နွေဦးရင်ခွင်မှ လန့်နိုးခြင်း
ပျော်ခဲ့ဖူးတယ်
နွေဦးစို့စို့၊ ပြုံးညှို့နွဲ့ငင်
ကြယ်ဖြူ့ရင်ထဲ၊ ရဲရဲတိုးတိတ်
အရိပ်ချိုသာ
စိတ်ခိုရာ
ဟို… မှာ…
နက်လာတဲ့တော
မောတယ်မောတယ်…
သွား…. ကွယ်
မှောင်စွယ်ကြားက
လက်များခေါ်ငင်၊ မလိုက်ချင်ဘူး
တွင်တွင်ငြင်းဆန်၊ ရုန်းကန်အော်မိ
ခလုတ်ထိရင်း၊ တွယ်ငြိပြန်ပြီ
ဟိုဒီယိမ်းထိုး၊ ၀ိုးဝါးလှုပ်သန်း
ရနံ့ဆန်းတွေ၊ ဖြန်းခနဲလွင့်
ပန်းတွေပွင့်ခိုက်၊ တိမ်နှင့်ပြိုင်ကာ
လ၀ါခိုစီး၊ တေးဆိုညည်းစဉ်
ခရီးခုလတ်၊ ဆတ်ခနဲထ
အိပ်မက်ညမှာ
ဗလာ…။
ပန်ဒိုရာ
Ozzy Osbourne – Paranoid (ပါဠိ)
-
ParanoidOzzy Osbourne/Black Sabbathပါဠိဘာသာပြန် – နတ္ထိ Songwriters:
Terence Michael Butler, William T. Ward, Ozzy Osbourne, F. Frank Iommi
19 hours ago
16 comments:
လန့်နိုးနိုးချင်း နွေဦးရင်ခွင်ကို လာလည်သွားပါတယ်။
ကဗျာ လေးနုရွနေတာပဲ အမပန်ရေ အစအဆုံး ရွတ်လို့မ၀ဘူး တပုဒ်လုံးလှတယ် ကောင်းသောနေ့ပါ :)
လက်များခေါ်ငင်
လိုက်စေချင်တုံး
ပြုံးတုံ့ပြုံးလှယ်
လိုက်မယ်ဆိုလျက်
အိပ်မက်ထဲက
နိုးထခဲ့သော်
လက်တွဲဖော်နဲ့
ပျော်ရမလား
ဒွိဟပွါးမိ...
(သရုပ်ဖော်ပုံလေးကို အလွန် နှစ်သက်ပါတယ်။ မွေးနေ့လို့ ညာပြောရင် လက်ဆောင်အဖြစ် ပေးမလား ဟဲဟဲ)
လှလိုက်တဲ့ အိပ်မက်ညပါလား
ရွတ်လို့ကောင်းတဲ့ကဗျာလေး သိပ်လှပါတယ်ဗျာ
ဟိုဒီယိမ်းထိုး၊ ၀ိုးဝါးလှုပ်သန်း
ရနံ့ဆန်းတွေ၊ ဖြန်းခနဲလွင့်
ပန်းတွေပွင့်ခိုက်၊ တိမ်နှင့်ပြိုင်ကာ
လ၀ါခိုစီး၊ တေးဆိုညည်းစဉ်
ချစ်ဖို့ ကောင်းလှတဲ့ ကဗျာလေး
ကဗျာ နုနုကို အသည်းနုနုဖြင့် လာဖတ်၏
ရွတ်လို့ကောင်းတဲ့ နွေဦးရင်ခွင်း)
ပန်ပန်
လှလိုက်တဲ့ကဗျာလေး
ကြည်အေးတောင်သတိရတယ်
မပန်ရေ..
ကဗျာကော..
ပန်းချီကော.. ကြိုက်၏
ပန်းချီက မှန်စီရွှေချလိုပဲ..
တော်တော်အသက်ဝင်တယ်
ဟုတ်တယ် ။ ဖတ်နေရင်းနဲ့ ကြည်အေးရဲ့တစ္ဆေ ကဗျာကိုသတိရသွားတယ် ။ ဖတ်ပြီးတော့လဲ ဘာမှန်းမသိတဲ့ခံစားမှူက ကျန်ခဲ့တယ် ။ ကိုယ်က အသည်းနုတယ် :)
မပန်ရေ...
ကဗျာလေး..ရင်ထဲထည့် ပြန်တယ်...
လေးလုံးစပ် ချိုချိုလေး..မဖတ်ရတာကြာပေါ့..။
စပ်ထားတဲ့ စာသားလေးတွေ တအားနုတယ် ။ အသံထွက်ပြီး ဖတ်ကြည့်တော့ ပိုအရသာရှိတယ်ဗျ ။
ကြည်အေးနဲ့ မအိကို အဲလို ငြိခဲ့တာပေါ့..
တွေးပုံ... ရေးပုံ.. အသံ...
မပန် (ဒေါ်)ကြည်အေး ဟန်နဲ့ ဆင်တယ်။ လေးလုံးစပ်မို့လား။ သိပ်တော့ မသိပါဘူး။ လှတယ်လို့တော့ သိတယ်။
Post a Comment