ဖေဖေရေးခဲ့တဲ့ကဗျာပါ။
ခိုင်မာသော အဓိဋ္ဌာန်ဖြင့်
ကလောင်ကိုချိုး
မင်အိုးကိုမှောက်
ဖြတ်တောက်ငါ့လက်
သွေးစက်စက်ကျ
ပြုရက်ကြလည်း
ရင်မှအတွေး
ကဗျာတေးကို
ရင့်ကြွေးလျက်ပင် နေမည်တကား။
၁၉၆၆ က ကဗျာ တစ်ပုဒ်ပါ။
ဖေဖေ့အကြောင်းကိုတော့ ဒီပို့စ် မှာ ကောက်ကြောင်းလေး ခြစ်ခဲ့ဖူးတယ်။
Mushroom chicken creamy pasta
-
Photo credit GoogleChicken breast - 500 gm (Dice 1.5cm )Pasta - 300
gm Mushroom - 250 gm ( chop thin cut)Thicken cream - 300 mlCheese (grate) -
200 gmBlack...
4 days ago
14 comments:
အရမ်းကိုထိတဲ့ကဗျာလေးပါပဲ။ ကဗျာဆိုတာ လက်နဲ့ရေးတာမှမဟုတ်တာ။ ရင်နဲ့ခံစားပြီးမှ ရေးရတယ်ဆိုတာ တချို့တွေကမသိကြဘူး။
ဒေါ်လေးက အဖေ့သွေးပါလို့ ဒီလောက်စာရေးကောင်းတာ ။ နောက်ထပ်ရှိသေးရင် ဖတ်ခွင့်ရချင်သေးတယ် ကျေးဇူးးပါ ။
ဟုတ်တယ်။ အနုပညာငှက်ကိုတော့ လှောင်ချိုင့်ထဲ ထည့်ထားလို့ မရနိုင်ဘူး။
ပန့်ဖေဖေ ကဗျာလေးနဲ့.. မွေးနေ့ပို့စ်လေး ပြန်ဖတ်ပြီး.. ဘ၀ ဆိုတာ တကယ့်လွမ်းစရာကြီးပဲလို့..လွမ်းနေမိတယ်။
မွေးခံထိုက်သော သမီးတစ်ဦးမို့ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်။
ကောင်းလိုက်လေဗျာ။
မာန်ပါတဲ့ ကဗျာဟောင်း ကဗျာကောင်းလေးကို နှစ်သက်စွာနဲ့ ဖတ်သွားပါတယ်။ မျှဝေပေးတဲ့ အတွက် ကျေးဇူးအထူးပါ။
ဝင်းဇော်
Http://winzaw-mdy.blogspot.com
ပါးစပ်ကိုဟတ်
လျှာကိုဖြတ်မည်
ဘာတတ်နိုင်ပါအုန်းမည်နည်း။ (ဟီး)
ဖတ်လို့ကောင်းလိုက်တယ် ပြီးတော့မှန်လည်းမှန်တယ်
ခံစားချက်နဲ့ ရေးတဲ့ ကဗျာတွေတိုင်းမှာ သွေး ဆိုတာတွေ
အမြဲတွေ့ ရတယ်။ အဲဒိလိုမျိုး ကဗျာတွေ ဘယ်တော့ပြီး
ဆုံးမှာလဲ .......................................?
မပန်က.Stupid Questionsအတွက်အဖြေပေးလိုက်တာ
လား...ဒီလိုရှားပါးကောင်းမွန်တဲ့ကဗျာဟောင်းလေးကို
တင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ...
ခင်မင်လျက်....
သြော်.... ပန်ဒိုရာတို့က မျိုးနဲ့ ရိုးနဲ့ ကိုး။
မပန်က အဖေ့အမွေကို ရလိုက်တာပဲ။
မ က အဖေ့သွေး(အမည်သတ်မှတ်ချက်မဟုတ်သော)အပြည့်ပါတဲ့သူပေါ့။
30 Nov 2007 မှာ ကွန်မန့်ရေးသေးတယ်။ အဆင်မပြေလို့။
အဲဒီလိုရင်ထဲက ခံစားချက်မျိုး ကောင်းကောင်းကြီး ခံစားဖူးနေတယ်လေ။ ငယ်ငယ်တုန်းက ငါ့အဖေက ဘာ၊ သူ့အဖေက ဘာ ဆိုပြီး ကြွေးကြော်ကြတဲ့အချိန်မှာ ငါ့အဖေက သူရဲကောင်း လို့ ပြန်ပြောခဲ့ဖူးတဲ့ တကယ့်ကလေးလေးဘ၀ကို အချိန်အကြာကြီး ထိုင်တွေးဖြစ်သွားတယ်။
ချစ်တတ်တဲ့ မိသားစုကြားမှာ အချစ်ခံရတဲ့ မပန့်ဖေဖေကို အားကျမိပါတယ်။ ခုချိန်မှာ ဖေဖေ ဆိုတာ ရှိနေခဲ့ရင်.... ဆိုတဲ့ အတွေးမျိုးတွေကြားထဲမှာပဲ ငြိမ်းချမ်းသော မိသားစုဘ၀လေး အဆင်ပြေပြေ အသက်ရှည်ရှည် ကျန်းမာပျော်ရွှင်စွာ နေနိုင်ပါစေလို့ လှိုက်လှဲစွာနဲ့ ဆုတောင်းပေးပါတယ်။
အေးချမ်းသူ
Post a Comment