အနုပညာချစ်သူတွေရဲ့ ရင်ထဲမှာ ထာဝရ လင်းလက်နေမယ့် ကြယ်တစ်လုံးအတွက် အမှတ်တရ စာအုပ်တစ်အုပ်ကို ဒီနေရာမှာ
download ယူလို့ရပါတယ်။ ၂၀၀၇ ခုနှစ်က ရေးခဲ့တဲ့ ပန်ဒိုရာရဲ့ ကဗျာလေးကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
..............
တာရာကြွေတဲ့ည
အဲဒီညက
ကြယ်တွေအားလုံး
ရေဆင်းသောက်ကြတယ်...
ပင်လယ်ရဲ့ ငန်ပျပျဂုဏ်သတ္တိမှာ
အားလုံးစိုစိုစွတ်စွတ်နဲ့...
လမင်းကမကြည့်ရဲလို့
မျက်နှာလွှဲသွားတယ်...
....
....
ဓားသွားတွေပြိုးပြိုးပြက်ပြက်
လက်လက်ထတဲ့ည
မကောင်းဆိုးဝါးတွေမြူးထ
ရင်ခုန်သံတပြုံတမနဲ့ ဗုံ တီး က
ကဗျာတွေ ဖိတ်စင်ထွက်ကျ
ပန်း ပွင့် တွေ ခြွေ ချ
ပဉ္စလက် မိုးတွေ ရွာ ကျ
မော ဟိုက် နွမ်း လျ
....
....
ဟိုး ထောင့်တနေရာမှာတော့
ဝတ်စုံဖြူတလွင့်လွင့်နဲ့
ဂျူနိုရယ်
နောက်ထပ်ကြယ်တစ်ပွင့်ရယ်
အမှောင်ထဲကိုစိုက်လို့
ငေးကြည့်နေလိုက်တာ
အကြာ.....ကြီး..။
ပန်ဒိုရာ
၈ သြဂုတ် ၂၀၀၇
................
မနှစ်က ဗွီအိုအေ အစီအစဉ်တခုမှာ ကဗျာဆရာနှင်းခါးမိုး ပြောပြတဲ့ တာရာမင်းဝေအကြောင်းကို ကိုဇာနည်ဝင်းရဲ့ ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။
တာရာမင်းဝေကဗျာတစ်ပုဒ်ကို ရွတ်ဆိုထားတဲ့ မကြာမီက ထုတ်လွှင့်သွားတဲ့ အသံကိုတော့ ဆရာမမေငြိမ်းရဲ့ဘလော့ဂ် ဒီနေရာမှာ နားထောင်နိုင်ပါတယ်။
Pisces .....
-
ဒီပို့စ်က မိန်ရာသီခွင် Pisces တွေရဲ့ dark site အမှောင်ဖက်ခြမ်းကို
အသားပေးပြောသွားမှာဖြစ်ပါတယ်...။ ကျနော်ကိုယ်တိုင်လည်း March Pisces
တစ်ယောက်ပါ...။ ရာသ...
3 days ago
9 comments:
ကဗျာလေး လာဖတ်သွားတယ် ပန်ပန် ...
ကြယ်တွေ နောက်ထပ် မကြွေပါစေနဲ့တော့ ...လို့ ပြည့်လိုပြည့်ငြား ဆုတောင်းမိတယ်။
ကံကောင်းထောက်မစွာ မနက်စောစောက Email ကတဆင့် ဒီစာအုပ်လေး လက်ဆောင်ရလိုက်တယ်။
အစ်မကဗျာလေးလည်း ဖတ်လိုက်ရတယ်။ ဆရာမောင်းစွမ်းရည်နဲ့ ခက်မာရဲ့ ဆောင်းပါးလေးတွေကိုတော့ ဖတ်ပြီး လောလောဆယ် သဘောကျနေပါတယ်...။
ကျွန်တော်တို့ရင်ထဲက ကြယ်တစ်စင်းကတော့ အမြဲလင်းနေမှာပါပဲ...
စာအုပ်ဒေါင်းလုဒ် သွားသည်။
ဒီလိုကြယ်တွေ တသက်မကြွေ အစဉ်လင်းလက်စေချင်တယ်…
ကြွေဖို့ ရှင်သန်လာရတဲ့ တာရာတွေပဲလေ...
ကြယ်တွေရေသောက်ဆင်းတာ
ခုတော်တော်တောင် စုံခဲ့ပြီပေါ့ဗျာ...
မမပန်ဒိုရာ.... စာအုပ်လေးဒေါင်းသွားတယ် ကျေးဇူး
မရေ... စာအုပ်လေးယူဖတ်မယ်။ ကျေးဇူးပါ။
ကြွေသွားတဲ့ ကြယ်လေးတွေ ကောင်းရာ သုဂတိ လားပါစေ။။။
ဂျူနို......
အရှေ.မြို.ရိုးမှာမိုးရွာစေတဲ.ကောင်မလေး...
ကြယ်ကြွေတာကိုဗြောင်ပြန်ကြွေစေတဲ.ကောင်မလေး.....
ကျွန်တော်ထင်မိတယ်.....
အဲ.ဒါသူ.ရဲ.(တာရာမင်းဝေ)
master peace လို.
sm
Post a Comment