Friday, June 29, 2007

One Act Play

ဘာသာပြန်ကြည့်ဦးမလား။



ဘာသာပြန်ထားသည်များကို ဖော်ပြထားပါသည်။

Expand..

Thursday, June 28, 2007

ပါးပြင်နဲ့ မှီအုံး

မလေးက ပြောတယ်။ ကိုယ့် ကဗျာတွေကို ဖက်အိပ်ချင်တယ် တဲ့။ အဲဒါနဲ့ ဒီကဗျာရိုးရိုးလေးကို ရေးပေးလိုက်တယ်။ မလေး အတွက်... ဆိုတော့ တချို့ တချို့ လူတွေကို ကိုယ်စားပြုနေရာ ရောက်နေမလားတော့ မသိ။

Expand..

Tuesday, June 26, 2007

ကျွန်ုပ်နှင့် ကြေးအိုး

ကျွန်ုပ်နှင့် ကြေးအိုး

တနေ့သ၌ ကျွန်ုပ် ပန်ဒိုရာသည် ဆားချက်သည် ဟု အပြောခံရခြင်းများကို တစိမ့်စိမ့်တွေးရင်း ရင်တွင်းမှ တနုံ့နုံ့ဖြစ်လာသည့် အလျောက် ငါသည်ယနေ့မှ စ၍ ပြည်သူအကျိုးပြုစာ ခွန်အားရှိသောစာ အရသာရှိသောစာ များကို တစိုက်မတ်မတ် ရေးသားတော့အံ့ဟု ကြွေးကြော်ကြုံးဝါးကာ အိမ်မှ ခြေလှမ်းကျဲများဖြင့် ထွက်လာခဲ့လေသည်။

Expand..

Winter

အလုပ်တကယ်များတယ်။ ဒီကဗျာလေးတော့ တင်ချင်ပါတယ်။

တိုတိုလေးနဲ့ ပို့စ်တစ်ခု လုပ်တယ် ဖြစ်မှာစိုးလို့။ အရမ်း လည်း ရိုးလွန်းနေလားလို့။ အခုတလော ဆားတွေ ချက်နေကြတယ် ဆိုတော့ ဟဲဟဲ။

ဘာသာပြန်ကြည့်ကြမလား။ နှလုံးသားတွေ တိုက်ဆို်င်မလား လို့။



drawn in "paint". used pencil, brush, airbrush, fill with colour tools and my mini-mouse

ဘာသာပြန်ထားသည်များကို ဖော်ပြထားပါသည်။

Expand..

Friday, June 22, 2007

ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ



drawn in "paint". used brush, airbrush, fill with colour tools and my mini-mouse


ငါ့ရဲ့ ရွှေရောင်သဲပွင့်တွေ

Expand..

Wednesday, June 20, 2007

Past

အချိန်မရလို့ အဟောင်းလေးတွေ တင်လိုက်ပြန်ပြီ။ ဟိုက်ကူဆန်ဆန် ရေးကြည့်ထားတာ။



Expand..

Monday, June 18, 2007

19 June 2007



drawn in "paint". used pencil, brush tools and my mini-mouse. modified in photoshop.

Saturday, June 16, 2007

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးရေစက်တွေနဲ့အတူ Happy Birthday Nyimalay!

မိုးတွေ ရွာနေတယ် ညီမလေးရေ..
ဒီလိုမိုးတွေ ရွာတော့
ဟိုး လွန်ခဲ့တဲ့ ၂၃ နှစ်က ဇွန်လ ၁၇ ရက်နေ့
မိုးတွေသည်းသည်း ရွာနေတဲ့ နံနက်ခင်းတစ်ခုကို သတိရတာပေါ့ကွယ်…

Expand..

Thursday, June 14, 2007

ကံ့ကော်


(www.innwa.com , by zayar aye)

ကံ့ကော်

ကံ့ကော်....။ ပွင့်ဖတ် ဖြူဖွေးသည်။ ၀တ်ဆံ ၀ါနုသည်။ မွှေးရနံ့ သင်းပျံ့ယဉ်သည်။ အပင်မြင့်ဝယ် တင့်တယ်သည်။ ရာသီအချိန်အခါဖြင့် ဖူးပွင့်လေ့ရှိသည်။


Expand..

Sunday, June 10, 2007

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါများနှင့် ဟာသ

ဘလော့ဂါတွေ ရေးထားကြတာ ဖတ်မိသလောက် ကြည့်လိုက်တော့ ဟာသဉာဏ် ရွှင်ကြတာတွေကို တွေ့ရပါတယ်။ ကိုယ့် ဘလော့ဂ်ရဲ့ theme အရ ဘယ်လောက်ပဲ စာတည်စာခန့်တွေ ရေးကြလည်း အနည်းဆုံး ဆီပုံးထဲမှာဖြစ်ဖြစ် သဘောကျလောက်စရာ မှတ်သားလောက်စရာ ရယ်စရာ လေးတွေ ရေးထားတာကို သွားသွားတွေ့တာပါပဲ။

ဆရာ ကိုတာကတော့ ဟာသဉာဏ်ဆိုတာ တွေးရိုးတွေးစဉ်ကနေ ဖောက်တွေးတာ၊ ဘေးထွက်တွေးတာ၊ ဉာဏ်ကောင်းတဲ့လူများသာ တွေးနိုင်တာဆိုပဲ။ (ဟဲ)

ဂျစ်တူးရဲ့ နာမည်ကျော် ကမောက်ကမ တွေကတော့ အားလုံးကို အပန်းပြေ ရယ်မောစေတာပါပဲ။ ဆရာ အော်ပီကျယ်ရဲ့ ဟာသများကို ဆင့်ပွားခံစားသူ ကိုပု ရဲ့ အတွေးတွေကလည်း ထူးဆန်းပါပေ့ ဆရာပုရယ်လို့ ပြောရမလို။ အေးအေးနေတတ်တဲ့ ကဗျာဆရာလေး ညီညီ(သံလွင်) ဆိုရင်လည်း ပြန်ဖတ်တိုင်း ပြုံးရရယ်ရတဲ့ ပြဇာတ် တစ်ပုဒ်ရေးထားတာ အံ့စရာ။ အသည်းကွဲ ကဗျာဆရာ ခရီရေတာကလည်း အငြိမ့်ပြက်လုံးတွေ ဒီလိုရေးတတ်လိမ့်မယ်လို့ မထင်ရဘူး။ စာအလေးအနက်တွေ တင်လေ့ရှိသူ မမေဓာဝီရဲ့ လျှပ်တပြက် ဟာသများ ဆိုရင်လည်း တစိမ့်စိမ့်တွေးလို့ ရယ်ရတယ်။ ခပ်တည်တည် အတွေးအခေါ်တွေ ရေးလေ့ရှိတဲ့ ကိုစေးထူးရဲ့ ပေါက်ကြမယ်ဟေ့ ကောင်းကောင်း ဆိုရင် မြင်ယောင်ပြီးတော့ကို ရယ်ရတာ။ တက်စလာ ရဲ့ ကွန်မန့်တွေကို ပြန်ဖြေထားပုံကတော့ ဦးပေါ်ဦး လားအောက်မေ့ရတယ်။

ကဒေါင်းညင်သာ ဆိုတာကတော့ စာတွေတော့ အတည်ပေါက်ရေးပြီး ဆီပုံးတွေထဲမှာ ဟွန်း ဟင့်နဲ့ ဟန်မူပါပါ နောက်တတ်သူ တစ်ယောက်ပေါ့။ ဘာညာကတော့ ကွိကွိဆိုတဲ့ ရယ်သံ အိအိ ဆိုတဲ့ ငိုသံကစပြီး ရယ်စရာကောင်းနေပြီ။ ညလေးကတော့ ပို့စ်လေးတွေ ခေါက်တာဆုံးသွားရင် ရှိတော့ဘူးကုန်သွားပြီ ဆိုပြီး သဘောကျစရာလေး ရေးထားတာ။ မောင်ရန် ရဲ့ ဟိုညဆိုရင် အင်း….။ မောင်ပွတ် တို့ရဲ့ မဟာအစည်းအဝေး မှတ်တမ်းတွေကတော့ သမိုင်းတင်လောက်ပါရဲ့။ ဘလာဂေါက်ရဲ့ ဆီပုံးထဲရေးရေးသွားတဲ့ အင်္ဂလိပ်စာ စွမ်းရည်ကလည်း သြောချရတာပဲ။ ဒါ နမူနာတွေပဲ ရှိပါသေးတယ်။ ဆက်ရေးရရင် ဆုံးမှာ မဟုတ်တော့ဘူး။

အဲ.. ဒီလို ဘလော့ဂါတွေ ဆွဲထည့်ထားတာကတော့ ပေါနေတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုပြီး အရင်ဆုံး သူခိုးသေဖော်ညှိလိုက်တာပါလေ။ (ဟဲ)

ဒီအထဲမှာတော့ မကြာခင်ကပဲ ဘလော့ဂ်လောက က ထွက်သွားတဲ့ ပါဠိပညာရှင် ကိုနတ္ထိနဲ့ အပြန်အလှန် ပြောမိတာလေးတွေကို သူ့ဆီပုံးထဲက အမှတ်မထင် ကူးထားမိသလောက် တင်ပြလိုက်ရပါတယ်။ အားလုံးအတွက် အမှတ်ရစရာဖြစ်မယ် ထင်ပါတယ်။ ကိုနတ္ထိဆီက ခွင့်မတောင်း နိုင်တော့ပေမယ့် သဘောထား အလွန်ပြည့်ဝသူ ကိုနတ်တစ်ယောက် ခွင့်ပြု ခွင့်လွှတ်လိမ့်မယ် လို့ ယုံကြည်မိပါတယ်။

အင်း…..တခါတခါကျတော့လည်း ရယ်စရာက လွမ်းစရာ ကောင်းစေတယ်။ ဆရာ ရန်ကုန်ဘဆွေ ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးလိုက်တယ်။ ပြဇာတ်ထဲမှာ အလွမ်းနဲ့ဆုံးမယ့်ဇာတ်လမ်းတွေမှာ ဟာသလေးတစ်ခန်းကို မသိမသာ ရှေ့မှာကပ်ထည့်၊ ပိုလွမ်းစရာ ကောင်းတယ် ဆိုတာလေ။


ဆီပုံးထဲမှ ပြင်ညာချိတို့ ဆွေးနွေးခန်း


pandora: ဒီနေ့တော့ လေနေတယ်.. ကျွဲဟာ ရွှံ့ညွံမှာ ပျော်မွေ့သလို ပန်ဒိုရာသည် ဘလော့မှာသာ ပျော်မွေ့နေတယ်။

နတ္ထိ: ကြောင်သည် ငါးကြော် ကြိုက်သကဲ့သို့ နတ္ထိသည် အိပ်ငိုက်နေတယ်။

pandora: ငါးကြော်မကြိုက်က ကြောင်မိုက်ဖြစ်သလို လန်းတာလေး မကြိုက်ရင် ကိုနတ် လူမိုက်ဖြစ်မယ်..ဟဲ. လန်းခြင်း=အိပ်မငိုက်ခြင်း (တလွဲမတွေးနဲ့)

နတ္ထိ: လန်းခြင်းသည် modelလေးတွေရဲ့ ပုံဟန် ဖြစ်သလို အိပ်ငိုက်ခြင်းသည် နတ္ထိ၏ ပုံစံ ဖြစ်၏။

pandora: အိပ်ငိုက်သူသည် သွားရည်ကျ၏။ မော်ဒယ်ကလေးများကို ခံစားသူလည်း အဲ.. သွားရည်ပဲကျ၏။ ကိုနတ်ကား သွားရည်ကျသူ ဖြစ်သလော။

နတ္ထိ: မျက်လုံးသည် (ဘလော့ဂ်ဂါ ကိုမျက်လုံး မဟုတ်) အစာအိမ်ထက် ကြီး၏။ နတ္ထိသည်ကား မျက်လုံးပြူးသူ ဖြစ်၏။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်သည့်အခါ မျက်လုံးကို လုံအောင်မဖုံးနိုင်ရှာ။ ထို့အတူ မော်ဒယ်ကလေးများသည် လည်း.. (အဲ.. ရှုပ်ကုန်ပြီ။)

နတ္ထိ : ကြည့်သောသူ မြင်၏၊ နတ္ထိသည် မြင်အောင်ကြည့်သူတည်း။

pandora: မျက်လုံးပြူးသူသည် အိပ်ငိုက်ချင်ယောင်ဆောင်ကာ မော်ဒယ်ကလေးများကို မြင်အောင်ကြည့်သော အလုပ်သည်ကား အတော်ကြောင်သည့်အလုပ်ပေတည်း။

(နောက်ထပ် ဆက်ရေးကြသေးသည်။ အဲဒါတွေကိုတော့ ကူးမထားမိသဖြင့် ပျောက်ပျက်သွားပါသည်။ မမှတ်မိတော့။)

………

နတ္ထိ: ပန်းလောကတွင် ဆိုရိုးရှိ၏။ ဆူးပါသော ပန်းတို့သည် ရဲရင့်၏။ လူ့လောကတွင်လဲ ဒဏ်ရာ အမာရွတ်ရှိသော သူရဲကောင်းသည် ခမ်းနား၏။ စာပေလောကတွင်လဲ စာအုပ်မျိုးစုံရောင်း၏။

pandora: တောင်ဇလတ်ပန်း ၏ အနံ့သည် ထုပ်ထားသော ဖက်တွင်ပင် မွှေးပျံ့၏။ ချင်ကာပူတွင် လိုရာ စာအုပ် လက်လှမ်း မမီနိုင်။ ကိုနတ်ကဲ့သို့ ပညာရှိထံ မှီဝဲ ဆည်းကပ်ပါက အနှစ်ချုပ်ကို ရသတည်း။

နတ္ထိ: ခရေပန်းသည် ဝေလဲ မွှေး ကြွေလဲ မွှေး၏။ အိန္ဒိယတွင် မယ်စကြာဝဠာ ဖြစ်မည့်သူများ ရှိ၏။ နတ္ထိတွင်လည်း ချကိုက်ထားသော စာအုပ် အနည်းငယ်မျှသာ ရှိ၏။

pandora: ခရေတို့သည် မြေမှာခ ကာ မွှေးရနံ့ကို ဝေမျှ၏။ မိန်းမတို့၏ ပစ္စည်းဥစ္စာကား အဆင်းတည်း။ ပညာတို့၏ သိုမှီးရာကား စာအုပ်ထဲ သာမက ဟဒယ တွင် အရှည်တည်၏။

နတ္ထိ: အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်နိုင်၏။ အဆင်းပုံဟန်သည် အရေပြားတစ်ထောက်စာသာ။ ပညာကို အသုံးမချတတ်ပါလျှင် အန္တရာယ် ကြီး၏။

pandora: ကျွန်းသစ်ပင် ၏ အပွင့်ငယ်သည် ဖြူဖွေးသလောက် ဖျစ်ကြည့်ပါက နီိနီစွေး ၏။ နှင်းဆီစိုက်စားသူ သည် ဆူးစူးသည့်ရန် ကာကွယ်နိုင်၏။ ပညာရှာ ပမာ သူဖုန်းစား တည်း ။

နတ္ထိ: ပန်းတို့သည် မနွမ်းခင် လောကကို အလှဆင်ရ၏။ ပညာရှိတို့ တယူသန် ဖြစ်လျှင် လောကအတွက် အချီးနှီး ဖြစ်၏။

pandora: အချို့သော ပန်းတို့သည် ညှိုးရမှ တဖန် ရှင်သန်လာကြ၏။ ပညာရွှေအိုး သည် တုတ်နဲ့မိုး ရုံဖြင့်မရွဲ့။ တုတ်နှင့် ထိုးလျှင်မူ ပေါက်နိုင်၏။ လူ မ သွားသော် ပျောက်နိုင်၏။

နတ္ထိ: လူ့ပေါက်ပန်းသည် တန်ဖိုး မရှိ။ ပညာရွှေအိုးသည် အလွန့် အလွန် ဈေးကြီး၏။

pandora: လက်ခုပ်ပန်းသည် အလွန်နံ၏။ ပညာ ရဲရင့်သူသည် စတိတ်ခုံတွင် မိုက်ခရိုဖုန်း အသံမလာ သောအခါ ချွေးစေးပြန်၏။

နတ္ထိ: ကုမုဒြာကြာပန်းသည် လရောင်ဆမ်းမှ ပွင့်လန်း၏။ စည်သည် တီးမှ မြည်၏။ ပညာရှိသည် အတီးခံရမှ အားကနဲ အော်၏။


ပန်ဒိုရာ
၁၀.၆.၂၀၀ရ

Friday, June 8, 2007

My Last Minute

ကိုနတ္ထိရဲ့ ဘုန်းကြီးကျောင်းမှာ တင်ထားတဲ့ နတ္ထိရဲ့ ခရီး (ကုသိနာရုံ) ပို့စ်လေး ဖတ်ပြီး ဒီပုံလေး ထွက်လာတယ်။ ခံစားကြည့်ကြပါနော်။






drawn in "Paint"
used pencil, fill with color , color eraser tools and (of coz) my mini mouse

(ဖြည့်စွက်ချက်)

ဒီပုံလေးအကြောင်းကို နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ပန်ဒိုရာသည် ပန်းချီမဆွဲတတ်ပါ။ စနစ်တကျ တခါမှ မသင်ဖူးပါ။ မတောက် တခေါက် ဘာအစ်ဇင် ညာအစ်ဇင်လေး ဟိုဖတ် ဒီဖတ၊် ဂန္ထ၀င် ပန်းချီကားလေးတွေကို နည်းနည်းပါးပါး မြင်ဖူးတာက လွဲလို့ပေါ့။ ဒါကြောင့် ကိုယ်ဆွဲချင်သလို ဆွဲထားသော ပုံကို အားနာသော အားဖြင့် ရှင်းပြဖို့ လိုပါတယ်။

မျဉ်းအပြတ်ကလေး တွေက ပျက်စီးဆုံးရှုံးတာ လို့ ကိုယ့်ဘာသာ တင်စားဆွဲထားပါတယ်။ အမဲရောင် ကြေမွနေတဲ့ အတုံးလေးတွေကလည်း ကျုးလွန်ခဲ့တဲ့ မကောင်းမှုတွေကို ရည်ညွှန်းချင်တာပါ။ ပန်းချီထဲ က လူဟာ မိန်းကလေးတစ်ယောက်။ နှုတ်ခမ်း ထူထူလေးကို တမင်ဆွဲထားတာ လောကီကို ခုံမင်သူလေးလို့ ပြောချင်တာပါ။ သူမရဲ့ နောက်ဆုံးမိနစ်မှာ သူမဟာ ငေးကြည့်ရင်း မျက်ရည်ကျနေပါတယ်။ သတိထားမိမယ် ထင်တာကတော့ မျဉ်းပြတ်တွေ ထဲမှာ ပြတ်သားနေတဲ့ မျဉ်းတွေရှိပါတယ်။ အဲဒီ ဒေါင်လိုက်မျဉ်းကြောင်းက သူုမကို ဘ၀ခြားစေခဲ့ပြီ။ ကျန်ခဲ့တာကတော့ ၀ိုးတ၀ါး အနီရောင် အသည်းနှလုံးပုံလေးပါ။ မက်မောမှုမပျောက်တဲ့ သူမရဲ့မျက်ရည်တွေဟာလည်း အနီရောင် ထပ်တူ မှုန်းထားပါတယ်။

အခုနေ ပန်ဒိုရာ သေရင်တော့ အဲဒီလိုပဲ နေမှာပဲလို့ တရားမရသူပီပီ အခုအချိန်မှာ ဒီလို ပုံမျိုးဆွဲမိပါတယ်။

အဲ နာမည်ကိုက နောက်ဆုံးစက္ကန့် မဟုတ်။ အချိန်ရှည်ကြာ ခက်ခဲ ရဦးမယ့် မိနစ်ရယ်ပါ။

Wednesday, June 6, 2007

တောအုပ်





တောအုပ်။

ဝံပုလွေလာဆင် နေထိုင်တဲ့ တောအုပ်။

သစ်တစ်ပင်ခုတ် အချုပ်သုံးလ ဆိုတဲ့
ဥပဒေသတွေနဲ့ တောအုပ်။

တောမကျွမ်းသူတွေ လမ်းပျောက်
တောခြောက်တတ်တဲ့ တောအုပ်။

တောကြောင်တွေ လက်ခမောင်းခတ်ကောင်းအောင်
တောမီး လောင်လောင်နေတဲ့ တောအုပ်။

အရိပ်နေနေ အခက်ချိုးချိုးလုပ်တော့
မကြာခင် တောကတုံး တောပြုန်းတော့မယ့် တောအုပ်။

ကျွန်တော်ကတော့ တောအုပ်ကိုမမြင်
သစ်ပင်တွေသာ မြင်နေတဲ့ကောင်လေ...။

ပန်ဒိုရာ
၁၊၆၊၂၀၀၇



Expand..

Tuesday, June 5, 2007

မှန်အိမ်ထဲကငါး





မှန်အိမ်ထဲကငါး

အဲဒီ အလှအပ ဆိုတာကြောင့်ပေါ့
ငါ့မှာ အကျဉ်းချခံနေရတယ်
ထင်ယောင်ထင်မှားအားကျသူတွေကို ဖျော်ဖြေဖို့
ပကာသန အရေခြုံ အပြုံးတွေနဲ့
ဟန်ရေးတပြပြ နေရတယ်
အမျိုးမတူ အရောင်မတူသူတွေနဲ့လည်း
အလွမ်းသင့်အောင် ကြိတ်မှိတ်ပေါင်းရသေးတယ်
အချိန်တန်ရင် ဗိုက်တာမင်အတုတွေ အဖြည့်ခံနေရပြီး
ရင်သပ်ရှုမော အဆာပလာ တွေ ၀န်းရံနေလည်း
လေးဘက်လေးတန် ပိတ်နေတဲ့
အဲဒီရုပ်ဝတ္ထုတွေက ငါ့အိမ်မှမဟုတ်တာ
အဆိုးဆုံးကတော့
ဟို ထွက်ပေါက်လိုလိုဘာလိုလိုနဲ့
ထွင်းဖောက်မြင်အောင်လုပ်ထားတဲ့ အရာတစ်ခု
အမှတ်မရှိတဲ့ငါ မျှော်လင့်ချက်နဲ့ ထွက်ပြေးမိတိုင်း
နံရံပဲ ၀င်ဝင်တိုက်နေတော့ နာနာကျင်ကျင် နောက်ဆုတ်ပြန်ခဲ့ရတယ်။


ပန်ဒိုရာ
၎၊၆၊၂၀၀၇


Expand..

Monday, June 4, 2007

လတစ်စင်းရဲ့ ကံကြမ္မာ



လတစ်စင်းရဲ့ ကံကြမ္မာ

ငါဟာသဘာဝအတိုင်း
ဆန်းတစ်ခါ ဆုတ်တစ်လှည့်
သာနေတဲ့ ဂြိုလ်ပဲ့တစ်လုံးပါကွယ်
လမင်း လို့ မင်းတို့ပဲ သမုတ်ခဲ့ကြ
ငါနားမလည်နိုင်ခဲ့
မနေ့ကသာတဲ့လမင်း
ဒီနေ့သာတဲ့လမင်း
မနက်ဖြန်မှာ သာတဲ့လမင်း
ဘာကြောင့် ကြေကွဲ ရောင်စဉ် တွေချည်း ဖြန့်ကျက်နေရတာလဲ
လမင်းကိုငေးမောကြ
လမင်းကိုတမ်းတကြ
လမင်းရဲ့ အလင်းမှာ မျှော်လင့်ချက်တွေထားကြ
လရိပ်မှာ တိတ်တိတ် ကြည်နူးကြ
နောက်ဆုံးတော့ လရောင်ခြည်တန်း
ဖြားယောင်း လွှမ်းမိုးခံရတဲ့အောက်မှာ
လမင်းကို စိတ်နာနာ စွန့်ခွာကြသတဲ့
ငါဟာ မစားကောင်းတဲ့ သစ်သီးတစ်လုံး
ငါဟာ ကျိန်စာသင့်နေတဲ့ ပန်းချီကားတစ်ချပ်
ငါဟာ မှော်ဝင်နေတဲ့ လမင်း
နောက်ဆုံးတော့ ငါတစ်ယောက်တည်း
ခြောက်သွေ့တဲ့ ကောင်းကင်ထဲ
ကျန်ခဲ့ရတာပဲ။

ပန်ဒိုရာ
၎၊၆၊၂၀၀၇


Sunday, June 3, 2007

ကိုဖိုးရမ် မဘလောက်

ကိုဖိုးရမ် မဘလောက်

ကိုဖိုးရမ်နှင့် မဘလောက်တို့သည် ဗာကျုရယ်ဝါးလ်ဒ် (virtual world) ဟုခေါ်သော အင်တာနက်ကမ္ဘာ လောကသားများ ဖြစ်ကြသည်။

အင်တာနက် လောကသား မှန်လျှင် ဘလော့ဂ်တစ်ခုတော့ ပိုင်ဆိုင်ကြသော ယနေ့ ခေတ်ကြီးတွင် ကိုဖိုးရမ်လည်း ဘလော့ဂ်တစ်ခု တည်ထောင် ထားပါသည်။ သို့သော် သူ့ စိတ်ဝင်စားမှုကတော့ ဖိုရမ် forum များတွင် ရေးသားခြင်းကို ပိုသည်။ အဦးဆုံး မြန်မာဖိုရမ်များထဲမှ ဖြစ်သော ဇလုံဖိုရမ်မှ စ၍ ရတာနာ၊ ပုလင်းနက်၊ မြန်မာကော်ဖီရှော့၊ နှေးထစ်ဖိုရမ်၊ ပဒုံပျော့ ဖိုရမ်၊ မြန်မာဘလော့ဂါဖိုရမ် စသည်တို့သာမက ပရော်ဖက်ရှင်နယ်များ စုဝေးသော မြန်မာအန်ဂျီပျိုများ ဖိုရမ်ပါမကျန် သူ့ခြေရာ အဲ.. သူ့အိုင်ပီအက်ဒရက်စ် တွေချည်း။ အပြော ကလည်း ကောင်း၊ ငြင်းခုံ ဆွေးနွေးရာတွင်လည်း ချက်ကျလက်ကျ အာဘောင်အာရင်း သန်ပေရာ အလွန် လူကြိုက်များ ရေပန်းစားလှလေသည်။

မဘလောက်ကတော့ ဘလော့ဂါလောကတွင် ပိုမို နာမည် ထင်ရှားသည်။ သူမသည် မြန်မာ အင်တာနက် ခေတ်ဦးက ဖိုရမ်များတွင် ၀င်ဖတ်ဝင်ရေး လုပ်ခဲ့သော်လည်း ဘလော့ဂ် blog ဆိုသည်များ ခေတ်စားလာတော့ ဘလော့ဂ်ကိုသာ ပိုစိတ်ဝင်စားကာ ဖိဖိစီးစီး ရေးနေသူ ဖြစ်သည်။ စိတ်ဝင်စားဖွယ် စာ၊ကဗျာ၊ ရုပ်ပုံလှလှ၊ သီချင်းကောင်းကောင်းများ ဝေေ၀ဆာဆာဖြင့် အင်တာနက် ပရိဿတ်ကို ဆွဲဆောင်နိုင်သူဖြစ်သည်။ ဘာသာစကား ကျွမ်းကျင်ကာ အရေးအသားကောင်းရုံ သာမက ဘန်နာ လှလှ ဘက်ဂရောင်း ဆန်းဆန်းပြားပြား ကလေးများ ဖြင့် ဘလော့ဂ်ကို သပ်သပ်ရပ်ရပ် အလှဆင်ကာ ပို့စ်များကိုလည်း စနစ်တကျ နေရာချ စီစဉ်တတ်သော မိန်းကလေးဘလော့ဂါ ပီသသူလေး ဖြစ်သည်။

သူတို့နှစ်ယောက် စတွေ့ကြပုံကတော့ ဒီလို။




Expand..

Saturday, June 2, 2007

Look!

See below.

Expand..

မြန်မာစာ


စာမကျေရင် အစာမကြေဖြစ်လိမ့်မယ်
ကြေအောင် ခြေလိုက်တော့
ချေချေငံငံဖြစ်သွားမယ်
ငန်ငန်ကိုဒီလိုရေးတော့
မျိုချမရလို့ ပြန်အန်ရလိမ့်မယ်
အံတယ်ဆိုတာကတော့ စာ
ဒါဆို စာအံတာ နဲ့ စာဖတ်တာ အတူတူ ဟုတ်လို့လား
ကဲ တူတယ်ပဲ ဆိုပါတော့
ဆိုပါတော့လို့ ပြောပြန်လည်း
“ဒီလိုဆိုပါတော့” ဆိုတာနဲ့ “ဒီလိုဖြစ်တယ်” ဆိုတာ တူသေးလို့လား
ဒါဆိုရင် “ဆိုတာ” ဆိုတာတွေ ထပ်သွားပြန်ပြီ
ဒီစာတွေနဲ့လုပ်စားနေပြီး
ဒီစာကိုတော့ မကျေချင်ဘူး ဆိုပါတော့
ဟော “ဆိုပါတော့” တစ်ခါပါလာပြန်ပြီ
ကဲ.. ဒီစာ ကိုယ်တိုင်ကိုက
ဒေါမာန်ပါပါ ရေးထားတဲ့ မောဒန်ကဗျာတစ်ပုဒ်။

ပန်ဒိုရာ

မှတ်ချက်။ မောဒန်ဟု တမင် စာလုံးပေါင်း ရေးမိပါသည်။


Expand..