Monday, July 16, 2007

ငါ့စွန်လေး




ငါ့စွန်လေး

ငါမသွားနိုင်တဲ့ကောင်းကင်ကို
ငါနဲ့ ကြိုးတစ်မျှင်စာပဲခြားတဲ့
ငါ့စွန်လေးရောက်သွားတာ
ပျော်စရာကြီး…

လေကြောင်းအလိုက် ရစ်လုံးကို ကွေ့ဝိုက်
မှန်စာတိုက်ထားတဲ့ကြိုးနဲ့
သူ့ဖြတ်ကိုယ့်ဖြတ် စီးချင်းထိုးရတာ
ပျော်စရာကြီး…

အလှစွန်တွေကိုတော့ ဘေးမဲ့ပေးထားတယ်
လေဘယ်လိုတိုက်တိုက် သူတို့ကိုမထိခိုက်ဖို့
ထိန်းချုပ်မှုအာဏာ ငါ့လက်ထဲမှာ
ပျော်စရာကြီး…

လွှတ်လို့ကောင်းနေတုန်း
ငါ့ကောင်းကင်မှာမှ
ဘာကြောင့် မိုးကရွာချရတာလဲ...။

ပန်ဒိုရာ


(နတ်ဆိုး၏ ငါ့စွန်လေးကော့သွားပြီ ကဗျာကို ခံစားဆွေးနွေးမိရင်း ဆက်လက်ရေးဖွဲ့မိပါသည်။)

ဒီကဗျာလေးနဲ့အတူ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ခဏလောက် ဘလောက်ဗကေးရှင်း ယူလိုက်ပါဦးမယ်။ ဒီအတောအတွင်း ပို့စ်အသစ် တင်ခြင်း၊ ကွန်မန့်များ ပြန်ရေးခြင်း၊ ဆီပုံးများတွင် စာအပြန်အလှန် ရေးသားခြင်း၊ အခြား ဘလော့ဂ်များကို လည်ပတ်ခြင်း၊ ဂျီရိပ်ခိုခြင်းများကို မပြုလုပ်နိုင်ပါကြောင်း အကြောင်းကြားအပ်ပါတယ်။

စာလာဖတ်ကြသူများ စိတ်ဝင်စားရင် ရှေ့က မဖတ်ရသေးတဲ့ ပို့စ်တွေကိုပဲ လောလောဆယ်မှာ ပြန်ဖတ်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။ အချိန်ရရင်တော့ အခုပန်ဒိုရာ ရေးထားသမျှအပေါ် အကောင်းအဆိုး အကြောင်းအကျိုး မှတ်ချက်ကလေးများလည်း ရေးထားနိုင်ကြပါတယ်။

သွားခါနီး ကြော်ငြာလေးများလည်း ၀င်ပါရစေ။ စာအရေးကောင်းတဲ့ အစ်ကိုကြီး ရဲမွန် တစ်ယောက် စိတ်ဝင်စားစရာ ပို့စ်အသစ်များနဲ့ ပြန်လည် လှုပ်ရှားနေပါကြောင်း ကြော်ငြာပေးလိုက်ပါတယ်။

အင်း……. ဗကေးရှင်း ခဏ ဆိုတော့ ဘယ်လောက်ကြာမှာလဲ။ မသိသေးဘူး။ တကယ်တော့လည်း လူ့ဘ၀ကြီး တစ်ခုလုံးကိုက ခဏပဲ မဟုတ်ပါလား။
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….
…….

ဒီလိုပြောလို့ ပြန်မလာတော့ဘူး လို့လည်း တထစ်ချ မထင်ပါနဲ့။ ပန်ဒိုရာ ဆိုတာ တတ်နိုင်သမျှ လူတွေကို ၀မ်းနည်းအောင် လုပ်ချင်တဲ့သူ မဟုတ်ပါ။

ပန်ဒိုရာ


10 comments:

Anonymous said...

“အားမလျော့ပါနဲ့ ပန်ဒိုရာ တို့ လဲ ရှိပါသေးတယ်..” ဆို…ဆို..ဆို..
Have a nice vacation!!
Kindly give me a notes when you come back…
All the best..
M.Y…

Andy Myint said...

Enjoy your blog vacation… hope to see you again very soon…

Anonymous said...

မပန်...း( လွမ်းနေပြီ ။

Thet Htoo@Myat Lone said...

မပန်ဒိုရာရေ နှုတ်ဆက်တဲ့သူတွေရဲ့ ဘလော့ဂ်မှာ ပထမဆုံးကွန်မန့်ပေးတဲ့သူဖြစ် ဖြစ်နေတယ်ဆိုပြီး ခုတော့ ကိုယ်တိုင်နှုတ်ဆက်မလို့လား။ ပြန်လာပြီး ဘလော့ဂ်ရေးမယ့် အချိန်ကို စောင့်ဖတ်နေပါမယ်ခင်ဗျာ။ ကိုယ်ရော စိတ်ပါ ကျန်းမာ ချမ်းသာပါစေ။

ကလိုစေးထူး said...

ဒိုရာ..
အပြီး နှုတ်ဆက်သွားတာ မဟုတ်ဘူးလို့ ယုံကြည်နေတယ်။ ဘာလို့လဲ ဆိုတော့ ကျနော်ကိုယ်တိုင်လဲ နှုတ်ဆက်မယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် စိတ်ထဲပေါ်လာတာတွေကို ချရေးချင်တဲ့စိတ်၊ သူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စိတ်ပေါ်လာတော့ ပြန်ရောက်လာဖြစ်တယ်။ အခု… ဒိုရာ…။ ခဏ ခွင့်ယူတာပါဗျာ။ ကျနော် အဲလိုပဲ နားလည်လိုက်ပါမယ်။ ကဲ… ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ဒီတခါတော့ ဒိုရာခေါ်ခိုင်းတဲ့အတိုင်း တလေးတစားနဲ့ မမလေးလို့ ခေါ်လိုက်မယ်။ မမလေး ခွင့်ရက်မြန်မြန်စေ့ပါစေ။

Anonymous said...

မကြီးပန်
ပြန်လာမဲ့ရက်
လက်ချိုးကာရေလို့
မျှော်နေတယ်ဘာညာတစ်ကောင်တော့
ဆီဗုံးနားရစ်ဝဲ.....

P.Ti said...

ခဏနားတာကလည်း ကြာလိုက်တာ နော်….

moe nyo said...

မပန် ... နောက်ဆိုရင် စွန်ကလေးကို မိုးကာစွပ်ပြီး လွှတ်ဗျ .. မြန်မြန်ပြန်လာဗျာ ... ကြာနေပြီ ... :(

Anonymous said...

I am waiting for your newly post...hoping you will be back soon.

pandora said...

လာရောက်အားပေးကြသူများ အထူးကျေးဇူးပါ.
မကြာမီ ပြန်လာနိုင်မှာပါ.. လောလောဆယ်လည်း ရသလောက် တင်သွားမှာပါ..