သီတာ
ပန်းသီးတွေက
ဒီနေ့မှ ပိုချို
ပြေးလမ်းကလေးက
ဒီနေ့မှ ပိုဖြူးနေတော့တယ်
ဟေး..နေကောင်းလား
တခါမှမသိခဲ့ပဲ ပြုံးရယ် နှုတ်ဆက်လိုက်လို့
အံ့သြလှည့်ကြည့်ရင်း
ဗိုင်းခနဲ လဲကျသွားတဲ့ စကိတ်စီးသမားလေးကို
အားပါးတရ အော်ရယ်လိုက်တယ်
ကန်ရေပြင်ထဲကို ခဲလုံးကြီးကြီးနဲ့
ဘယ်သူမှမသိအောင်ပစ်ပေါက်
ပါးစပ်ကိုအုပ်ပြီး ထွက်ပြေးတယ်
တွန်းလှည်းထဲက ကလေးလေးကို
အဖေအမေတွေအလစ်မှာ
ပါးကိုလိမ်ဆွဲလိုက်သေးတယ်
ကောင်းကင်ကြီးညိုလာတာကိုတောင်မှ
ပေါင်ချိန် မျက်နှာမည်းလို့
ရယ်ပွဲဖွဲ့မိသေးတယ်
လေကလေးတချွန်ချွန်နဲ့
နံနက်ခင်းလေးကို
ဖုန်ခါတိုက်ချွတ်ရင်း
ဆရာချစ်ရဲ့ လင်္ကာဒီပက
ရာဝဏ ကိုသတိရမိသေးတယ်
သီတာ သီတာ...
မင်းရဲ့ နူးညံ့ချိုသာမှုကို
ကိုယ်တသက် မမေ့တော့ပါ.. တဲ့
အဲသလိုဆန်ဆန်ပေါ့
နူးညံ့မှုတခုဟာ
လောကကြီးကို အရောင်ပြောင်းသွားစေကြောင်း
ဘယ်တော့မှ မဟောင်းတဲ့ နိယာမတွေရှိတယ်။
ပန်ဒိုရာ
Hello world!
-
Welcome to WordPress. This is your first post. Edit or delete it, then
start writing!
3 years ago
7 comments:
မပန် အနားမှာ ကျွန်တော့် ကလေးတွေ မခေါ်လာတော့ဘူး… :)
မပန်.. ဒါလေးဖတ်ပြီး နောက်ဆုံးစာကြောင်းမှာ နူးညံ့ခြင်းတစုံတရာကို ခံစားလိုက်ရတယ် ။
ဖတ်ရတာ... နူးညံ့ ကြည်နူးစရာ...
ပျော်စရာပါ... မပန်ရေ...။
သီတာ..သီတာ ဆိုတော့ အေးမြခြင်း၊ ငြိမ်းအေားသာယာခြင်းပေါ့။ ကဗျာလေးကို ဖတ်နေစဉ်ရော၊ ဖတ်ပီးတဲ့အထိပါ ကြည်နူးပီးကျန်ခဲ့ရတယ် :)
တခါတခါ ကွန့်မန့်ရေးရတာ တော်တော်ခေါင်းစားတယ်
ကိုယ်ဖတ်လိုက်ရတဲ့ ပို့စ်က သိပ်ကောင်းလွန်းနေတော့ ကိုယ်ရေးလိုက်တဲ့ကွန့်မန့်နဲ့ မလုံလောက်ပီဆိုတာ အကြိမ်ကြိမ် သတိပြုမိပါရဲ့ ။
သမုဒ္ဒရာရဲ့အနက်ကို ယုန်ကလေးက ခြေဖျားထောက်တိုင်းသလိုများ ဖြစ်နေမလား
ပျော်ရွှင်ပါစေ မကြီးပန်ရေ :)
အင်းးးးးးးးးးး
တခါတလေ..........
နူးညံ့မှုတခုဟာ ဘာများဖြစ်မလဲ….
နူးညံ့ချိုသာမှုတခုရဲ့ သီတာကို မျှဝေခံစားကြသူတွေကို ကျေးဇူးအထူးပါ။ ပျော်ရွှင်ကြပါစေ။
Post a Comment