Tuesday, September 11, 2007

ထင်တာတွေ...

ထင်တာတွေ လျှောက်မပြောနဲ့
ထင်တာတွေ ပြောထွက်ရမယ်
ထင်တာတွေ ပြောရင် ထိန်းချုပ်ပါ
ထင်တာတွေ ပြောရင် မထိန်းချုပ်နဲ့
ထင်တာတွေ ပြောဖို့ ၀န်လေးတယ်
ထင်တာတွေ ပြောဖို့ ၀န်မလေးဘူး
ထင်တာတွေ ပြောနိုင်တာ တူညီမှု
ထင်တာတွေ ပြောနိုင်တာ ကွဲပြားမှု
ထင်တာတွေ ပြောဖို့ အများကိုညှိနှိုင်းပါ
ထင်တာတွေ ပြောဖို့ သီးသန့်ဆန်ပါ
ထင်တာတွေ ပြောတာ စည်းကမ်းမဲ့မှု
ထင်တာတွေ ပြောတာ လွတ်လပ်မှု
ထင်တာတွေ ပြောတာ တာဝန်
ထင်တာတွေ ပြောတာ အခွင့်အရေး
ထင်တာတွေ...

ပန်ဒိုရာ

8 comments:

ညီညီ(သံလွင်) said...

ထင်တာတွေ ကဗျာဖတ်..
ထင်တာတွေ လာတွေးပြီး
ထင်တာတွေ ကွန်မန့်ရေးသွားပါတယ် မပန်

Hlaing Htun said...

ထင်တာတွေ...
ထင်ရောင်ထင်မှားဖြစ်ခြင်းလား (မသေချာခြင်းလား)၊
တွေးတောမှန်းဆတာလား (မိမိအတွေ့အကြုံမှ ပုံဖော်ယူခြင်းလား)၊
ထင်တာတွေပြောရင်တော့ သတိထားပြောတာ ပိုသင့်မယ်။
""" ကဲ ထင်တာတွေ လျှောက်ရေးလိုက်ပြီ ... :P """

ရွက်ဝါ said...

ထင်တာတွေ ပြောခွင့်ရှိဖို့က လူတိုင်းအတွက် အခွင့်အရေးပါ။
စကားဆိုမှတော့ ပြောတဲလူက တာဝန်ယူသင့်တာပေါ့။
..
ထင်တာတွေ ပြောဖို့ အားလုံးမှာ တန်းတူညီမျှတဲ့ လွပ်လပ်မှုရှိရမယ်။
အများလက်ခံနိုင်တဲ့ မျက်နှာမလိုက်တဲ့ စည်းကမ်းတော့ လိုတာပေါ့။
..
ထင်တာတွေပြောလို့ ပဋိပက္ခတွေ မဖြစ်အောင်တော့ ညှိနှိုင်းသင့်တယ်။
အတွေးအခေါ်၊ အထင်အမြင်တွေကတော့ သီးခြားဆန်နေလေ ပိုကောင်းလေပဲ။
..
ထင်တာတွေ ပြောနိုင်တာ (ပြောခွင့်ရှိတာ လို့ပြောင်းသုံးကြည့်မယ် ) ဟာ တူညီမှု ကိုဖြစ်ရမယ်။
ကွဲပြားမှု ရယ်လို့ဖြစ်လာခဲ့ရင်တော့ အဲဒါမျက်နှာလိုက်ခြင်းပဲ။
..
ထင်တာတွေ ပြောတဲ့လူတိုင်းမှာ ၀န်လေးခြင်း၊ မလေးခြင်းကတော့ ၂ ခုစလုံးဖြစ်နေမှာပဲ။
သူက ပြောစကာကြောင့် ဖြစ်လာနိုင်တဲ့ အကျိုးအပြစ်နဲ့ ပြောတဲ့သူက အဲဒီ အကျိုးအပြစ်ကို ဘယ်လောက် တာဝန်ယူနိုင်လည်း ဆိုတာပေါ် မူတည်နေတာကိုး။
..
ထင်တာတွေ ပြောဖို့ ကာလ၊ ဒေသ စတာတွေ သင့်၏၊ မသင့်၏ ချင့်တာကို ထိန်းချုပ်မှု လို့ဆိုရင်တော့ အဲဒါသိပ်ကို အရေးတယ်။ (ကိုလှိုင်ထွန်းပြောတဲ့ သတိဆိုတာလည်း ဒါပဲဖြစ်လောက်ပါတယ်။ )
ဒါပေမယ့် အမိန့်အာဏာနဲ့ ထိန်းချုပ်မှုကတော့ လက်ခံနိုင်စရာမရှိဘူး။
..
ထင်တာတွေ လျှေက်မပြောနဲ့၊ ပြောထွက်ရမယ်ဆိုတဲ့ စကား ၂ ခွန်းလုံးက အာဏာရှင်ဆန် နေသလိုပဲ။
လွတ်လပ်မှုကို ထိခိုက်သွားသလို ခံစားရတယ်။
...
(အရမ်းကြိုက်တယ် မပန်။ စဉ်းစား စရာတွေလည်း အများကြီးပဲ။ ကူးယူသွားဘီ။)

Anonymous said...

"ထင်တာတွေ" အစား "မှန်တာတွေ" ဆိုရင် ပိုကောင်းမလား ... လို့ ...

kay said...

ကိုယ့်ကိုများ..စောင်းပြောနေသလားမသိဘူး...
(အင်း..ဒါလဲ..တော်တာပဲ..အဲလိုဖြစ်အောင်ရေးနိုင်တာ)

P.Ti said...

ထင်တာတွေ လျှောက်မပြောနဲ့၊ ပြောထွက်ရမယ်ဆို ထိန်းချုပ်ပါ။ မထိန်းချုပ်ဘူးဆို ၀န်လေးတယ်။ ပြောဖို့ ၀န်မလေးဘူး ဆို တူညီမှု ကွဲပြားမှုတွေ ပြောဖို့ အများကိုညှိနှိုင်းပါ။
ထင်တာတွေ ပြောဖို့ သီးသန့်ဆန်ပါ ….. စည်းကမ်းမဲ့မှု ….. လွတ်လပ်မှု ….. တာဝန် …..
….. အခွင့်အရေး … ထင်တာတွေ...
ပန်ဒိုရာကို တော်တယ်ပြောရင် စိတ်ဆိုးမှာလား… :D

MgThaJan said...

မပန် ပိုစ့် 2 ခုရှိပြီး ဦးနှောက်စားသွားတာ :P

pandora said...

ထင်တာတွေ အားပေးသွားကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်
LMN မှန်တာတွေလို့ စဉ်းစားလိုက်တော့ ရင်ထဲဆို့သွားတယ်။