Monday, June 18, 2007

19 June 2007



drawn in "paint". used pencil, brush tools and my mini-mouse. modified in photoshop.

17 comments:

ကလိုစေးထူး said...

ဒေါ်အောင်ဆန်းစုကြည်ပုံတူက ဒီမှာ အနီးကပ်ကြည့်မှ ပိုတူတာပဲ။ တော်တော်လေးကို အားထုတ်ဆွဲရမယ့် သဘောရှိတယ်။ လေးစားပါ၏။ ဒီနေ့ကတော့ ဘလော့ဂ် အတော်များများ ဆုတောင်းသံတွေ ညံနေတယ်။ :)

ပုံရိပ် / Pon Yate said...

မပန်က တော်လိုက်တာ ဘက်စြံပဲ။ ဘယ်ဘက်က စမ်းစမ်း ညာဘက်က စမ်းစမ်း အရိုး ချည်းပဲ...အဲဟုတ်ပေါင်။ စွယ်စုံရ တာပဲ ဟီး။
အတူဆုတောင်း ပေးပါတယ်။

Yan said...

မပန်ရယ်...
အရမ်းတော်တယ်ဗျာ. အထူးသဖြင့် သူ့မျက်လုံးလေးတွေကို ကြည့်ရတာ အသက်ဝင်လိုက်တာ.

M.Y. said...

ပန်ဒိုရာရေ..
Wow! It’s so cool...!!
paintလို မျိုး စတိ ဆော့ဖ၀ဲလေး နဲ့ ဒီလောက် ထွက်တာ တော်တော် မလွယ်တဲ့ အလုပ်ပါ။
ဟုတ်တယ် လက်ငြိမ်ဖို့ မလွယ်ပါ။ အရင် က ကျွန်တော် digital pencil tracer နဲ့  ဆွဲဖူးတယ်။ အရမ်းကောင်းတယ်။ စုတ်တံနဲ့ ခဲတံနဲ့  စာရွက်ပေါ်မှာ ခဲခြစ်ရသလောက် အဆင်ပြေတယ်။
အခုတော့မရှိတော့လဲ မောက်စနဲ့ ပဲဆွဲရတော့ လက်မသွက်ပါ။ ကျွန်တော်နည်း ကတော့ MS paint မှ brush tool နဲ့ ဆွဲတယ်။ line tool ကမျဉ်း ကွေး sketch တွေအတွက် မကောင်းပါ။ Brush tool ကို brush sizeနည်းနည်း တုတ်တဲ့ mediumနဲ့ သုံးပါတယ်။ ပြီးတော့ normal view မှာ မဆွဲပဲ zoom ကို ၂ ဆ နဲ့ ၆ ဆ ခဲလုံးနဲ့ ဆွဲမယ့် နေရာ ခဲသားပေါ်မူတည်ပြီး zoom mode မှာ ပဲဆွဲတယ်။ အဲဒါဆိုရင် ဆွဲရတဲ့ လက် က လက်သွားတဲ့sketch နှုန်း ကို ပို သွက်ပြီး ပို smooth ဖြစ်တယ်။ စမ်းကြည့်ပါလား..
Warm Regards
Mg Yin

Anonymous said...

မပန်ရေ.. အရမ်းတူတဲ့ ပုံတူပန်းချီပါပဲ ။ Paint software နဲ့ ဆွဲနိုင်တာ တကယ်တော်တယ် ။

pandora said...

ကိုစေးထူး > ဟုတ်တယ်.. အတော်တော့ အားထည့်ရသား။ သေချာမှ မဆွဲတတ်တာကိုး။ ဆွဲချင်စိတ်ပဲရှိတာ။ ဟီး။
ပုံရိပ် > အာ..လာမစမ်းနဲ့..ယားတတ်တယ်ဟ။
မောင်ရန်ရေ > အဲဒီမျက်လုံးကို အတော်ဆွဲရတယ်။
ကိုမောင်ရင် > အခုလို အသေးစိတ်လေး ရှင်းပြတာ ကျေးဇူး. ပိုကြိုးစားပြီး စမ်းကြည့်ပါဦးမယ်။
ဂျစ်> တခါတလေ လက်တည့်သွားတာပါ

အားပေးသူများ အားလုံးကျေးဇူးပါ။ အမှတ်တရ ဖြစ်အောင် ကြိုးစားကြည့်လိုက်တာပါ။

Ka Daung Nyin Thar said...

ဂွတ်လှချည်လား.. မမပန်ရေ..
အနော့်ဒေါင်းပုံဆွဲတုန်းကလည်း ဒီလိုပဲ တော်တာပဲ.. အမကို ချီးကျူးပါတယ်ဗျာ
I’m sure you are a political animal too.

Thet Htoo@Myat Lone said...

ပုံဆွဲကောင်းတယ်ဗျို့.. အားကျတယ်ခင်ဗျာ.. ကိုယ်တိုင်ရေးပုံတူလေးလည်း တွေ့ချင်ပါတယ်ခင်ဗျာ.. တောင်းဆိုတာပါ..

Anonymous said...

You're such a talent!
Can I send my pic to you? :D
AMaySu lo hlahla lay swel pay

Anonymous said...

wahhhhh... so nice sketch lah..
u sure got lots of talent in you.
envy us sis!! waytogooooo

pandora said...

မောင်ဒေါင်း.. ချီးကျုးတာ ကျေးဇူးပါ။ တိုက်ဆိုင်ရင်တော့ တူတတ်ပါတယ်။

ကိုမျက်လုံး.. ကိုယ်တိုင်ရေးပုံတူက မညာတမ်းဆွဲမှ ဆွဲနိုင်တာ။ မဖြစ်သေးဘူး ထင်တယ်.. ပြီးတော့ ပန်ဒိုရာက ကိုယ့် မျက်နှာ ပြရမှာ နည်းနည်းရှက်တတ်တယ်.. ဟဲဟဲ..

မလေး.. ဆွဲပေးမှာပေါ့.. လှလှလေး ရိုက်ပြီးပို့လိုက်.. အဲ.. ပြီးရင်တော့ ဘလော့ဂ်မှာ တင်ရမယ်နော်..

ဘာညာကောင်ပေါက်.. နာ့ညီမလေး ရေခဲချောင်းကျွေးမယ်..

ခင်မင်းဇော် said...

ညီမလေးပန်ဒိုရာ
ပုံတူဆွဲတာ သိပ်တော်တာပဲ။
တကယ့်ရွက်ပုန်းသီးအနုပညာရှင်တွေကို တွေ့ နေရတာပဲ။
ဘလော့တခုလုပ်မိတာ အမြတ်ချည်းပဲကွယ်။
သိပ်တော်တဲ့ ကလေးတွေမို့ 
အမှန်အကန်ချီးကျုးလိုက်ပါတယ်

pandora said...

မမကြီး ခင်ရေ ကျေးဇူးတင်ပါတယ်နော်

တန်ခူး said...

ပန်ရေ…ဆွဲဖို့ တွန်းအားပေးတဲ့စိတ်ကလေးကိုရော၊ လက်ရာမြောက်တဲ့ပန်းချီလေးကိုရော လေးစားမိပါတယ်…

တန်ခူး said...

Btw, အပေါ်က comment timestamp တွေတမျိုးဖြစ်နေသလားလို့ ….

Kaung Kin Ko said...

မပန်က ကဗှာ၊ ဝတ္ထုတင်မဟုတ် ပန်းချီပါရသကိုး။ စွယ်စုံ အနုပညာရှင်ပေါ့း-)

Kaung Kin Ko said...

ကြိုက်လို့ ကြယ်ငါးပွင့် ပေးခဲ့တယ်ဗျို့ ။