်
ပြတ်တောင်းပြတ်တောင်း ဖြတ်
ပြတ်တောင်းပြတ်တောင်းများစွာနဲ့ ဖြတ်
တဆက်တစပ်တည်း ဖြတ်
တစ်သက်တာထာဝရ ဖြတ်
တစ်ဦးဆိုင်လက်နဲ့
အများပိုင်လက်နဲ့
ရှေ့ကကမ်းတဲ့ လက်တစ်ချောင်းနဲ့
ရှေ့ကိုလှမ်းတဲ့ လက်အချောင်းချောင်းနဲ့
သေးကွေးနုနယ်လက်တွေနဲ့
အရေတွန့်ရှုံ့တွလက်တွေနဲ့
သွယ်ပျောင်းဖော့ဖယောင်းလက်တွေနဲ့
ဆာလောင်ငတ်မွတ်အရိုးပြိုင်းလက်တွေနဲ့
သွေးရောင်လွှမ်းကျန်းမာသန်စွမ်းလက်တွေနဲ့
လက်ဖြူတွေ လက်မဲတွေ လက်ဝါတွေ
တစ်ခုခုကို ဆုပ်ကိုင်ချင်ရင် တစ်ခုခုကိုတော့ လွှတ်ချခဲ့ရမယ်
(ဟင့်အင်း တစ်ခုမက အများကြီး)
ကြက်သီးမွေးညင်းတွေ
ပါးစပ်ထဲကိုက်ထားတဲ့ လက်သည်းတွေ
တဆတ်ဆတ်တုန်နေတဲ့ ရင်ခုန်သံတွေ
နက်ရှိုင်းတဲ့အမြစ်တွေရဲ့ ဖက်တွယ်မှုတွေ
ဒရွတ်တိုက်နေတဲ့ သံကြိုးထူထူတွေ
ပျံ့လွင့်နေတဲ့ ထင်ယောင်ထင်မှားတွေ
ဒါတွေကို လွှတ်ချလိုက်ပြီး မီးရှုးတိုင်တစ်တိုင်ကို ကိုင်စွဲနိုင်လိုက်တဲ့အခါ
အဲဒါကို လွတ်လပ်ရေးလို့ခေါ်တယ်

ပန်ဒိုရာ
၂၆.၁၀.၂၀၁၂

....................
 

….. leading to the people

pass it and then cut it
cut it in hesitation
cut it in continuous hesitation
and cut it ceaselessly
and cut it forever
with a single hand
with a plural hand
with the number-one hand
with a number of one-hands
with tiny kiddy hands
with shrinking wrinkly hands
with waxy squashy hands
with hungry bony hands
with pinky healthy hands
white hands black hands yellow hands
if one wants to grasp something, one has to release something
(not something but many things)
the goose bumps
the bitten nails
the trembling heartbeats 
the clinging deep-roots
the dragging bulky chains
the wavering myths
the time you drop all of them and hold a torch
it’s called liberty

Pandora
26 Oct 2012

Expand..