My Sassy Curly Hair .....
-
ကျနော့်ကို အရင်က စက်ရုပ်မနဲ့တူတယ်လို့ မကြာခဏပြောဖူးခဲ့တဲ့သူ
တစ်ယောက်ရှိတယ်....။ ကျနော်ဟာ ဓါတ်ပုံရိုက်လဲ မပြုံးတတ် အပြောအဆိုမှာလည်း
မချောမွတ် မျက်နှာကြေ...
3 days ago
11 comments:
Merry Christmas!!!! ဒေါ်လေး =)
Merry Christmass Pan :)
Merry Christmas ပါ, မပန်!
ပျော်ရွှင်ဖွယ် ခရစ္စမတ်ပါ မပန်
း)
Merry Christmas!!! Happy @office :P
Happy holidays to you too :)
Merry Christmas!
Marry X'mas and Hippy New Year :)
Everybody , happy christmas!
Marry X'mas and Happy New Year!!!
လူတိုင်း တရားတာ ကြိုက်တယ်။တရားသိ၊ တရားရှိ၊ ဒါပေမဲ့ တရားတာကို လုပ်နိုင်တဲ့လူ အလွန့်အလွန်နည်းလှတယ်။ တရားနာနေတဲ့အချိန်မှာတောင် မတရားလောဘဇောနဲ့ နာနေသူတွေအများကြီးပဲ။ ကိုယ့်အမှားကိုသိပြီး ပြင်ရဲတဲ့လူတောင် တော်တော်ရှားလာတယ်။ တရားနဲ့ ပတ်သက်ပြီး နက်နက်နဲနဲဝေေ၀ဆာဆာပြောနိုင်တဲ့လူ များပြားပြီ။ တရားသိ၊တရားရှိ၊ တရားကိုယုံကြည်ကိုးကွယ်လိုက်စားသူအတော်နည်းပါးတယ်။ ရတနာသုံးပါး၊ ငါးပါးသီလလုံတဲ့လူ လောကမှာမရှိသလောက်ဖြစ်လာပြီ။အပေါ်ယံ တရားစာဖတ်ပြီး မဟုတ်တာလုပ်တဲ့လူတွေများများလာတယ်။ အမှားကိုဝန်မခံပဲ တရားရှိဟန်ဆောင်တတ်တဲ့သူတွေ များများလာတယ်။ လောဘ ကစတာမှန်ပေမဲ့ ရက်စက်မှုတွေကိုသွေးအေးအေးနဲ့ လုပ်တတ်သူတွေများများလာတယ်။ လူတော်တော်များများ မတရားတာခံရမှ တရားဟောကောင်းတဲ့လူတွေကိုစင်ပေါ်တင်ပြီး ကျိုးကြောင်းပြတရားတွေ၊ ဒေါသပြေ တရားတွေ၊ လောဘပြေတရားတွေကို နားထောင်ကောင်းအောင် ဟောတတ်တဲ့လူတွေများများလာတယ်။ မတရားတာတကယ်ခံရတဲ့သူတွေ အတွက်အစစ်အမှန်တရားကဘယ်မှာလဲ။ မတရားလုပ်နေသူတွေကော သူတို့မတရားတာကိုနောင်တရကြပြီး တရားစစ်တရားမှန်နောက်ကို လိုက်စားနေကြပြီလား။ ဘယ်သူမပြုမိမိမှုတဲ့။ ငါမှာကောတရားရှိရဲ့လား။နေ့စဉ်တရားတာတွေကို ကြံစည်ကြိုးစားအားထုတ်နေရဲ့လား။ ကိုယ့်အပြစ်၊ ကိုယ့်အမှားကို သိပြီးပြင်နိုင်တဲ့ အနေအထားကို ရောက်ပြီလား။အစစ်အမှန်ပျော်ရွှင်မှုကိုရပြီလား။ ချမ်းသာမှုကိုတွေ့ပြီလား။ လူဖြစ်ကျိုးနပ်ပြီလား။ ကိုယ်ဟာ တရားတဲ့လူဟုတ်မဟုတ် ထက် တရားတာကိုသိပြီးကိုယ်ချင်းစာစိတ်ရှိတတ်ဖို့ကတာ အဓိကကျတယ်ဆိုတာ သိပြီလား။ တရားဆိုတာဘာလဲ............ လူအများ တရားမျှတဖို့အတွက် ကျင့်သုံးဖို့လား။ မတရားတာလုပ်ဖို့ရန်အတွက် အသုံးချဖို့လား။ သိဖို့ထက် ပြင်ရဲတဲ့စိတ်ကအဓိကပဲ။ တရားစစ်တရားမှန်ရဖို့အတွက် ပြင်ရဲပြီလား။ တရားစစ် တရားမှန်ဆိုတာဘာလဲ။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ။ ကိုယ်ကျိုးအတွက်အသုံးမချပါနဲ့။ ငါးပါးသီလစောင့်ထိန်းပါ။ သမာအာဇီဝ လုပ်ငန်းလုပ်ကိုင်နိုင်ဖို့အတွက် ဇွဲ၊လုံ့လနဲ့ အသိပညာ၊အတတ်ပညာ၊နည်းပညာဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်ပါ။ ကိုယ်ချင်းစာတတ်သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုရနိုင်တယ်။ အချောင်မခို၊ အလွယ်မလိုက်သူဟာ လိမ်ညာခံရခြင်း ကင်းစင်တယ်။ လောဘမဖက်စီးပွားရှာနိုင်မှ ရှာသမျှစည်းစိမ်ဟာ ငါ့စည်းစိမ်ဖြစ်တယ်။သေရင်တောင် ပါသွားနိုင်တယ်။ ပူလောင်မှုသောကကင်းစင်တယ်။ တရားတာလုပ်ချင်တဲ့သူဟာ ဒါတွေကိုစံထားပြီးစသင့်တယ်။ လူဖြစ်ကျိုးနပ်ပြီး လောကတန်ဖိုးနားလည်ဖို့အတွက် မိမိစိတ်ကိုမိမိသတိနဲ့ အမှန်သိပြီးအမှန်ပြင်တတ်မှ တန်ဖိုးရှိမှာ။ လူတိုင်းကိုမေးကြည့်ပါ။ တရားတာကိုလူတိုင်းတောင်းဆိုနေတယ်။ တရားတာဖြစ်ဖို့အတွက် သင်ကောတရားရဲ့လား။ ငါကောတရားရဲ့လား။ လူတွေအားလုံးကော တရားတာတွေကို သိပြီးလုပ်ကြရဲ့လား။ ငါကြိုက်တာ တရားပဲဆိုပြီး တရားထင်တဲ့လူတွေကြောင့် မတရားခံနေရသူတွေရဲ့ ဆင်းရဲခြင်းကို ကိုယ်ချင်းစာနားလည်တတ်ပြီလား။ မတရားခံနေရတယ်ဆိုပြီး တရားတာလုပ်ဖို့အတွက် ကြိုးစားအားထုတ်ဖို့မေ့နေသူတွေအနေနဲ့ကော ဒီအတိုင်းဆက်နေလို့ကောတရားတာတွေဖြစ်လာမလား။ အသိဥာဏ်ရှိပါ။ကြိုးစားပါ။ တရားရှိအောင်လုပ်ပါ။ တစ်ယောက်လုပ်မှ တစ်ယောက်ရမှာ။ မတရားတာတွေများနေတာဟာ မတရားမှုကို လုပ်တဲ့သူများနေတဲ့သဘောပဲ။ တရားတာကိုသိပြီးလုပ်မှသာ တရားတာတွေလောကမှာဖြစ်နေမှာ။ မတရားတာကိုကျော်ဖို့ တရားတာလုပ်တဲ့လူများလာမှဖြစ်မှာ။ မတရားလုပ်တဲ့လူကိုသိပြီးအပြစ်တင်နေဖို့ထက် တရားကြိုက်၊တရားသိ၊တရားရှိ၊တရားလုပ်နိုင်တဲ့လူတွေများ လာမှသာ မတရားမှုတွေအလိုလိုကင်းစင်သွားမှာ။ တရားရှိဖို့အတွက် ကြိုးစားကြပါ။ အသိပညာ၊အတတ်ပညာ၊နည်းပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လေ့လာဆည်းပူးကြပါ။ ကိုယ်ချင်းစာစိတ်မွေးပါ။ မပျင်းပါနဲ့။ အလုပ်မှာပျော်မွေ့ကြပါ။ ကျွန်စိတ်မမွေးပါနဲ့။ မျှတစိတ်ရှိပါ။ ကောင်းတာလုပ်ဖို့ ၀န်မလေးပါနဲ့။ ဆင်ခြေမများပါနဲ့။ စံအတိုင်းကြိုးစားအားထုတ်ကြပါ။ တရားဆိုတာဘာလဲ။ အလုပ်ပါ။ လက်တွေ့ပါ။ မပျင်းတဲ့ ကိုယ်ချင်းစာတတ်တဲ့လက်တွေ့ပါ။ အပြောမဟုတ်ပါ။ ကိုယ်ကျိုးဖက်တဲ့ လက်တွေ့မဟုတ်ပါ။ စံအတိုင်းလူအများ တရားမျှတမှုဖြစ်လာဖို့အတွက်တာ။ ငါကော တရားရဲ့လား။ တရားတာကိုကော စလုပ်နေပြီလား။ ပျင်းတဲ့စိတ်ကို ဖျောက်နိုင်ပြီလား။ အချောင်ရချင်စိတ်ကို ချိုးနှိမ်နိုင်ပြီလား။ လူသားအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် တရားတာလုပ်နိုင်အောင် ၀ိုင်းကူညီပေးကြပါ။ တရားသိ၊တရားရှိ၊တရားပေါ်နေတဲ့ လောကလေးဖြစ်လာအောင် ကူညီပေးကြပါ။ သင်ပါဝင်မှသာ တရားရှိတဲ့လောကဖြစ်လာမှာ။ တရားရှိတဲ့လောကဖြစ်ဖို့ ကျွန်တော်ကလည်းတရားတဲ့အလုပ်တွေကို လုပ်၊ သင်ကလည်း တရားတာတွေကို နေ့စဉ်လုပ်မှဖြစ်မှာ. တရားတာကိုဝိုင်းကူလုပ်ကြမလား။ လူသားအားလုံးအတွက် တရားတဲ့လောကလေးဖြစ်အောင် မိမိမိတ်ဆွေ၊သူငယ်ချင်း၊အသိုင်းအ၀န်း ကိုနေ့စဉ်တရားတာလေးတွေလုပ်ဖို့ အကူအညီတောင်းကြပါ။ အသိပေးကြပါ။ ကိုယ်တိုင်လည်းတရားရှိပြီး တရားတာကိုလုပ်ပြီးကူညီကြပါ။ ကိုယ်ကြိုက်တာကိုယ်လုပ်ချင်၊ ကိုယ်ထင်တာကောင်းတဲ့တရားမဟုတ်ပါ။ ကိုယ်ချင်းစာတဲ့တရားပါ။ တရားရအောင် သင်တို့အကူအညီပေးကြပါ။၂၀၀၉နှစ်သစ်ကို
တရားတဲ့အလုပ်လေးတွေနဲ့ကြိုလိုက်ကြရအောင်
Post a Comment