Tuesday, September 18, 2007

အခြေခံယုတ္တိဗေဒအလွဲ

အခြေခံယုတ္တိဗေဒ အလွဲ

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။
လေ့လာသူ = ဟင်.. ဘာမှလည်းမဆိုင်ဘူး။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည် မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ ထို့ကြောင့် သင့်တော်သောလုပ်ရပ် ဟူသည် လောက၌မရှိ။
လေ့လာသူ = ဘုရား ဘုရား။

အဆို = မောင်ဖြူ၏ လုပ်ရပ်သည်မသင့်တော်။
အခြေ = မောင်မဲ နှင့် မောင်နီတို့ ၏ လုပ်ရပ်သည်လည်း မသင့်တော်။ လူတိုင်း မသင့်တော်တာ လုပ်ကြစို့။
လေ့လာသူ = ကယ်တော်မူကြပါ။

11 comments:

MyMetro said...

မောင်ဖြူ၏ လုပ်ရပ်သည် သင့်တော်၏။ မောင်မဲနှင့်မောင်နီတို့၏ လုပ်ရပ်သည်လည်း သင့်တော်၏။ ထို့ကြောင့် လောကတွင် လုပ်တိုင်းတင့်တယ်၏ .. ကွိကွိ။

Anonymous said...

အမယ်.. ခု မောင်ဟိန်းကလည်း ကွိကွိ လုပ်နေပါလား ။ အော် အော်.. ဒီလိုတောင် ဖြစ်နေမှကိုး အဟား ။

မပန်.. စဉ်းစားသွားတယ် .. ဒီအချက်တွေကို ။

Layma said...

ဟင်..ဘာမှလည်းမဆိုင်ဘူး...ဘုရား...ဘုရား....ကယ်တော်မူကြပါ ....ဆိုတဲ့ လေ့လာသူကို သိပ်သိပ်ကြိုက်....။
လေ့လာသူ

နေမိုး said...

သံဃာတော်များအား အားဖြည့်အနေဖြင့် မေတ္တာသုတ်ကို ရွတ်ဖတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

အောက်တွင် မေတ္တသုတ်ကို အသင့်ရှိနေသော အရှင်မဏိဇောတ ပူဇော်ရေးသားသည့် ပရိတ်ကြီး ၁၁သုတ် အသံထွက်ရွတ်ဖတ်နည်း စာအုပ်မှ ရွတ်ဖတ်လိုသူများ အလွယ်တကူရွတ်ဖတ်နိုင်စေရန် ပြန်လည်၍ ကူးယူဖော်ပြလိုက်ပါသည်။

ဒီနေ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စံနစ်ဆိုးအောက် ကျရောက်နေသော၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးကို ခံစားနေရသော မြန်မာနိုင်ငံသား ပြည်သူလူထုတရပ်လုံးအတွက် ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေရေးကို ရည်စူးလျှက် ဗုဒ္ဓဘာသာ သံဃာတော်အရှင်မြတ်များမှ စစ်အစိုးရအား ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို တနိုင်ငံလုံးအ၀ှမ်း စတင်လိုက်ပြီဖြစ်ပါသည်။ ကျနော်တို့ မြန်မာနိုင်ငံသားအပေါင်းမှလည်း မိမိတို့တတ်နိုင်သမျှ စိတ်ဆန္ဒအင်အား၊ ကိုယ်ကာယအင်အားတို့ဖြင့် သံဃာတော်အရှင်သူမြတ်များနှင့်အတူ ပူးပေါင်းပါဝင်သင့်ပါသည်။ သံဃာတော်အရှင်မြတ်များအား အားဖြည့်သည့်အနေဖြင့် ကျနော်ကိုယ်တိုင်လည်းပဲ ဒီနေ့မှစတင်ပြီး အချိန်အားရခိုက်များတွင် ကြမ်းကြုတ်ရိုင်းစိုင်းနေသောသူများကို ယဉ်ကျေးပျော့ပျောင်းလာပါစေရန် မေတ္တာစိတ်ထား၍ ဗုဒ္ဓမြတ်စွာဘုရားရှင် ဟောကြားတော်မူသွားခဲ့သည့် တရားတော်များကို ရွတ်ဖတ်နေမည်ဖြစ်ပါသည်။

*****မေတ္တသုတ်*****
၁။ ယဿာနုဘာဝတော ယက္ခာ၊ (ယတ်သာနုဘာဝတော ယက်ခါ)
.....နေ၀ ဒေဿန္တိ ဘီသနံ။ (နေ၀ ဒတ်သင်တိ ဘီသနံ။)
.....ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ (ယင်ညှိ စေ၀ါနုယုန်ဇန်တော။)
.....ရတ္တိန္ဒိဝ မတန္ဒိတော။ (ရတ်တိန်ဒိဝ မ တန်ဒိတော။)

၂။ သုခံ သုပတိ သုတ္တော စ၊ (သုခံ သုပတိ သုတ်တော စ၊)
.....ပါပံ ကိဉ္စိ န ပဿတိ။ (ပါပံ ကိန်စိ န ပတ်သတိ။)
.....ဧ၀မာဒိ ဂုဏူပေတံ၊ (အေ၀မာဒိ ဂုဏူပေတံ။)
.....ပရိတံ္တ တံ ဘဏာမ ဟေ။ (ပရတ်တံ တံ ဘဏာမ ဟေ။)

၃။ ကရဏီယာ မတ္တကုသလေန၊ (ကရဏီယာ မတ်ထကုသလေန၊)
.....ယန္တသနံ္တပဒံ အဘိသမေစ္စ။ (ယန်တ သန်တံ ပဒံ အဘိသမစ်စ။)
.....သက္ကော ဥဇူ စ သုဟုဇူ စ၊ (သက်ကော ဥဇူ စ သုဟုဇူ စ၊)
.....သုဝစော စဿ မုဒု အနတိမာနီ၊ (သု ၀စော စတ်သ မုဒု အနတိမာနီ။)
(အန-တိမာနီဟု မရွတ်ပါနှင့်၊ အနတိမာနီဟု တဆက်တည်း ရွတ်ပါ။)

၎။ သန္တုဿကော စ သုဘရော စ၊ (သန်တုတ်သကော စ သုဘရော စ၊)
.....အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။ (အပ်ပကိတ်စော စ သန်လဟုက၀ုတ်တိ)
.....သန္တိန္ဒြိယော စ နိပကော စ၊ (သန်တိန်ဒရိယော စ နိပကော စ)
.....အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။ (အပ်ပဂတ်ဘော ကုလေသွ န နုဂိတ်ဓော)
(အပ္ပ-ဂတ်ဘော ဟုမရွတ်ပါနှင့်၊ အပ်ပဂတ်ဘောဟု ရွတ်ပါ။)

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ (န စ ခုတ်ဒ မာစရေ ကိန်စိ)
.....ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ (ယေန ၀ိညူ ပရေ ဥပ-၀ဒေယုံ)
.....သုခိနောဝ ခေမိနော ဟောန္တု၊ (သုခိနောဝ ခေမိနော ဟွန်တု)
.....သဗ္ဗသတ္တာ ဘ၀န္တု သူခိသတ္တာ။ (သတ်ဗ သတ်တာ ဘ၀န်တု သုခိတတ်တာ)

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ (ယေ ကေစိ ပါဏဘူတတ်ထိ)
.....တသာ ၀ါ ထာဝရ၀ န၀သေသာ။ (တသာ ၀ါ ထာဝရာဝ န၀သေသာ)
.....ဒီဃာ ၀ါ ယေ၀ မဟန္တာ၊ (ဒီဃာ ၀ါ ယေ၀ မဟန်တာ)
.....မဇ္စျိမာ ရဿကာ အဏုကထူလာ။ (မစ်ဈိမာ ရတ်သကာ အဏုကထူလာ)

၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊ (ဒိတ်ထာ ၀ါ ယေ၀ အဒိတ်ထာ)
.....ယေ၀ ဒူရေ ၀သန္တိအ၀ိဒူရေ။ (ယေ၀ ဒူရေ ၀သန်တိ အ၀ိဒူရေ)
.....ဘူတာ၀ သမၻေ၀သီ၀၊ (ဘူတာ-၀ သမ္ဘေ၀သီ-၀)
.....သဗၺသတၱာ ဘ၀ႏၱဳ သုခိတတၱာ။ (သတ္ဗ-သတ္တာ ဘ၀န္တု သုခိတတ္တာ)

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ (န-ပရော ပရံ နိကုပ်ဗေထ)
.....နာတိမညေထ ကတ္ထစိ န ကဉ္စိ။ (နာတိမင်ညေထ ကတ်ထစိ န-ကင်စိ)
.....ဗျာရောသနာ ပဋ္ဋိဃသည၊ (ဗျာရောသနာ ပတိယ သင်ည)
.....နာညမညဿ ဒုက္ခ မိစ္ဆေယျ။ (နင်ညမင်ညတ်သ ဒုတ်ခ မိတ်ဆေယ)

၉။ မာတာ ယထာ နိယံပုတ္တ၊ (မာတာ ယထာ နိယံပုတ်တ)
.....မာယုသာ ဧကပုတ္တ မနုရက္ခေ။ (မာယုသာ အေက-ပုတ်တ မနုရတ်ခေ)
.....ဧ၀မ္ပိ သဗ္ဗဘူတေသု၊ (အေ၀မ်ပိ သတ်ဗဘူတေသု)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အ-ပရိမာဏံ)

၁၀။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ (မစ်တင်စ သတ်ဗလောက-သမိ)
.....မာနသံ ဘာဝယေ အပရိမာဏံ။ (မာနသံ ဘာဝယေ အပရိမာဏံ)
.....ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ (အုတ်ဓံ အဓော စ တိရိယင်စ)
.....အသမ္ဗာဓံ အဝေရ မသပတ္တံ။ (အ-သတ်ဗာဓံ အဝေရ မ-သပတ်တံ)

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊ (တိတ်ထံ စရံ နိသန်နော ၀)
.....သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ (သယာနော ယာဝတတ်သ ၀ိတ-မိတ်ဓော)
.....ဧတံ သတိံအဓိဋ္ဌေယျ၊ (အေတံ သတိန် အဓိတ်ထေယ)
.....ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု။ (ဗြန်မ မေတံ ၀ိဟာရ မိဓ မာဟု)

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ (ဒိတ်ထိန်စ အနုပက်ဂမ်မ)
.....သီလ၀ါ ဒဿနေန သမ္ပန္နော။ (သီလ၀ါ ဒတ်သနေန သမ်ပန်နော)
.....ကာမေသု ၀ိနယ ဂေဓံ၊ (ကာမေသု ၀ိနယ ဂေဓံ)
.....နဟိ ဇာတု ဂၢဗ ၻေသယ် ပုန ရေတိ။ (န-ဟိဇာတုတ် ဂတ်ဘ သေယ ပုန ရေတိ)
မေတ္တသုတ္တံ နိဋ္ဌိတံ။

Anonymous said...

Logically, the observer is overseeing the truth..(in this post..)

hnin said...

အခြေခံယုတ်တိဗေဒကို အလွဲ ဆိုတော့ အင်း.... မပန်... လွဲလွဲလေးပဲ ကောင်းပါတယ် မပန်။

MgThaJan said...

စားတယ် စားတယ် .... ဦးဏှောက် :P

မျှားပြာ said...

ကယ်တော်မူကြပါး))

Thet Htoo@Myat Lone said...

အဆို = မပန်၏ ပို့စ်သည် ဖတ်၍ ကောင်း၏။
အခြေ = ကွန်မန့်ရေးသူများ၏ ရေးသားမှုများသည်လည်း ဖတ်၍ကောင်း၏။ ထို့ကြောင့် ကျွန်တော့်ဆီလည်း လာလည်ရင်း လူဆိုးစာရင်း ပြုစုပေးပါဦး။
လေ့လာသူ = ဘာမှလည်း မဆိုင်ဘူး။

B))

Anonymous said...

o9zQiB Thanks to author.

Anonymous said...

Magnific!