ကိုင်းများ လေယူရာဆီ
ကိုင်းများ ထန်းသီးကြွေခိုက် ထိုးထောင်
ကိုင်းများ ကျီးနင်းခိုက် ရောယောင်
ကိုင်းများ ရှဥ့်လည်းလျှောက်သာအောင်
ကိုင်းများ ပျားလည်းစွဲသာအောင်
တောင်ဘက်ပိုင်းက ထနောင်းကိုင်းခြောက်
မြောက်ဘက်ပိုင်းက ထနောင်းကိုင်းခြောက်
နှစ်ကိုင်းပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်*
(အထက်ပါစာသုံးကြောင်းကို ခုနှစ်ကြိမ်တိတိ မရပ်မနား အသံထွက်ရွတ်ဆိုကြည့်)
ကိုင်းဖျား ကိုင်းနား ကိုင်းကြို ကိုင်းကြား ကိုင်းစို ကိုင်းခြောက်
ကိုင်းကူး ကိုင်းဆက် ကိုင်းခက် ကိုင်းလက် ကိုင်းမ ကိုင်းခွဲ 
ကိုင်းကြီး ကိုင်းသေး ကိုင်းသွေး ကိုင်းသား ကိုင်းအုပ် ကိုင်းချုပ်
ကိုင်းများ အသီးအနှံအဆံအနှစ်ပြည့်ဝဖွံ့ဖြိုး၍
ကိုင်းများ လေးလံညွှတ်ကိုင်းပျောင်းအိလာမည့်အချိန် …။
ပန်ဒိုရာ
၂၂.၉.၂၀၁၀-၂၈.၁၀.၂၀၁၁
*ကြားဖူးနားဝ မြန်မာ့ရိုးရာ လျှာလိမ်စကား 
မှတ်ချက်။ ။ ဤကဗျာကို အသံထွက်ဖတ်မိပါက ဖတ်သူတို့၏ တာဝန်သာဖြစ်ပါကြောင်း။း)
Mushroom chicken creamy pasta
                      -
                    
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300 
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) - 
200 gmBlack...
5 days ago
5 comments:
ပန်ပန်...မရဘူး၊ အသံထွက်ဖတ်ပြီး ကိုယ့်တာဝန်ကိုယ်ယူသွားတယ် ခွိး))))
တယ်ဆိုးပါလား.... ရှရွတ်..ရှရက်...
pifpif
ဟုတ်တယ် အဲလိုမထွက်နဲ့ပြောရင် ထွက်ဖတ်ချင်မိတယ် မတတ်နိုင်ဘူး...း)
မူကွဲ
ဟိုပင် တထနောင်းကိုင်းခြောက်
ဒီပင် တထနောင်းကိုင်းခြောက်
နှစ်ပင်ပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်
အသံထွက်ပြီးဖတ်ဖြစ်အောင်ကို ဖတ်သွားပါတယ်
Post a Comment