Teachers
-
Written and posted this on 2008 February 17. Let me post this again and
thank my teachers. Forever grateful!
---.---.---.---
ပြည်ထောင်စုနေ့၊ ကလေးများနေ့ ...
Mais uma do índio sem cavalo
-
Pois é. Quando parecia que o indio finalmente iria se acalmar após o
"casamento", eis que o indígena que reclama da falta de cavalo (o pangaré
que deram pe...
-
Reading Peter Schjeldahl Peter Schjeldahl builds paragraphs. Possibly no
other critic now writing in English has such a strong sense of what that
unit of...
Artificial Rain
-
When I see the door
someone push me from the back
make a screenshot with flash light
I lost my dignity that night
the world gained his strength
to face th...
6 comments:
နေ...လုံးကြီးသာဝင်ချင် ဝင်သွားလိမ့်မယ်
မျိုး...ကတော့ တုံးမှာ မဟုတ်ဘူး
ကျော်...ချင်လို့အော်ခဲ့တာမဟုတ်မှန်း အားလုံးအသိပဲလေ...
နေဘုန်းလတ် အမြန်ဆုံးလွတ်မြောက်ပြီး နေကောင်းကျန်းမာပါစေ...
းဝ)
ဒါကတော့ မွေးနေ့ကျင်းပပေးတဲ့ ပန်ပန့်အတွက်...
ပန်...ဆင်ဖို့ပန်းတပွင့်လိုက်ရှာရင်း
ဒို...ရေမီဖာကို အမှတ်မထင် သွားတွေ့တယ်...အဲဒါ
ရာ...သီမရွေး ပွင့်မယ့် ဂီတပန်းတပွင့်ပဲပေါ့...
းဝ)
Happy Birthday to Ko Nay Phone Latt!!!
.............
A Free Bird towards a Free Burma!!!!
with best wishes, Suuchit
မွေးနေ့လေး ကိုအမှတ်တရ လုပ်ပေးတဲ့ ပန်ပန့်ကို ကျေးဇူးတင်သလို...၊ ကိုနေဘုန်းလတ် အမြန်ဆုံး လွတ်မြောက် ငြိမ်းချမ်းနိုင်ပါစေ..။
လွတ်မကျတော့တဲ့ မြို့တော်
“ ဖွဲ့ဆိုချင်တဲ့ သံစဉ်ချိုတွေကို
ရင်ဘတ်ထဲမှာပဲ ကိုက်မြိုထားရတဲ့
ကြိုးပြတ်နေတဲ့ ဂစ်တာတစ်လက်ဟာ ကျွန်တော်ဖြစ်တယ်… ”(နေဘုန်းလတ်) .....တဲ့။
လောကအလှတရား
ခံစားချင်တိုင်း ခံစားလို့ ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ရင်ဖွင့်ချင်တဲ့ စကား
နှုတ်ဖျားက ပွင့်ပွင့်လင်းလင်းပြောနေကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ကမ္ဘာမြေမှာ ခြေစုံရပ်
သွားချင်တဲ့ အရပ် သွားလို့ရနေတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
အရသာစုံ ဆီဦးထောပတ်
လျှာအရသာခံ စားတတ်ကြတဲ့ လူသားတွေထဲမှာ
ငါတို့မပါတာ နာလိုက်တာ။
ငါတို့ရဲ့ရှင်သန်မှု
ငါတို့ရဲ့ လွတ်လပ်မှု
ငါတို့ရဲ့ပျော်ရွှင်မှုတွေအတွက်
ငါတို့ရဲ့သတ္တိတွေ ဓါးသွားလိုထက်
လှပတဲ့ မြို့တော်သစ်လေး တည်ဆောက်ကြဖို့ ခရီးဆက်
ငါ့တို့လက်ထဲက မြို့တော် လွတ်မကျစေရဘူး...
ဒီတစ်ခါ...
ညီလေး…မင်းလက်ထဲက မြို့တော်လွတ် မကျစေနဲ့တော့....။
ကိုနေဘုန်းလတ် ဇွန်၂၈ရက်နေ့ (၂၉)နှစ်ပြည့်မွေးနေ့ လက်ဆောင်
ငါတို့ မင်းကို မေ့လျော့နေခဲ့ကြတယ်။
မေ့မရတဲ့ အကြောင်းအရာတွေ များလွန်းပြီး မေ့ကျန်ခဲ့တာလား။
မေ့မေ့ပျောက်ပျောက်နဲ့ မင်းကို မေ့ကျန်ခဲ့တာလား။
ငါမသိခဲ့တဲ့
မင်းရဲ့ မွေးနေ့ဟာ တခြား မွေးနေ့တွေလို
ပျော်စရာ ကောင်းမှာပါ။
ဒါပေမဲ့ မတူညီတဲ့ ဖြတ်သန်းမှုမျိုးနဲ့
မင်းအတွက် အကျည်းတန်ရမယ့် နေ့ရက်တရက်ဖြစ်ကျန်နေမှာတော့
ငါတို့ စိတ်မကောင်းမိဘူး။
အညတရတယောက်အနေနဲ့ ပျောက်ကွယ်သွားမယ့်အစား
ငါတို့ ရင်ဘတ်ထဲမှာ
မင်းဟာ ဘလော့လောကအတွက် ရှေ့ဆောင်လမ်းပြပဲ။
ငါတို့ ပြောချင်တာတွေကို ပြောချလိုက်ဖို့
ငါတို့ ခံစားမှုတွေကို စာနာတတ်ဖို့
မင်းရဲ့ ရင်ဘတ်တစုံကို လွှတ်ချပစ်ခဲ့တယ်။
အဲဒီ လွတ်ကျသွားခဲ့တဲ့ မြို့တော်ကနေ
ငါတို့ မျှော်လင့်ချက်တွေ ရရှိခဲ့တယ်။
ငါတို့ ဆက်လက် မျှော်လင့်နေကြမယ်။
ငါတို့ ဆက်လက် ရင်ဖွင့်နေကြမယ်။
မွေးနေ့မှာ ပျော်ရွှင်ပါစေကွာ
Post a Comment