Saturday, June 2, 2007

မြန်မာစာ




မြန်မာစာ

စာမကျေရင် အစာမကြေဖြစ်လိမ့်မယ်
ကြေအောင် ခြေလိုက်တော့
ချေချေငံငံဖြစ်သွားမယ်
ငန်ငန်ကိုဒီလိုရေးတော့
မျိုချမရလို့ ပြန်အန်ရလိမ့်မယ်
အံတယ်ဆိုတာကတော့ စာ
ဒါဆို စာအံတာ နဲ့ စာဖတ်တာ အတူတူ ဟုတ်လို့လား
ကဲ တူတယ်ပဲ ဆိုပါတော့
ဆိုပါတော့လို့ ပြောပြန်လည်း
“ဒီလိုဆိုပါတော့” ဆိုတာနဲ့ “ဒီလိုဖြစ်တယ်” ဆိုတာ တူသေးလို့လား
ဒါဆိုရင် “ဆိုတာ” ဆိုတာတွေ ထပ်သွားပြန်ပြီ
ဒီစာတွေနဲ့လုပ်စားနေပြီး
ဒီစာကိုတော့ မကျေချင်ဘူး ဆိုပါတော့
ဟော “ဆိုပါတော့” တစ်ခါပါလာပြန်ပြီ
ကဲ.. ဒီစာ ကိုယ်တိုင်ကိုက
ဒေါမာန်ပါပါ ရေးထားတဲ့ မောဒန်ကဗျာတစ်ပုဒ်။

ပန်ဒိုရာ

မှတ်ချက်။ မောဒန်ဟု တမင် စာလုံးပေါင်း ရေးမိပါသည်။


4 comments:

sisain said...

ဒီစာဖတ်တော့ ဟိုသီချင်းလေး သတိရမိပါတယ်။
`တောင်ကုန်းပေါ်မှာ ဘုရားတစ်ဆူ ၊ ဆူသည် စူပါသီး၊ တီးသည်ဘင်ဂျို ၊ ရေကန်ထဲမှာ ကျွဲမြီးတို´ ဆိုလားပဲ။ လိုက်အော်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲလေ..

pandora said...

ကွန်မန့်အတွက် ကျေးဇူး.. ဘာရယ်ဟုတ်ဘူး.. ပျင်းပျင်းနဲ့ နည်းနည်း နောက်လိုက်တာပါ။ ဟတ် ဟတ်

မေဓာဝီ said...

ပျင်းပျင်းနဲ့ နည်းနည်းနောက်လို့သာပဲ ပန်ပန်ရေ … ။
တော်ရုံတန်ရုံ ဒီလိုမရေးနိုင်ဘူးပဲ။
မမေလည်း ဒီစာတွေနဲ့ လုပ်စားနေပြီး ဒီစာကို မကျေချင်ဘူး … ဆိုပါတော့။
ဒါကြောင့် ကြေမွအောင် ချေပရမလား
ကြေညက်အောင် ခြေဖျက်ရမလား … သိတော့ဘူးနော်။
ဒါနဲ့ပဲ အန္တရာယ်ကင်းဂါထာတွေကို သင်အံ လေ့ကျက် နေလိုက်တာ အန်ထွက်မတတ် ဆိုပါတော့ … ။
အဲ … ဆိုပါတော့ ၂ခါ ပါသွားပြီ။ မတတ်နိုင်ဘူး။
ဟဲဟဲ ပန်ပန့်အတုခိုးကြည့်တာ။ အစစ်တော့ မခိုးပါဘူး။ မပူနဲ့နော်။
ပန်ပန်ရဲ့ ဒေါမာန်ပါပါနဲ့ မောဒန်ကဗျာဖတ်ပြီး အဟုတ်ကို လက်ဖျား ခါမိပါရဲ့။ (တံခါးနဲ့ ညှပ်မိသွားလို့) :P

Anonymous said...

"ဒေါမာန် ပါပါနဲ့မောဒန် ကဗျာ" တဲ့လား။ ဂွတ်ထ ဂါတ်ထ။