Tuesday, January 20, 2009

ဆရာကြီးတင်မိုးသို့

မွေးကတည်းက ကဗျာဆိုတာ ဘာလဲ လို့မေးရင် ဆရာကြီးတင်မိုးရဲ့ ကဗျာလေးတွေကိုပဲ ဆိုပြတတ်သလို ကဗျာဆရာဆိုတာ ဘယ်သူလဲ ဆိုရင်လည်း ဆရာကြီးတင်မိုးကိုပဲ ပထမဆုံး သိခဲ့တာပါ။

ပန်ဒိုရာကို ကဗျာတွေကို ချစ်တတ်အောင်လို့ ဆိုပြီး ဖေဖေက သူချစ်ခင်လေးစားရတဲ့ ဆရာကြီးရဲ့ ကဗျာလေးတွေနဲ့ လူမှန်းမသိတတ်တဲ့ အရွယ်ကတည်းက မိတ်ဆက်ပေးခဲ့တယ်။ ဒီအကြောင်းလေးတွေကို ဒီမှာ ရေးထားခဲ့ဖူးပါတယ်။ ၀မ်းသာစရာ တစ်ခုကတော့ ဆရာကြီးနဲ့ ခဏလေး ဆုံခဲ့ဖူးတာပါပဲ။ အဲဒီအကြောင်းတွေကို ပြောပြဖြစ်တယ်။ ဆရာကြီးက ပြုံးနေပါတယ်။

ဖြူစင်အေးချမ်းတဲ့ ဆရာကြီး ကွယ်လွန်သွားခဲ့တာ လာမယ့် ဇန်န၀ါရီ ၂၂ ဆိုရင် နှစ်နှစ်ပြည့်ပါပြီ။ အမှတ်တရ အနေနဲ့ ဆရာကြီးရဲ့ စာအုပ် မျက်နှာဖုံး အချို့နဲ့ ကဗျာလေးတစ်ပုဒ်ကို scan ဖတ်ထားတာကို တင်လိုက်ပါတယ်။ ကဗျာက ၀ါးနေတာမို့ စာပြန်ရိုက်ပြီး ဖော်ပြလိုက်ပါတယ်။










ဒီစာအုပ်ကို မျက်နှာဖုံးဆွဲတာကတော့ ဆရာပေါ်ဦးသက်လို့ ရေးထားပါတယ်။



ကွယ်လွန်သူ မွေးမိခင်သို့

တင်မိုး

ချစ်စွာမွေးမိ၊ ထင်ရှား ရှိစဉ်
သတိတိမ်းပါး၊ ကာလ လျားအောင်
ဟိုသွား သည်လာ၊ ယောင်ချာချာဖြင့်
တရွာတပြည်၊ ငါမွေ့သည်တည့်။

သတင်းစာနှင့်
ဂျာနယ် မဂ္ဂဇင်း၊ ငါထည့်သွင်း၍
အပျင်းပြေငှါ၊ ရေးသည့်စာကို
ရွာနေအမိ၊ ရွှင်ပီတိဖြင့်
သား၏ကိုယ်စား၊ ကဗျာများဟု
ဖတ်ကြားကာကာ၊ လွမ်းဖြေရှာလည်း
ငါ့မှာ သတိ၊ မမူမိခဲ့။

မိခင်ချစ်စွာ၊ ကွယ်လွန်ခါမှ
ငါ့မှာ အောက်မေ့၊ တမြေ့မြေ့နှင့်
မွေးမေ့တွက်သာ၊ တေးကဗျာကို
စိတ်မှာ ၀၀၊ မသီရ ဟု
နောက်တ ပူပန်၊ ကြိမ်ဖန်ဖန်တည့်။

မိခင်စွန့်သွား၊ အမေ့သားလည်း
ဉာဏ်အား စွမ်းစ၊ တတ်သမျှနှင့်
လုံ့လပြုကာ၊ တေးဖွဲ့ပါ၏။

ကဗျာ အညံ့၊ စာမခန့်လည်း
စိတ်သန့်ကြည်ညို၊ ကန်တော့လိုသည်
အိုဘယ့်မိခင်၊ ထက်ရပ်ခွင်မှ
နားဆင်ကြည်နူး နိုင်စေသော်..။





(ကော်ပီရိုက်နဲ့ ပတ်သက်လို့ ပိုင်ဆိုင်သူက ကန့်ကွက်မှုရှိခဲ့လျှင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။)




17 comments:

SuN said...

My first poem book - "Ma Ni with little umbrella" ( Htee Kalay ne` Ma Ni) .. I miss it so much. Where can I buy all of them? Any Idea?

MANORHARY said...

အော်..ဆရာဂျမ်းတောင် နှစ်နှစ်ပြည့်တော့မယ်နော်

kay said...

အယ်- စာအုပ်လေးတွေ ခုထိ ရှိသေးတယ်တော်။ ရှိတာထက်..စလုံးထိ သယ်လာတာ..ချီးကျူးတယ်။

Anonymous said...

ကဗျာချစ်တဲ့ ဒေါ်လေး ပြန်ဝေမျှထားတဲ့ ကဗျာကောင်းတစ်ပုဒ် လာဖတ်သွားပါတယ် ။

Moe Cho Thinn said...

ပန်ပန်ရေ
ခေါင်းစဉ်ကို တွေ့လိုက်တာနဲ့ လှိုက်ကနဲ ဖြစ်သွားတာ။ အခုလို သတိတရ ဖော်ပြတဲ့အတွက် ကျေးဇူးတင်မိတာ အတိုင်းအဆ မရှိ။ အဖေ့ကို ချစ်သူ ခင်သူတွေကြောင့် ရောက်လေရာမှာ သားသမီးတွေ အဖေရသလို တို့မှာလဲ သွေးသားမတော်စပ်တဲ့ မောင်နှမတွေ တပုံကြီး။ အဖေ့ကြောင့် တို့တွေကို အမြဲစာနာ ငဲ့ညှာတယ်၊ စာရေးရင်လဲ အားပေးကြတဲ့အတွက် မေတ္တာကို အချိန်နဲ့အမျှ ခံစားလို့ရနေတယ်လို့ ယုံကြည် ကျေနပ်နေခဲ့ပါတယ်။ ဒါကြောင့် အဖေ့ကို ကောင်းသော သတိရခြင်းနဲ့ အမြဲသတိရနေပါတယ်။
ကျေးဇူးတင် ခင်မင်လျက်
အမ မိုးချိုသင်း

အောင်မြေ said...

ရှားပါးပြီး အဖိုးတန်တဲ့
ကဗျာခန့်ခန့်ကို ဖတ်ခွင့်ရလို့
အတိုင်းမသိ ကျေးဇူးပါ။
အမေ့ကို လွမ်းသွားတယ်။

Welcome said...

ဖတ်သွားတယ်အစ်မ။
ကျန်းမာပျော်ရွှင်ပါစေ။

Rita said...

ကျေးဇူးတင်လိုက်တာ အစ်မရယ်..

JulyDream said...

အလည်တခေါက် ကဗျာလာဖတ်သွားပါတယ်။ ကော်ပီရိုက်ကို တလေးတစားရှိတာကိုလည်း သတိထား အားကျမိပါတယ် ခင်ဗျာ။

Anonymous said...

ကဗျာကို..
သွေးထဲသားထဲကချစ်တတ်သူတစ်ယောက်အဖြစ်
လေးစားမိပါတယ်.
ကဗျာလေးပြန်ဖတ်ခွင့်ရလို့ကျေးဇူးပါ..

အိန္ဒြာ

nu-san said...

မပန်ဆီမှာ ဒီလိုစာအုပ်လေးတွေ ရှိနေသေးတာ တကယ်ချီးကျူးမိတယ်.. ကဗျာကောင်းတပုဒ်ဖတ်ရတဲ့ အတွက်လည်း ကျေးဇူးပါ မပန်.. :)

ဆောင်းယွန်းလ said...

ဆရာ့ပုံရိပ်ကိုအမြဲမြင်ယောင်လျက်ပါဘဲမပန်ရေ..
ဆရာမရှိတော့ပေမယ့်ဆရာ့ကဗျာတွေကအမြဲစကား
ပြောနေလျက်ပါ....

တန်ခူး said...

ပန်ရေ… ကဗျာဖခင်ကြီးရဲ့ ကဗျာစာအုပ်လေးကို တမြတ်တနိုး သိမ်းထားတာရော
မျှဝေပေးတာ အတွက်ပါ ကျေးဇူးတင် လေးစားလျက်ပါ… ဘဘဂျမ်းက ကောင်းမွန်မြင့်မြတ်သော ဘုံဘ၀မှ ငြိမ်းချမ်းစွာပြုံးနေမှာပါ…

tututha said...

ညီမပန်ရေ .. ဆရာကြီးကို အစ်မလည်း တခါဆုံးဖူးတယ်။ ချစ်ဖို့ကောင်းတဲ့ ဆရာကြီးကို သတိယမိတယ်။ သူကြိုက်တဲ့ ရွှေပြည်စိုး ဆေးပေါ့လိပ်တောင် ပို့ပေးခွင့်မသာခဲ့ဘူး ညီမရေ။ သူ့စာအုပ်ကလေးကို ပြန်မြင်ခွင့်ရအောင် တင်ပေးတဲ့ ပန့်ကိုကျေးဇူးတင်ပါတယ်။

ခေါင်ခေါင် said...

မမပန်ရယ်.. ဆရာကြီးတင်မိုးဆိုတာ..
ကြားတောင်မကြားဖူးဘူး...
ကဗျာလေး ကိုမျှဝေပေးလို့ တစ်ကယ်ကျေးဇူးမမ

GreenGirl said...

GreenGirl တို့ ကိုးတန်း၊ ဆယ်တန်းလောက်မှာ ဂုဏ်ထူးမြန်မာစာမှာ ကျူရှင်တက်တုန်းက ဆရာကြီးက ပိတောက်မှ သရဖီသို့ စာစုများဆိုတဲ့ စာတိုလေးတွေကို ပေးဖတ်ပြီး မြန်မာစာ အသုံးအနှုန်း၊ အရေးအသားတွေကို ဖတ်မှတ်စေရာကနေ ဆရာကြီးဦးတင်မိုးကို စပြီးရင်းနှီးခဲ့ပါတယ်။ အဲ့ဒီစာတွေဖတ်ပြီး နှစ်သက်မိလို့ ကဗျာတွေလည်း ရှာဖတ်ဖြစ်ခဲ့ပါတယ်။ လေးစားအပ်တဲ့ ကဗျာဆရာကြီးတစ်ယောက်ပါ။

pandora said...

ဆရာကြီးအမှတ်တရ ပို့စ်လေးမှာ အတူ လွမ်းဆွတ်သွားကြတဲ့ မောင်နှမများကို ကျေးဇူးတင်ပါတယ်။