Saturday, November 29, 2008

သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့

ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။

အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။

ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။

ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။

ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။

အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။

သူများလက်ရာကို ခိုးသလိုမဖြစ်အောင်

၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။


ကိုယ့်လက်ရာကို အခိုးမခံရအောင်

၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။

ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။

ရှေ့ကစာတွေ ပြန်ဖတ်ရန်

မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)

မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)

Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )


ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။


ပန်ဒိုရာ





50 comments:

M.Y. said...

လို
အပ်
ပါ
သည်..

mabaydar said...

လောလောဆယ်မှာ ဘလော့တစ်ခုဖော်ထုတ်လိုက်ပြီး.. ဘယ်သူ့မှမပြောကြသေးတဲ့.. တကယ်ကို အရေးကြီးတဲ့ စာရိတ္တပိုင်းနဲ့လဲ သတိပြုသင့်တဲ့ ပိုစ့်ကိုရေးပြတဲ့အတွက်.. အရမ်းကို ကျေးဇူးတင်ပါတယ်.. ခုလိုသူများပြဿနာတွေပေါ်တော့မှ အင်တာနက်ကပုံတွေသုံးတာ သတိထားသင့်မှန်းသေချာသိတယ်.. မှတ်သားစရာပါပဲ.. မပန်ဒိုရာရဲ့ ကော်ပီရိုက်နဲ့ပတ်သတ်တဲ့ ပိုစ့်မှန်သမျှကို စိတ်ဝင်တစားဖတ်ရှုလေ့လာနေပါတယ်.. ရေးထားတဲ့ အကြောင်းအရာက ဘယ်သူ့ကိုမှမထိခိုက်ပါဘူး.. အပြောအဆိုလဲ ညက်ညောပါတယ်.. ဒီကိစ္စကို မြန်မာဘလော့ဂါတစ်ရပ်ဝန်းလုံး ဂရုပြုသင့်ပါပြီ..ဒီပိုစ့်အတွက် rating 5 ပေးခဲ့ပါတယ်..

Anonymous said...
This comment has been removed by the author.
Anonymous said...

မပန်ဒိုရာလို ပန်းချီလဲမဆွဲတတ်..ကိုယ်တိုင်ဖန်တီးဖို့ ဦးနှောက်လဲ...မရှိခဲ့ရင် ဘယ်လိုလုပ်ရမလဲ... ဒါနဲ့ ပန်ဒိုရာဆိုတဲ့နာမည်ကိုရောကိုယ်တိုင်ဖန်းတီးထားပါသလား..

Anonymous said...

သူများနိုင်ငံ တွေမှာ ဖန်းတီးမှု ဆိုလိုက်တာနဲ့ ကော်ပီရိုက် ရှိတယ်ဆိုတာ အလိုလို သဘောပေါက် ကြပြီးသားပဲ...
တို့ဗမာနိုင်ငံက လူတွေ ဒါလေးတောင်မှမသိဘူးလို့ ပြောခံရမယ့် အထင်မြင်သေးခံရမယ့်အရေးက လွတ်အောင် ကြိုတင် အသိပေးကြတာမျိုးတွေ လုပ်ကိုလုပ်သင့်ပါတယ် ကြိုဆိုပါတယ်
ဒါဟာ လူ့ကျင့်ဝတ် အခြေခံ ကျတဲ့ အချက်လဲ ဖြစ်ပါတယ်

မသိလို့ကျူးလွန်မိတာ နဲ့ အပစ်မရှိဘူးလို့ ရှောင်လွဲ တတ်ကြတဲ့ စရိုက် ကို အားပေး အားမြောက် မဖြစ်စေသင့်ပါဘူး..

သိကိုသိသင့်ပါတယ်..
မသိလို့လုပ်မိရင်လဲ အချိန်မီ ပြင်သင့်ပါတယ်
ကျေးဇူး...

လင်း said...

နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။

အသေအချာလိုအပ်တာပေါ့ မပန်ရေ။ ထောက်ပြ ရေးပေးတာ တကယ်ကိုကျေးဇူးတင်ပါတယ်။

Anonymous said...

Every one should rise up NOW!No need to shame on yourself.No matter how much you had been supported SMNDTL.
Don't just SHUT THE MOUTH!!!

Andy Myint said...

ဒီထက် နက်နဲ့တဲ့ (ရှုပ်တယ် မပြောချင်လို့) ကိစ္စလည်း ရှိသေးရဲ့ မပန်။ အင်တာနက် ပေါ်မှာ `အလကား´ ရတဲ့ ပုံကို ငါအရင် တင်ထားတာ သူနောက်မှ တင်တယ်လို့ သူတင်ထားတာကို ကျွန်တော် ညွှန်းမိလို့ ကျွန်တော့်ကို လာရှင်းတာမျိုးပေါ့။ သူများဆီက ကူးရင်တောင် အရင် ကူးတဲ့ သူက `ဆရာ´ နော့်။

မပန်တို့လို ဒီ Field မှာ ကျွမ်းကျင်တဲ့ သူတွေက ၀င်ပြောဖို့တော့ လိုပါတယ်။ လူမိုက် ငှားတယ် မထင်ပါနဲ့ ဟီးဟီး။

Anonymous said...

Anonymous ကွန်မန့် ကို စာရေးသူကိုစားဝင်ဖြေချင်လာမိသည်။ အကြံပေးရရင်တော့တကယ်ဖန်တီးဖို့ ဝါသနာပါရင်၊
သူများဖန်တီးတာတွေများများဖတ်စေချင်ပါသည်။ လေ့လာသင့်ပါသည်။ ပန်းချီတကယ် ၀ါသနာပါရင် ကိုယ်တိုင်စမ်းရေးကြည့် ဆွဲ ကြည့်နိုင်ပါသည်။ သင်ယူချင်စိတ်၊လေ့လာချင်စိတ်ဖန်တီးချင်စိတ်သာအဓိကဟုထင်ပါသည်။ လူ့ ဦးဏှောက်ဆိုတာမွေးတုန်းကဗလာပါ။

တစ်ခုပဲ အနုပညာဆိုတာကတော့ဗီဇနဲ့ ပါရမီ တစ်ခုပဲ။သင်ပေးလို့ မရတဲ့ပညာတစ်ရပ်ဟုထင်ပါသည်။

နာမည်ကတော့ ပညတ် သတ်သတ်ပါ။ ပန်ဒိုရာမဟုတ်ပဲ မကကြီး၊ မယ်ခခွေး ဆိုလဲ အရေးမကြီးပါ။ အဓိက က ကလောင်နာမယ်ထက် သူ ဖန်တီးလိုက်တဲ့ အနုပညကသာလျင်ပရမတ်ဖြစ်သည်ဟုထင်ကြောင်းပါ။
ဥပမာ အပေါ်က Anonymous ကို ကျွန်တော်Anonymous ကဒီမှ ပြန်ဆွေးနွေး သလိုပေါ့။

ပညတ်ဆိုတဲ့ Anonymous နာမည် ချင်းတူပေမယ့် ဖတ်တဲ့လူက မတူတဲ့ အမြင်နှစ်ခုကိုရသွားမယ်။ ဒါ ပရမတ်ပဲ။

မေငြိမ်း said...

ပြောရရင်တော့ stupidee ပြောတဲ့အတိုင်းပါပဲ..
ကိုယ်တိုင်ကလည်း ဖန်တီးသူဆိုရင်တော့.. ဖန်တီးမှုဆိုကတည်းက ကော်ပီရိုက်သဘောကို နားလည်ပြီးသားဖြစ်နေရမှာပါပဲ။ ရွှေပန်တို့လို ပုံမဆွဲတတ်တော့ အင်တာနက်က ပုံတွေကို ကူးသုံးရပါတယ်။ ဒါပေမဲ့ သူ့ link ကို credit အဖြစ် တပါတည်းထည့်ပေးပြီး သုံးတာပါ။ အဲဒါကို လုပ်ရမယ်လို့ သိထားပြီးသားဖြစ်ရမှာပါ။ ကိုယ်ပိုင် Blog ပေါ်က စာကို ကူးတာကတော့ ဆိုးတယ်လို့ ထင်ပါတယ်။ ခုသိသင့်တဲ့အချက်လေးတွေ ပြန်ဖတ်ရတော့ နှစ်ထပ်ရှိ မှတ်မိတာပေါ့..။

Anonymous ရေ.. ပန်ဒိုရာကို မေးတာပေမဲ့ မနေနိုင်လို့ ၀င်ပြောလိုက်ဦးမယ်။ ပန်းချီလဲမဆွဲတတ်..ကိုယ်တိုင်ဖန်တီးဖို့ ဦးနှောက်လဲ...မရှိခဲ့ရင် ဘယ်လိုလုပ်ရမလဲ...ဆိုတော့ ဘာမှမလုပ်ဘဲနေတာ အကောင်းဆုံးလေို့ ထင်ပါတယ်..။ :)

လင်းဒီပ said...

ဟုတ်ပါတယ်..ကိုယ့်ဟာလည်း မပါစေနဲ့..သူများဟာလည်း ကိုယ်ခြင်းစာစိတ်နဲ့ မခိုးကြပါနဲ့လို့..

အဲလိုကိစ္စတွေ မကြာခဏ တွေ့တွေ့နေရတာ အတော်စိတ်ပျက်စရာ ကောင်းပါတယ်..

Mirror said...

အတော်လေးကိုစိတ်ပျက်စရာ ကောင်းလောက်အောင်ကို
မြင်နေ၊တွေ့နေရပါတယ်..........။
အစ်မခုလို ချက်နဲ့လက်နဲ့ပြောပြလိုက်တော့လဲ
ပိုပြည့်စုံသွားတာပေါ့..အစ်မ..
တကယ်တော့ အခြေခံလူ့အသိစိတ်နဲ့ပဲ ဆိုရင်တောင်
ဒါဟာ မဖြစ်သင့်တဲ့အလုပ်ပါ...

s0wha1 said...

လေပါတယ် မပန်ရယ်။

ဆောင်းယွန်းလ said...

လိုက်နာမှတ်သားစရာများဖြစ်ပါသည်။ ကျေးဇူးပါမပန်ရေ...

ညိမ်းညို said...

အရီးပန်ရေ
ိုရိုှးရှင်းလွယ်ကူပီး လူတိုင်းအဆင်ပြေစွာကျင့်သုံးနိုင်မဲ့
အကြံပြုချက်များအတွက် ရှဲရှဲ :)

ဆရာကြီးတင်မိုး ရေးရေးပေးတတ်တဲ့ စာကြောင်းလေးတဲ့ဗျ
"ရိုးသားမှုသာ ချစ်စရာ"တဲ့ :) :)

Unknown said...

ခိုးလည်းခိုးသေး၊ စာဖတ်သူတွေကိုလည်း စော်ကားသေးတယ်။
သူ့ဘလော့လာတဲ့သူတွေကို သူ့ဘလော့ရဲ့ ခြေသုတ်ခုံတဲ့။
ကြီးကြီးမာစတာရဲ့ သွေးမို့ မိုက်ရိုင်းနေတာလား။ စိတ်မူမမှန်တာလားတော့မသိဘူး။

flickr က ဓာတ်ပုံပိုင်ရှင်ကတော့ အခုလိုရေးထားတယ်။
justine.foong says:
Mave - Thank you for bringing this to my attention. This is my photo, which I can prove is mine and I'm quite annoyed it has been used without my permission or knowledge. I have had a look at the site you gave me and it looks like this is not the only photograph that this person has taken from me. I have tried looking for an email address to request that my photos are removed but I have not been able to find one. Would you know how to get in touch with this person?

I believe my photographs are protected under British and EU law but I guess I will have to start marking my photos.

တခြားသူတွေ လက်ရှောင်ထားတဲ့ အကြောင်းအရာကို ပန်ဒိုရာချရေးလိုက်လို့ လေးစားပါတယ်။

Ghost said...

ဒီမိန်းကလေးက ခိုးလည်းခိုးသေး၊ စာဖတ်သူတွေကိုလည်း စော်ကားသေးတယ်။
သူ့ဘလော့လာတဲ့သူတွေကို သူ့ဘလော့ရဲ့ ခြေသုတ်ခုံတဲ့။
ကြီးကြီးမာစတာရဲ့ သွေးမို့ မိုက်ရိုင်းနေတာလား။ စိတ်မူမမှန်တာလားတော့မသိဘူး။

flickr က ဓာတ်ပုံပိုင်ရှင်ကတော့ အခုလိုရေးထားတယ်။
justine.foong says:
Mave - Thank you for bringing this to my attention. This is my photo, which I can prove is mine and I'm quite annoyed it has been used without my permission or knowledge. I have had a look at the site you gave me and it looks like this is not the only photograph that this person has taken from me. I have tried looking for an email address to request that my photos are removed but I have not been able to find one. Would you know how to get in touch with this person?

I believe my photographs are protected under British and EU law but I guess I will have to start marking my photos.

တခြားသူတွေ လက်ရှောင်ထားတဲ့ အကြောင်းအရာကို ချရေးလိုက်လို့ လေးစားပါတယ် ပန်ဒိုရာ။

Dr Phyo Wai Kyaw said...

ကျေးဇူးတင်ပါတယ် အစ်မခင်ဗျာ။

Anonymous said...

သူများ အနုပညာကို ခိုးချတာဟာ ဘယ်လို ယဉ်ကျေးမှူ စံနဲ့ မှ မညီပါဘူး ။ ရပ် ကြည့်နေတာ ကြာပါပြီ..။ မနေနိုင်လို့ ရေးသင့်တာရေးတာ..လေးစားပါတယ် ။

တန်ခူး said...

ပန်ရေ… တချို့ က ပြောမှသိ… ထိမှနာလေ… ဒီတော့… ပြောသင့်ပါတယ်…

ZT said...

Copyright ဆိုတာ အရေးကြီးပါတယ်။
တက္ကသိုလ်တွေမှာ Media နဲ့ ကျောင်းတက် နေတဲ့သူတွေ Flickr က ဓာတ်ပုံကို ကျောင်းက စာတမ်းအတွက် သုံးချင်ရင်တောင်မှ ဓာတ်ပုံပိုင်ရှင်ရဲ့ ခွင့်ပြုချက်ကို စာတမ်းနဲ့ အတူ တွဲထည့်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက် တွေရှိပါသေးတယ်။

မွန် said...

မပန်လို တာဝန်သိတဲ့ တခြားဘလော့ဂါတွေလဲ တစ်ခုခုပြောပေးရင်ကောင်းမယ်
အထူးသဖြင့် လူဖတ်များတဲ့ဘလော့တွေမှာရေးရင် အကျိုးရှိမှာနော်
နောက်ဘလော့လုပ်မယ့်သူတွေ အရုပ်ဆိုးတဲ့ အဖြစ်မျိုးမဖြစ်အောင် ဖန်တီးမှုတွေလှအောင်ပေါ့

ကိုအောင် said...

မှတ်သားစရာတွေ လာမှတ်သားသွားတယ် မပန်ရေ။

Moe Cho Thinn said...

တချို့က အကျင့်ပါနေတာလဲ ဖြစ်နိုင်တယ်။ :)

ကိုယ်ဖန်တီးတတ်ရင် ကိုယ်သူများကိုလဲ လေးစားတတ်ပါတယ် ပန်ပန်။

မီယာ said...

ဖတ်ပြီးမှတ်သားသွားပါတယ်မပန်။
ကျေးဇူးလည်းတင်ပါတယ်။

Anonymous said...

မပန် ..တကယ့်အမှန်တရားပါပဲ
ကျနော်ကတော့ သူ့ဆီမှာ သွားပီး ပုံမှန်ကော်မန့်ရေးနေကြသူတွေကိုပဲ အံ့သြမဆုံးနိုင်ဘူးဗျာ..
နှာစေးနေကြတာ။ အမှန်က သူတို့ကို ဟိုက တော်တော် စော်ကားသွားတာ။
ကိုယ်တိုင်မဖန်တီးနိုင်တဲ့ပုံအချို့ကို ကူးယူဖော်ပြပီး credit ပေးတာကထားပါတော့ ကိုယ်တိုင်ချက်ပါတယ်ဆိုတဲ့ အစားအသောက်တောင် ကူးယူဖော်ပြတယ်ဆိုတဲ့ အချက်ကတော့ အတော့်ကို မတ်ရိုင်းလွန်းလှတယ်။
ဒါကို သွားအားပေးနေကြ သူရဲ့ပရိတသတ်အခိုင်အမာကြီးတွေက ပြန်ပီး ဒီမိန်းမ ကို မဆော်ကြတာတော့ ကျနော် နားမလည်နိုင်ပါဘူးဗျာ..

အထူးသဖြင့် ကိုကြီးဂွီလို့ခေါ်တဲ့ replublic
မခင်ဦးမေ ..မောင်မျိုး
ကျနော့်တော့ သူတို့စိတ်ဓာတ်တွေကို အခုချိန်မှာ တကယ်အံ့သြမိပါရဲ့. သူတို့တွေက ဘာမှ မပြောဘူးဆိုတော့လဲ သူတို့ကိုယ်တိုင် ဒီလိုလှလှပပ စော်ကားသွားတာကို လုံးဝလိုလိုလားလားလက်ခံခဲ့ကြတာလို့ မြင်ပါတယ်။

အခုလို မပန်ရေးလိုက်တာ မြန်မာပြည်သူတွေ မိမိတို့စိတ်ဓာတ်ကိုပြုပြင်နိုင်ဖို့ သတိပေးလိုက်သလိုပါပဲ။လေးစားပါတယ်။
အခုဖြစ်ရပ်ဟာ နိုင်ငံတကာမှာ အရှက်ရစေတဲ့ အပြုအမူတခုပါပဲ..။

မြှောက်ပင့်ကော်ထိုးပီး သူ့ဆီမှာကော်မန့်တခါမှ မပေးတဲ့ မပန်က အခုလိုထောက်ပြဝေဖန်တာကို ချီးကျူးလေးစားမိပါတယ်။
သူ့ဆီမှာကော်မန့်သွားပေးတဲ့ နာမည်ကြီးဘလော့ဂါ အချို့ရဲ့ လုပ်ရပ်ကိုတော့ ဒီ မပန်ပို့စ်ကနေပဲ မှတ်တမ်းတင်လိုက်ပါတယ်။

သက်ဝေ said...

တကယ်ကို ရေးသင့်တဲ့၊ ရေးဖို့ လဲ လိုအပ်တဲ့ အကြောင်းအရာလေးပါ။ ပန်ပန်ရေးထားတာလဲ အရမ်းကောင်းပါတယ်...။

*** နောက်ဆုံးစာကြောင်းလေး ဖတ်ပြီး
ဘာလို့ မှန်းမသိ ရင်ထဲမှာ ၀မ်းနည်းသွားတယ်

အိမ်လွမ်းသူ said...

ဒီအဖြစ်မျိုး ကျမတို့ကိုယ်တိုင်လဲဖြစ်ခဲ့ဖူးပါတယ်..။ ဘလော့လုပ်တာလဲမကြာသေး၊ စာလဲသိပ်ပြီးလိုက်မဖတ်ဖြစ်တော့ မသိခဲ့ဘူး..။ အခုလို အသိပေး.၊ သတိပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ကိုလည်း ပန်ဒိုရာရဲ့ဘလော့ကို အမြဲဖတ်ဖြစ်အောင် လင့်ထားခွင့်ပြုစေချင်ပါတယ်ရှင်..။

ဟန်လင်းထွန်း said...

ပြောသင့်တာ တယ်။ မဟုတ်ရင် မလွယ်ဘူး

Anonymous said...

ဘာတွေ ဘယ်လို ဖြစ်လဲတော့ ပုံရိပ်မသိပါ။ မပန် ခုလို ပြောတာ ကောင်းပါတယ်။ မသိသေးတဲ့ လူတွေလဲ သိသွားတာပေါ့။ တခါမှား မိရင်လဲ ပြင်ချင်ပြင်နိုင် တာပေါ့။

လင်းလက်ကြယ်စင် said...

အပြုသဘောနှင့် သေချာရေးထားတာ သင့်လျော်ကောင်းမွန်ပါတယ် မပန်။ မူပိုင်ခွင့်တွေပြောမှ ကိုယ့်ဘလော့ခ်မှာ ပို့စ်တစ်ခုတိုင်းနဲ့ သင့်လျော်တဲ့ ကာတွန်းပုံလေးတွေကို Google ကနေ ရှာယူပြီး သုံးလေးရှိတာကို သတိပြုမိတယ်။ Professional ပုံတွေမဟုတ်ဘဲ ခပ်ရိုးရိုးပုံလေးတွေကို အသုံးပြုထားတာပါ။ အဲဒီအတွက် ပုံတိုင်းမှာ credit link မပေးခဲ့မိတဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပါတယ်။ ရေးခဲ့တဲ့ပို့စ်တွေကလည်း များပြီဆိုတော့ တပုံချင်းစီ လိုက်မရှာနိုင်တော့ Google တစ်ခုလုံးကိုပဲ Credit ပေးလိုက်ပါတော့တယ် :P ။ နောင်ပို့စ်များအတွက်တော့ သတိလေးထားရမှာပေါ့။ ကျေးဇူး မပန် :)

Anonymous said...

Ma Pandora,
I do really appreciate to you for this post. I also don't like that "people neglect copyright". Because everything/words/sentence/photos....come from the their own creation. So, we should give credit to the peolpe who create.
When we studied at NUS, for some papers,for some articles,found in internet (but no writer name & title or link),but.....we must state in our papers as "Source: Internet page". Should value the other people creation!!! Thats right!!!
In some place, I found Ma nineninesanay translation & Ko Maung Yin's painting, but I didn't see the credit. Shouldn't do!
Even if I feel sorry to see this,how will feel the person who he/she create this. Your this post is valuable.

Anonymous said...

ကျေးဇူး ဒေါ်လေးရေ့ နောက်ဆို သတိထားပါ့မယ် ။ ကျနော်က ဆိုဒ်တွေကတော့ ကူးမိတယ် နောက်ဆို ဘယ်ဆိုဒ်က ကူးတာပါဆိုတာ ဖော်ပြဖို့ လိုပြီဆိုတာ သိလိုက်ပြီး ရှဲရှဲး)

mg kyi poae said...

အထူးလေးစားပါတယ်မပန်ခင်ဗျာ။ ဒီလို စာတပုဒ်ရေးဖို့ ဘလော့လောကမှာ မလွယ်ဘူးလို့ထင်တယ်ဗျ။ ခုထိ မပန်နဲ့ ကမောင်ရင် နှစ်ယောက်ပဲတွေ့သေးတယ်။ သူ့စာထဲမှာပါတဲ့ ကြီးကြီးမာစတာဆိုတာကြောင့်လားတော့မသိဘူး။ ကျွန်တော် ဒီနေ့ စာတွေသေချာဖတ်ကြည့်တော့ သူပြဿနာဖြစ်တာ နှခိရှာ နှစ်ခါရှိသွားပြီ။ အရင်တခါတုန်းက သူ့ဘက်က ဘလော်ဂါတော်တော်များများ ထောက်ခံကွန်မန့်တွေပေးကြတယ်။ (ဟိုဘက်က အရေးရိုင်းတာကြောင့်လည်းဖြစ်မယ်) ခုတခါဖြစ်တော့ ဘယ်သူမှမပြောကြတော့ဘူး။ တချို့များ မသိသလိုတောင်လုပ်နေတယ်ဗျ။ ပညာတတ်ကြပါတယ်၊ အသိဥာဏ်မြင့်ကြပါတယ်လို့ပြောနိုင်တဲ့ ဘလော်ဂါလောကမှာ အမှန်တရားက မျက်နှာငယ်နေတာ တော်တော်ရုပ်ဆိုးလှပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ ဒီလိုတွေဖြစ်နေကြတာလို့ စဉ်းစားမိရင် မလွန်လောက်ပါဘူးနော်။ မပန်တို့လို အမှန်တရားကိုသာ အဓိကထားတဲ့သူတွေ များလာပါစေလို့ ဆန္ဒပြုမိပါတော့တယ်။

သက်ဝေ said...

C Box လေးမရှိတော့ ဟာတာတာ...
C Box လေး ဘယ်တော့ ပြန်တပ်မှာလဲ ပန်ပန်...

tututha said...

ပျင်းစရာကောင်းတယ်လို့ လုံးဝမထင်ဘူးညီမ။ ဒီလို လိုအပ်တဲ့စာမျိုးတွေရေးလို့ ကျေးဇူးတင်တယ်။

P.Ti said...

အများလက်ရှောင်နေတဲ့ အကြောင်းအရာကို သတ္တိရှိရှိရေးလိုက်တာပါပဲ။ အများသိစေအောင်ရေးလိုက်လို့လည်း ကျေးဇူးတင်ပါတယ်...

Anonymous said...

ခေတ်တွေပြောင်းကုန်ပြီနော် မပန်။
ဟိုးတုန်းကဆိုရင်.. ဒီစာလေးတွေရဲ့ ရေးသူအစစ်အမှန်ဟာ ကိုယ်ပါလို့ ပြောမိရင်တောင်၊ ကိုယ်တစ်ခါမျှ မသိသော နာမယ်ကြီး ဘလောဂါများဆိုသူတွေရဲ့ အုပ်စုလိုက် ၀ိုင်းဝန်းပြောဆိုရေးသားခြင်း ခံရဖူးတယ်..။ ပါစင်နယ်တိုက်ခိုက်တာတွေက အစ ပါလာတာပေါ့။ ကလေးတွေမဟုတ်ကြသူတွေတောင်ပါသေးတယ်။

ခုတော့လဲ ခေတ်တွေ ပြောင်းကုန်ပြီ။
ကောင်းပါတယ်။

မလေးလဲ အချို့ ပုံတွေ လင့်ခ်ပေးဖို့ကျန်တာတွေ သတိပိုပြုရမယ်။
ကျေးဇူးမပန်…

Anonymous said...

Rights တွေများတော့ တိတ်တိတ်လေး လာတာ တိတ်တခိုးRights နဲ့ညှိမှာစိုးလို့ လူသိရှင်ကြား ကွန်မန့် ပွတ်သွားတယ်၊ ပန်ဒိုရာစံ ရဲ့ အဆိုကို ရဲရဲကြီး ထောက်ခံပါတယ်။

လွတ်ငြိမ်းလေပြေ (breeze) said...

မပန်ကိုအားကျလို့ ကိုယ်ပိုင်ပုံလေးတွေ သုံးနိုင်အောင် ကြိုးစားနေပါတယ်

Anonymous said...

မှန်၏

HZM said...

ဆရာကြီး ကျွန်တော် ဘူတူဟာ မှ မခိုးဘူး...ဒါနဲ့ ဆရာကြီး ဆီ ပုံး ဘူတူ ခိုးတွားလဲ.. :D

Anonymous said...

"ဟုတ်ပါတယ်..မပန်.".


အရမ်းလွယ်ကူကူရနေလေတော့
သူကြွယ်တောင်သူခိုးဖြစ်ဆိုသလို...
ယူယူသုံးမိပါတယ်..(အဟီး..)


အိန္ဒြာ

MELODYMAUNG said...

ချစ်ပန်ရေ
ဒီရက်ပိုင်း အနော်လဲကွိုင်ပတ်သွားတယ်
သတိလေးတစ်ချက်ကလေးမှ တစ်ချက်ကလေးပဲ
အဲဒါအကွဲပဲ
ဒီပို့စ်လေးမသွားတယ်နော်
သိုင်းခရု

မှတ်ချက်တွေရေးသွားတဲ့သူတွေကိုလဲ ကျေးဇူးတင်တယ်
မှတ်ချက်တွေထဲမှာ အမှုမဲ့အမှတ်မဲ့ credit link မပေးခဲ့မိတဲ့အတွက် နောင်ပို့စ်များအတွက်တော့ သတိလေးထားမယ်ဆိုတဲ့ လင်းလက်ရော ဆိုဒ်တွေကတော့ ကူးမိတယ် နောက်ဆို ဘယ်ဆိုဒ်က ကူးတာပါဆိုတာ ဖော်ပြဖို့ လိုပြီဆိုတာသိသွားတဲ့မောင်မျိုးရယ် အချို့ ပုံတွေ လင့်ခ်ပေးဖို့ကျန်တာတွေ သတိပိုပြုမိသွားတဲ့ မလေး။
ဘယ်သူ့ဆီကမှန်းမမှတ်မိပဲ(သိမထားပဲ) ကိုယ်ကြိုက်တာလေးတွေ ဝေမျှဖို့ပဲ အာရုံစောလို့ အသေအကြေ ၀ိုင်းဆော်တာ ခံလိုက်ရတဲ့ ကိုယ့်ကိုယ်ကိုရော သတိအထပ်ထပ်ပေးမိပီ no one is perfect but we all in blogosphere should proven that we are rich in knowledge of IP even our country is not yet developed.

သစ်နက်ဆူး said...

ကောင်းတယ် ပန်ဒိုရေ....
အကျိုးရှိတယ်...။

Anonymous said...

ကျေးဇူးတင်တယ်အစ်မ ဒီပိုစ့်လေးတွေအတွက်
ရှေ့ကပိုစ့်လေးတွေလည်း ရေးတာ အထူးပဲကျေးဇူးတင်မိတယ်။ ကျွန်တော်လည်းပုံတွေ ယူတာသတိထားရတော့မယ် လှတယ်ဆိုကူးလိုက်ချင်တာလေ။ အစ်မလိုပဲ ကိုယ်တိုင်ဆွဲဖို့ လုပ်ရမယ်။ သိုင်းကျူးနော်း)

Moe Hlaing Nya said...

အစ်မရေ ရေးသင့်တယ်
အနုပညာမူပိုင်ခွင့်ကို နားလည်မှ
ယဉ်ကျေးမှုမြင့်မားလာမယ်လို့
ကျွန်တော်ယုံတယ်အစ်မ….
ဘလော့ကာတွေလည်း ကိုယ့်ဘလော့ဟာ
ကိုယ့်တန်ဖိုးဆိုတာ သေသေချာချာနားလည်ပြီး
သူများအနုပညာကိုလည်း တန်ဖိုးထားတတ်
ကိုယ်ပိုင်အနုပညာနဲ့လည်း ကိုယ်လူမျိုးတွေရဲ့
ယဉ်ကျေးမှုတန်ဖိုးတွေကိုလည်းမြင့်တင်နိုင်မယ်ဆိုရင်
အတိုင်းအထက်အလွန်ပေါ့အစ်မရာ ဒီလိုစာမျိုးလည်း
ရေးသင့်ပါတယ်… အားလုံးသတိထားမိတာပေါ့
ခက်တာက အန်နော့နီးမက်စ်တွေပါပဲဗျာ….

Nu Thwe said...

လာရောက်ဖတ်မှတ်သွားပါတယ်။ သေသေချာချာ ရှင်းပြထားလို့လည်း ကျေးဇူးတင်ပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အစ်မ ပန်ဒိုရာ... ဒီပို့စ်အတွက် အစ်မကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ Link တွေ ပြန်ပြောပြ ထားတာတကယ် တန်ဖိုးရှိပါတယ်။ ညီမရဲ့ ဘာသာပြန်ပို့စ်တစ်ခုကို သူများတင်ထားတာ တွေ့မိလို့ နာမည်လေးဖော်ပြပေးဖို့ Request လုပ်မိတုန်းက အဲဒီစာကို Forward Email က ရတာမို့လို့ဆိုပြီး ဒီနေ့ထက်ထိ ညီမနာမည်ကို ပို့စ်အောက်မှာ ဖော်ပြမပေးတာ ကြုံဖူးပါတယ်။ ကိုယ်တိုင်ဖန်တီးဖူးသူတိုင်း သူများရဲ့ဖန်တီးမှုကိုပါ တန်ဖိုးထားတတ်ကြမယ် ထင်ပါတယ်။ အစ်မပုံတွေကို ကိုယ်တိုင်ဆွဲတာ အရမ်းကို ကောင်းပါတယ်။ ညီမအဲဒီလို မဆွဲနိုင်ပေမယ့် ပုံတွေကိုယူသုံးမိရင် အတိအကျ မှတ်ချက်ရေးပြီး ပြန်ညွှန်းလေ့ရှိပါတယ်။ အစ်မပို့စ်ကို ဖတ်ရင်း အားလုံးနားလည်တတ်ကြ ကိုယ်ချင်းစာ တတ်ကြပါစေလို့ ဆုတောင်းမိပါတယ်။ အစ်မကိုလည်း ကျေးဇူးတင်ကြောင်း လေးလေးစားစား ထပ်ပြောချင်ပါတယ်။

MgThaJan said...

ကောင်း၏