Sunday, June 28, 2009

ငါတို့မမေ့ဘူး




မိုးလှိုင်ည ၏ ကဗျာ သို့

Friday, June 26, 2009

Black or White? We are the world!

Michael Jackson ရဲ့ အနုပညာတွေ ဖျော်ဖြေမှုတွေကို ငယ်ငယ်ကတည်းက အမြဲ နှစ်သက်ခဲ့ပါတယ်။ လူတွေမှာ အမှောင်ဘက်ခြမ်း အလင်းဘက်ခြမ်း ရှိမယ်။ အမည်းဘက်ခြမ်း အဖြူဘက်ခြမ်းရှိမယ်။ ချိုတဲ့ဘက် ခါးတဲ့ဘက် ရှိမယ်။ မိုက်ကယ်လ် ရဲ့ လင်းလက်တဲ့ အဖြူရောင်ဘက်ခြမ်းက ချိုမြတဲ့ အနုပညာနဲ့ လူသားဆန်မှုတွေဟာ အခုအချိန်အထိ လူတွေရဲ့နှလုံးသားကို လှုပ်ခတ်နေဆဲပါ။ သူ ကောင်းရာမွန်ရာ ရောက်ပါစေ။

We are the world.


အဲဒီသီချင်း သွင်းခဲ့ပုံကို embedded code ပေးမထားဘူး။ ဒီမှာကြည့်ပါ။
http://www.youtube.com/watch?v=J0IweJ0g39I



Black or White



Full version က embedded code ပေးမထားဘူး။ ဒီမှာကြည့်ပါ။

http://www.youtube.com/watch?v=YVoJ6OO6lR4


(မမျှော်လင့်ပဲ နေမကောင်းဖြစ်လို့ ပန်ဒိုရာတယောက် နားနေပါတယ်။ အင်တာနက် အီးမေးလ် ဂျီတော့ခ် သိပ်မ၀င်ဖြစ်ပါ။ကွန်ပြူတာကို ကြာကြာမကြည့်ပါ။ ပို့စ်အသစ်လည်း ရေးဖြစ်မှာ မဟုတ်သေးပါ။)

Saturday, June 20, 2009

မြို့ပြသူလေးနဲ့ တညနေ



မြို့ပြသူလေးနဲ့ တညနေ


မြို့ပြသူလေးရဲ့
စကပ်တိုတို ခြေလှမ်းတွေကြား
ညနေခင်းဟာ ပူစပ်ပူလောင် ဖြစ်နေသေးချိန်ပေါ့။

တဖြတ်ဖြတ်လူးနေတဲ့ ငါးတကောင်ကို
မဆံ့မပြဲ မျိုချပြီး
ထွက်ကျနေတဲ့ ငါးအမြီးကို
ဟန်မပျက် တက်နင်းထားတဲ့
ခပ်နပ်နပ် ခြင်္သေ့တကောင်ရဲ့ ရုပ်တုကို
အပျင်းပြေ လှမ်းငေးဖြစ်ကြတယ်။

Expand..

Friday, June 19, 2009

19 June 2009

Sunday, June 14, 2009

အသံမဲ့တေးတစ်ပုဒ်

အခုရက်မှာ ဘာမှမရေးချင်လို့ ဘာမှမရေးဖြစ်ဘူး။ တက်ဂ်ထားတာတွေကိုတော့ မကြာခင် ရေးဖြစ်အောင် ကြိုးစားပါ မယ်။ လောကအလှ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ၀တ္ထုလေးကို ပြန်တင်လိုက်ပါတယ်။ အဲဒါကလည်း ရေးပြီးတော့မှ ဒီလိုအကြောင်းအရာတွေ ရေးဖြစ်တာ များနေပြီလို့ ကိုယ့်ဘာသာ ပြန်မြင်ပြီး သိပ်စိတ်တိုင်းမကျသလိုဖြစ်သွားလို့ပါ။ ခံစားမှုသက်သက်ဖြစ်ဖြစ် တခုခုတော့ ပေးနိုင်မယ် ထင်ပါတယ်။ ဘလော့ဂ်ထဲမှာ နှေးကွေးလေးလံ ထုံထိုင်းနေတာတွေ ဂျွန်လကုန်လောက်မှာ အလုပ်တွေ နည်းနည်း အနည်ကျသွားလို့ စိတ်ကြည်လင်လာရင် ပြန်သွက်လက်လာမယ် မျှော်လင့်ပါတယ်။ သည်းခံလက်စနဲ့ ဆက်ပြီး သည်းခံကြပါဦး။

-------------------


အသံမဲ့တေးတစ်ပုဒ်



“ မျှော်သာမျှော် ပေါ်မလာသူရယ် စိမ်းကား.. မချစ်လို့မုန်းလို့ ပုန်းနေလား ... ကိုယ့်သီချင်းသံလေးများ ကြားရင်..”

ဟော.. ကြားရပြန်ပြီ။ မြန်မာသီချင်းသံ။ သေသေချာချာ နားစိုက်ထောင်တော့ အသံက တိုးလျသွားပြန်သလိုလို။ သူမရဲ့ အိပ်ရာနံဘေးက ပြတင်းပေါက်ကလေးကနေ ကြည့်လိုက်လျှင် အဲသည်တိုက်ခန်းရဲ့ ရေချိုးခန်း အထက်ဖက်က တရုတ်ကတ်မှန်လေးတွေကို တစွန်းတစ လှမ်းမြင်နေရလေသည်။

အပြင်ဖွဲ့စည်းပုံက အင်္ဂလိပ်အက္ခရာ အယ်လ် ပုံသဏ္ဍာန် ထောင့်ချိုးနေသဖြင့် သူမအိပ်ခန်းက ကြည့်လျှင် နောက်တစ်ထပ် အမြင့်မှာ တည်ရှိနေတဲ့ အဲသည်တိုက်ခန်းလေးရဲ့ အပြင်နံရံဖြူဖြူကို လှမ်းမြင်နေရသည်။ လူသူတိတ်ဆိတ်လို့ သူမ တစ်ယောက်တည်း အာရုံစူးစိုက် စာဖတ်နေချိန်တွေမှာ ရေချိုးခန်းထဲက သီချင်းဆိုသံ ချိုသြသြက လွင့်ပျံလာတတ်သည်။

စကြားခါစတော့ မြန်မာသံ ပီပီသသ ကြားလိုက်တာမို့ အံ့သြ စပ်စုစွာ နားစွင့်လိုက်တာလောက်ပဲ ဖြစ်သည်။ နောက်တော့ သူဆိုတဲ့ သီချင်းတွေက ရယ်စရာ ကောင်းတဲ့အခါကောင်း ခံစားချက် အပြည့်နဲ့ အတည်ပေါက် ဖြစ်လိုဖြစ်မို့ သဘောကျစွာ ဒီအချိန်ရောက်တိုင်း သတိထား နားထောင်မိတာ ကြာခဲ့ပြီ။

တခါတလေတော့ သူက ခေတ်ပေါ် ဟစ်ပ်ဟော့ပ် သီချင်းတွေကို ပါးစပ်ဆိုင်းပါ တီးကာ ခပ်မြူးမြူး ဆိုတတ်သည်။ တခါတလေကျတော့လည်း ခေတ်ဟောင်းသီချင်းတွေ စန္ဒယားချစ်ဆွေတို့ ကိုစောညိမ်းသီချင်းတို့ တွံတေးသိန်းတန်ပါမကျန် အသံနေ အသံထားဖြင့် အကျအန ဆိုချင်ဆိုနေပြန်သည်။

သူမ နှစ်သက်တတ်တဲ့ စိုင်းထီးဆိုင်တို့ ခင်မောင်တိုးတို့ သီချင်းတွေကို စိတ်ပါလက်ပါ ဆိုနေတဲ့ နေ့မျိုးမှာတော့ ဖတ်လက်စ စာအုပ်ကိုပင် ဘေးချကာ နားစွင့်မိသေးသည်။ တနေ့တနေ့ သူ့ခံစားချက် ပြောင်းလာတိုင်း သီချင်းက ပြောင်းနေတာ ဖြစ်နိုင်သည်။ သေချာတာကတော့ အခုလိုအိမ်နဲ့ဝေးတဲ့ တိုင်းတပါးက မြို့ပြနိုင်ငံ သေးသေးလေးမှာ တင်းကျပ်လာတဲ့ စိတ်တွေကို ခေတ်မျိုးစုံက သီချင်းတွေနဲ့ ရေမှုန်ရေမွှားတွေအောက်မှာ လျှော်ဖွပ်ဆေးကြောတတ်တဲ့ သူဟာ သိပ်ကို ငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက်တော့ မဖြစ်နိုင်။ အနည်းဆုံးတော့ အသက် ၃၀ ၀န်းကျင် လူရွယ်တစ်ယောက် ဖြစ်ရမည်။ ဒါဆိုလျှင်တော့ သူမနဲ့ မတိမ်းမယိမ်းပေါ့။

တကယ်တော့ သူမ ဘ၀ထဲမှာ တစိမ်းယောင်္ကျားလေး တစ်ယောက် ဆိုတာကို မစားအပ်တဲ့ သစ်သီးတစ်လုံးလို ထိတ်လန့်တကြား ဝေးဝေးက ရှောင်ခွာနေခဲ့တာ ကျင့်သားရနေခဲ့ပြီပဲ။ ကံအားလျော်စွာ နိုင်ငံရပ်ခြားမှာ ဘွဲ့လွန်ဆက်တက်ဖို့ ကျောင်းဝင်ခွင့်ရတော့ အရင်ကတည်းကချခဲ့တဲ့ ဆုံးဖြတ်ချက်တွေက ပိုခိုင်မာလာခဲ့သည်။

ငါ့မှာအချိန်တွေမရှိဘူး…။ ငါ့ဘ၀ဟာ ငါ့မိသားစုအတွက်…။ ငါ့မှာ လုပ်စရာတွေ အများကြီးရှိသေးတယ်…။ ဒါက သူမရဲ့ လက်သုံးစကားတွေ။

Expand..

Tuesday, June 9, 2009

အာဏာရှင်တစ်ဦးကို ထပ်မံ နားလည်ကြည့်ခြင်း

၂၀၀၈ နှစ်ဆန်းပိုင်း က ရေးခဲ့တဲ့ ပို့စ်အဟောင်းတစ်ခုကို ပြန်တင်လိုက်ပါတယ်။
-----------------------------------

အာဏာရှင်တစ်ဦးကို နားလည်ကြည့်ခြင်း နှင့် နောက်ဆက်တွဲများ


ကိုမောင်ရင်က ညွှန်းလို့ စကော့တလန်ရဲ့ နောက်ဆုံးဘုရင် (The Last King of Scotland) ဆိုတဲ့ ဒီဗွီဒီတစ်ခွေကို ကြည့်ဖြစ်ပါတယ်။ ၂၀၀၆ ကမှ ထွက်တဲ့ ရုပ်ရှင်ပါ။



ဒီကားကတော့ နယ်လဆင် မန်ဒဲလား ပြီးရင် နာမည်အကြီးဆုံး အာဖရိကန် လို့ ပြောကြတဲ့ ၁၉၇၀နှစ်များက ယူဂန်ဒါ နိုင်ငံရဲ့ စစ်အာဏာရှင် အီဒီ အာမင် (Idi Amin) အကြောင်း ဖြစ်ပါတယ်။ နာမည်ကြီးပုံ ကြီးနည်းကတော့ စိတ်ဝင်စားစရာပါ။ အာမင် အဖြစ် Forest Whitaker က သရုပ်ဆောင်ထားပြီး နဲ့ သူ့ရဲ့ အနီးကပ်ဆရာဝန် စကော့လူမျိုး ဒေါက်တာ နီကိုးလပ်စ် ဂါရီဂန် အဖြစ် James McAvoy က သရုပ်ဆောင်ထားပါတယ်။ Forest Whitaker ဟာ ဒီကားမှာ အော်စကာဆု ရခဲ့ပါတယ်။

Expand..

Friday, June 5, 2009

ရှယ်လီကို တူးဖော်ခြင်း

ပို့စ်အဟောင်းလေး တခုကို တူးဖော်ချင်စိတ် ပေါ်လာလို့ ပြန်တင်လိုက်ပါတယ်။ ၂၀၀၇ အောက်တိုဘာက ရေးခဲ့တာပါ။


ကဗျာရေးတဲ့လက် -၂

ပီ. ဘီ. ရှယ်လီ (Percy Bysshe Shelley 1792-1822) လို့ဆိုလိုက်ရင် စိတ်ကူးယဉ်ဆန်တဲ့ အင်္ဂလိပ်လူမျိုး ကဗျာဆရာ တစ်ယောက်မှန်း သိကြပါလိမ့်မယ်။ Ozymandias, Ode to the West Wind, To a Skylark ကဗျာတွေဟာ သူရေးခဲ့တဲ့အထဲက နာမည်အကြီးဆုံးလို့ ဆိုနိုင်မယ် ထင်ပါတယ်။

ငယ်စဉ်ဘ၀မှာ မိန်းကလေးဆန်ဆန်တောင် နူးညံ့ ပျော့ပျောင်းသူလို့ အများက သိခဲ့ကြတဲ့ ရှယ်လီဟာ အဖေကိုယ်တိုင်က လွှတ်တော်အမတ်ဖြစ်ပေမယ့် သူဖြတ်သန်းခဲ့ရတဲ့ ခေတ်စနစ်ကို ပြည်သူနေရာက ထဲထဲဝင်ဝင် ခံစားပြီး သူ့ကဗျာတွေမှာ ပြင်းပြင်းထန်ထန် ထင်ဟပ်စေခဲ့သူပါ။ ၁၈၁၉ ခုနှစ်က အင်္ဂလန် လို့ အမည်ရတဲ့ ဆွန်းနက် (sonnet) အမျိုးအစား ကဗျာတစ်ပုဒ်ကို ခံစားကြည့်မိပါတယ်။ မူရင်းကတော့ဒီလိုပါ။

Expand..

Thursday, June 4, 2009

ကျွန်တော်တို့လူမျိုး

စိတ်ပင်လယ် စာတန်း ထဲက အက်ဆေးတစ်ပုဒ် တင်လိုက်ပါတယ်။ ရှေ့မှာလည်း ပြောခဲ့တဲ့အတိုင်း ပိုင်ဆိုင်သူထံက ခွင့်ပြုချက် ရယူတာမျိုး မလုပ်နိုင်ခဲ့ပါ။ (ကိုယ်သိသလောက်) ဒီစာအုပ်က ရှားပါးပြီး နောက်တကြိမ် ပြန်ထုတ်ဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့အတွက် ပျောက်ပျက်မသွားအောင်နဲ့ မြန်မာစာပေ မြတ်နိုးသူတွေ ဖတ်ရှုလို့ရအောင် အက်ဆေး တချို့ကို ဒီဘလော့ဂ်မှာ အခါအားလျော်စွာ တင်ပေးဖို့ ဆုံးဖြတ်ထားတာပါ။ မူပိုင်ခွင့် ပိုင်ဆိုင်သူက ကန့်ကွက်လာရင် အချိန်မရွေး ပြန်ဖြုတ်ပေးပါမယ်။ နောက်ထပ် အခြားနေရာမှာ ကူးယူဖော်ပြဖို့ ခွင့်ပြုနိုင်ခွင့်တော့ ပန်ဒိုရာမှာ မရှိပါ။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့အတိုင်း ဆရာမောင်ကိုယုရဲ့ အထ္ထုပတ္တိ အကျဉ်းလေးပါ ရေးပေးလိုက်တယ်။ စာလုံးပေါင်းတွေကတော့ မူရင်းအတိုင်းပါ။

မောင်ကိုယု

ပဲခူးဇာတိဖြစ်သည်။ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ စာပေသစ်၊ ငွေတာရီ၊ မြ၀တီ မဂ္ဂဇင်းများတွင် ၁၉၅၁ ခုနှစ်ခန့်က စ၍ ၀တ္ထုတိုများ၊ ဆောင်းပါးများ ရေးခဲ့သည်။ ယခုဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ဥပဒေဌာနတွင် အမှုထမ်းရင်း စာများ ပြန်လည်ရေးသားနေသည်။




ကျွန်တော်တို့လူမျိုး

နံနက်လင်း၍ အလုပ်စခန်းသို့ သွားရန် ကျွန်တော်အိမ်မှ ထွက်လာတိုင်း စိတ်ဒုက္ခရောက်ရ၏။ ကားမှတ်တိုင်တွင် ကိုယ့်လို ခရီးသွားဒုက္ခသည်များ အကြား၌ ကိုရွှေဘတ်စ်ကားကို စောင့်မျှော်ရသော ဒုက္ခမှာ နေ့စဉ်ရက်ဆက် ဆုံဆည်းရသော ဒုက္ခမျိုးဖြစ်သည်။ ကားမလာနိုင်သဖြင့် ခြေစုံရပ်၍ ခြေသလုံးတွေ တောင့်အောင် စောင့်ရ၏။ ပထမသော် မည်မျှပင် ညောင်းသော်လည်း သိက္ခာပျက်မည်ကို စိုးမိ၍ ဟန်နှင့်ပန်နှင့် ဘယ်ခြေမှသည် ညာခြေသို့ အလှည့်ကျ အမှီပြုရင်း ရပ်နေသေးသည်။ ကြာသော် ဇာတိမာန် ကျဆင်းလာကာ ဟန်မဆောင်နိုင်တော့ချေ။ အရပ်လေးမျက်နှာသို့ အရှက်ပြေကြည့်ရင်း ဆောင့်ကြောင့်ထိုင်လိုက်ရ၏။


Expand..