မုန်တိုင်းနာဂစ် အပြီးမှာ ဧရာဝတီနဲ့ ပတ်သက်တဲ့ ကဗျာအတော်များများ ဖတ်ရပါတယ်။ အဲဒီအထဲက နောက်တခုလို့သာ မှတ်ယူလိုက်ကြပါလေ။ နာကျင်လှပြီ။ မောလှပြီ။ ငိုချင်းရှည်တွေ ဘယ်တော့ဆုံးမှာလဲ။
ဧရာဝတီသစ္စာ
အို.. အမိဧရာဝတီ…
တအုံ့အုံ့ လှိုက်စားနေခဲ့ရသော
ထွက်သက်ဝင်သက် တို့၏
တခဲနက်လှုပ်ခါ တိုင်တည်သံဝယ်
ကြမ်းတမ်းသည့် နိမိတ်ပုံဖြင့်
မြေပြင် ရေပြင်တို့ ထစ်ချုန်းတုန်ဟီးခဲ့ပြီ။
အို.. အမိဧရာဝတီ…
ဝန်မသိ
ဝန်မရှိသကဲ့သို့
အသည်းနှလုံးမဲ့သူတို့အား
ပြတင်းတံခါး လှစ်၍
သစ္စာ၏ ပြပွဲ ခင်းကျင်းပေးရန်အလို့ငှာ
အလဲအလှယ် အလျော်အစားကား
ကြီးမားလှပေသည်။
အို.. အမိဧရာဝတီ…
နူးညံ့ယဉ်ကျေးသော အမိလက်ဖြင့်
အစားအစာဝေငှရာ
အိုးအိမ်တို့ထူထောင်စေရာ
ရာစုသစ်တို့ အစဖြစ်ခဲ့သော
အရင်းအမြစ် ဤနေရာတွင်
ကျီးငှက်တို့ သောသောရုတ်ရုတ်ပျံသန်း၍
ယင်မမဲရိုင်းတို့ ၀ိုင်းဝိုင်းအုံကာ
အညစ်အကြေး အနိဋ္ဌာရုံတို့ဖြင့်
စက်ဆုပ်ဖွယ်အတိဖြစ်ခဲ့လေပြီ။
အို.. အမိဧရာဝတီ…
ပြည့်မျက်ရှင် သွင်သွင်ကန်း၍
ပြည့်ဝမ်းလည်းဟောက်တော့မည်လော
ပြည့်လမ်းလည်းမှောက်တော့မည်လော
ယုံကြည်ချက်တို့အညွန့်ချိုးခံရ၏
သစ္စာတရားတို့ ပါးလျပျောက်ကွယ်၏
ထမင်းတလုပ်၏ ကျေးဇူး ရိုက်ချိုးခံရ၏
လူဟုမတန် လူမဆန်လေသော
လူ့အန္ဓတို့နှင့် ရောက်လေရာဘ၀ ကင်းဝေးရပါလို၏။
အို.. အမိဧရာဝတီ…
ဗလာကျင်းကျန်ခဲ့သော
အမိ၏ ရင်ခွင်တွင်
ဘ၀ပေါင်းများစွာတို့၏
ချွေးစက်များ
မျက်ရည်များ
နှလုံးသွေးများ
အစားထိုး စီးဆင်းတော့အံ့။
အို.. အမိဧရာဝတီ…
သစ္စာ၏ အခင်းအကျင်းတွင်
ရှင်သန်ခြင်းတို့ စတေးခဲ့ရပြီ
သောင်းသိန်းမက ၀ိညာဉ်တို့ ပူးဝင်ပေါင်းဆုံရာ
အမိ၏ ရေယဉ်ကြောသည် အသစ်တဖန် ခက်ဖြာ၍
အမှောင်ထုကို တသွင်သွင်တွန်းတိုက်
အမှန်တရားတို့ နိုးထဂယက်ရိုက်စေ
ငြီးတွားရှိုက်သံတို့ကင်းဝေး
ငြိမ်းချမ်းတေးကို သီကြွေးပါရစေသား။ ။
ပန်ဒိုရာ
ရောင်စုံပဲသုပ်နဲ့ ကြက်သားကင်
-
Colourful bean salad and paprika grilled chickenယနေ့ည ဒင်နာရဲ့ theme ကတော့
colorful healthy food ဖြစ်ပါတယ်။ထမင်းလို အာလူးလို ကာဗိုဟိုက်ဒြိတ်
လုံးဝမပါပဲနဲ့...
19 hours ago
4 comments:
အို အမိ ဧရာ ၀တီ...
ခု မှ တော့ မချိ နဲ့တော့
ထမိန် တို တို ၀တ်..
အကျီ င်္ လက်မောင်း ပင့် ပြီး...
ရှေ့က ဦး ဆောင် ပါ..
အမေ နဲ့ အတူ လိုက် မယ်..
အမေ..ဘယ်တော့ မှ..မ သေ စေ ရဘူး..
ဧရာဝတီ သစ္စာကတော့.
မကြည့်ရက် သော်ငြားလည်း.
တည်တံ ခိုင်မြဲနေ ဦး မှာပါ..
ဧရာဝတီ သစ္စာ.......
သေပြီးတဲ့ သူလည်း သေကြရပြီးးး
ငတ်နေတဲ့သူတွေလည်း ငတ်နေကြရပြီးး
ဒီဧရာသတီမြစ်ရေကြီးကို သစ္စာပြုပြီးဆုတောင်းပါရစေ နောင် ဒီလိုဝမ်းနည်းကြေကွဲမှုများ ထပ်မကြုံရပါစေနဲ့ လို့  ။
ဧရာဝတီသစ္စာနဲ့အတူ နာကျင်မောဟိုက်ငိုရှိုက်...
Post a Comment